Linn Yin
ပြဿနာအစုံအလင်းနဲ့အဖြေပေါင်းစုံကို
တစ်ယောက်တည်းကြိတ်ပြီးဖြေရှင်းခဲ့ရတဲ့ညတွေများခဲ့တယ်မဟုတ်လား
ဆိုးဝါးလှတဲ့အိပ်မက်တွေနဲ့အတူနိုးထလာရတဲ့မနက်ခင်းတွေကနှစ်နဲ့ချီခဲ့တယ်မဟုတ်လား
ဒီနေငါဘယ်လိုရင်ဆိုင်ပြီးဘယ်လောက်ထိခေါင်းငုံခံပေးရအုံးမလဲဆိုတဲ့ကြောက်စိတ်တွေ
ကြောင့်ဦးခေါင်းတစ်ခုလုံးထုံထိုင်းခဲ့ရတယ်မဟုတ်လား
မိုးလင်းလို့စိုထိုင်းထိုင်းဖြစ်နေတဲ့ခေါင်းအုံးပေါ်ကမျက်ရည်ပူတွေကိုနေ့ရက်များစွားစမ်းကြည့်ခဲ့ဖူးတယ်မဟုတ်လား
ကိုယ့်ထက်အဆင်မပြေတဲ့သူတွေရှိသေးတာကိုသိသိကြီးနဲ့ငါ့ကျမှဒီလိုတွေဖြစ်နေတာလားဆိုတဲ့ဝမ်းနည်းခံပြင်းစိတ်တွေဝင်ခဲ့မိတယ်မဟုတ်လား
အသက်ရှင်ရတာအဓိပ္ပါယ်မဲ့နေသလိုလူပိုကြီးတစ်ယောက်လိုခံစားခဲ့ရတယ်မဟုတ်လား
ကောင်းတာလုပ်ရင်ကောင်းတာရတာ၊ ကောင်းတာဖြစ်တာမဟုတ်ဘူးဆိုတဲ့"မိစ္ဆာဒိဠိ"အတွေးတွေကိုကျွန်တော်တို့အနည်းနဲ့အများတော့ဝင်ခဲ့မိကြမှာပဲမဟုတ်လား
တကယ်တမ်းတော့ကျွန်တော်တို့ဟာလူအများမထားနိုင်တဲ့စာနာနားလည်မှုနဲ့ဘဝကိုရင်ဆိုင်နေကြတာပါ
တစ်ခြားသောသူတို့ရဲ့အပူကိုလည်းကိုယ်တတ်နိုင်တဲ့ဘက်ကကူညီဖြေရှင်းပေးခဲ့ကြဖူးမှာပါ
ကျွန်တော်တို့တတ်နိုင်သလောက်တော့စိတ်ကိုအကင်းအရှင်းထားပြီးခွင့်လွှတ်ပေးကြတာပေါ့
တိတ်ဆိတ်နှုတ်ပိတ်ခြင်းနှင့်အတူအငြင်းပွားမှုတွေကိုလျှော့ချပေးလိုက်ကြတာပေါ့
ဖတ်ဖူးတဲ့စာစုလေးထဲကလို
"ဦးနှောက်ပါတာချင်းတူပေမဲ့ အတွေးအခေါ်
ချင်းမတူဘူး
မျက်လုံးပါတာချင်းတူပေမဲ့ အမြင်ချင်းမတူဘူး
နားပါတာချင်းတူပေမဲ့ ကြားတာခြင်းမတူဘူး
ပါးစပ်ပါတာခြင်းတူပေမဲ့ အပြောအဆိုချင်းမတူဘူး"တဲ့
သူဟာကိုယ့်ကိုယ်မတန်သလိုဆက်ဆံလာတဲ့အခါမျိုးမှာ
အော် ငါဟာသူစိတ်ဓာတ်နဲ့မတူလို့ပါလေဆိုပြီးအကောင်းမြင်စိတ်နဲ့ရှုပေးလိုက်ကြတာပေါ့။
လင်းယဥ်
၆.၁.၂၀၂၅
Keep Reading