Author's Profile Photo

မောရိသျှ

6/01/2025

စာစောင်တစ် - ထိန်းချုပ်ကိုင်တွယ်ခြင်း

7 mins read
Education
General Knowledge
စာစောင်တစ် - ထိန်းချုပ်ကိုင်တွယ်ခြင်း's photo

ထိန်းချုပ်လို့ရနိုင်တာတွေအပေါ်မှာပဲ အာရုံစူးစိုက်ထားဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ဘယ်သူမဆို ဘဝနဲ့ပတ်သက်လာရင် ခက်ခဲတယ် ကြမ်းတမ်းတယ် စသဖြင့် ညည်းကြပြီး တိုက်ပွဲကြီးလို ဇာတ်ပွဲကြီးလို တင်စားပြောတတ်ကြပါတယ်၊အဲဒီလို​ ညည်းညူတင်​စားပြောနေလို့လည်း ဘဝတခုအတွက် ရုန်းကန်ဖို့ရာ အကြောင်းအရင်းခံလေးတွေရှိသွားကြတာပါ။ ဒါပေမဲ့ ဘဝကို ဘယ်လောက်ပဲ တင်စားပြီး ညည်းညူပါစေ ချီးကျူးပါစေ ဘဝကြောင့် ရလာမယ့် အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေက အင်မတန် ရှုပ်ထွေးပြီး ညစ်ညူးစရာတွေနဲ့ ရောနေတတ်ပါတယ်။

ကျော်ဖြတ်ခဲ့ပြီးတဲ့​နေ့စဉ်ဘဝတိုင်းကိုပြန်အောက်မေ့ပြီးသုံးသပ်ကြည့်ပါ၊အကျိုးရှိတာတွေ ဖြစ်ခဲ့တာထက် အကျိုးမဲ့ဖြစ်ရပ်တွေကသာ ကိုယ့်အပေါ် အများကြီး သက်ရောက်ခဲ့တာကို မြင်နိုင်ပါလိမ့်မယ်။ အဲတော့ ဘဝဆိုတာက ဘာလဲ။ အကျိုးမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ​ အများကြီးကို​ ရင်ဆိုင်ပြီးအဓိပ္ပါယ်ရှိအောင် ပြု​ပြင်စီရင်ရတဲ့ အလုပ်ကြီးလား။

ဒီနေ့ မနက်တင် Bitcoin နဲ့ ဆိုင်တဲ့ Post လေးတခု တွေ့မိလိုက်သေးတယ်၊ အဲဒီ Post လေးကို ဘာရယ်မဟုတ်ဘဲ ဖတ်မိရင်းကဆက်စပ်နေတဲ့Linkတွေ တစ်ခုပြီးတစ်ခုဝင်ကြည့်မိတာ နာရီဝက်ကျော် အချိန်​ကုန်မှန်းမသိ ကုန်သွားတယ်။ အစကတော့ Bitcoin အ ကြောင်းသက်သက်ပဲ၊ဟိုဖတ်​ ဒီဖတ်နဲ့​ ပိုက်ဆံသ​မိုင်း​ကစလို့ငွေကြေးစီမံခန့်ခွဲမှုပညာစသဖြင့် Wikipedia စာမျက်နှာတွေထဲ ရောက်သွားသေးတယ်။

ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမျိုး အကျိုးမဲ့လုပ်မိလို့ လုပ်မိမှန်းမသိ အူတူတူဖြစ်သွားတယ်။ ကျွန်တော့်လို လူတိုင်းဖြစ်ကြမှာပါ။ မရည်ရွယ်ပါဘဲ ဗီဒီယိုတပုဒ် ကြည့်မိလိုက်ရင်းကနေ သိချင်တာလေးရှိလို့ Google ခေါက်ရင်း Websiteတွေ စုံသွားတာမျိုး၊ ကိုယ့်အ တွက်​ တကယ်လည်း​ အကျိုးရှိမှာ​ မဟုတ်တဲ့ အ​ကြောင်း​အရာတွေတမျိုးပြီးတမျိုး လိုက်ဖတ်ရင်း အ​ချိန်ဖြုန်းသလို ဖြစ်သွားတာမျိုးတွေက အတော်ဆိုးပါတယ်။

တပဓမ္မအဆုံးအမအချို့ကိုလေ့လာဖြစ်ပြီးကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တတ်ဖြစ်တော့မှပဲတန်ဖိုးရှိတဲ့ ဘဝသင်္ခန်းစာတွေကို အောက်မေ့နိုင်တော့တယ်။

ဖိဆီးမှုတွေ လွှမ်းမိုးမှုတွေနဲ့ လောင်းရိပ်အမျိုးမျိုးကြောင့် ပင်ပန်းဆင်းရဲဖို့ အင်မတန်ကောင်းတဲ့ ဘဝကြီးကို တနေ့နဲ့တနေ့ ရှင်သန်နိုင်အောင် ရုန်းကန်နေရတာ မလွယ်ပါဘူး။ ဒါကြောင့်တခါတလေ စိတ်ထွက်ပေါက် အနေနဲ့အချိန်ဖြုန်းလိုက်တာကကိုယ့်အတွက် အကျိုးမဖြစ်တောင်မှ ဆိုးကျိုးမများလောက်ဘူးလို့ ထင်ရပါတယ်။

နီးစပ်တဲ့ နယ်ပယ်က အကြောင်းအရာတွေဖြစ်ဖြစ် ကိုယ်နဲ့ လားလားမှ​ မဆိုင်တဲ့နယ်ပယ်က အကြောင်းအ​ရာတွေပဲဖြစ်ဖြစ် လောကကြီးရဲ့ နယ်ပယ်စုံက အ​ကြောင်းအရာတွေကို သိထားတာ ကောင်းပါတယ်။ ဗဟုသုတများတာ အကျိုးမမဲ့ပါဘူး၊ ဒါပေမဲ့ သိတိုင်းလည်း အသုံးချလို့ ရတာမှ မဟုတ်ဘဲ။ ကိုယ့်အနေနဲ့ အသုံးချလို့လည်းမရ ကိုယ့်အတွက် အကျိုးလည်း မဖြစ်တဲ့ အကြောင်းအရာကို သိထားတော့ရော ဘာထူးမှာလဲ။

ဒါကြောင့် တခါတလေသာ လုပ်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ အချိန်ဖြုန်းလိုက်တဲ့ စိတ်ထွက်ပေါက်တွေဆိုတာက အရသာမရှိတော့တဲ့ ပီကေဝါးနေသလိုပါပဲပါးညောင်းတာပဲ အဖတ်တင်တာကြောင့် အကျိုးမဲ့ အချည်းနှီး အလုပ်တွေ​ မလုပ်ဖြစ်အောင်ကိုယ့်စိတ်ကိုပြန်ထိန်း​ကျောင်းနိုင်မယ်ဆိုရင် အကျိုးပိုရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သတင်းတပုဒ် ဖတ်မိတယ်ဆိုပါစို့၊ သေချာသလောက် ဘယ်သတင်းကမှ ကောင်းတယ်ရယ်လို့ မရှိပါဘူး၊ သတင်းကောင်းထက် သတင်းဆိုးတွေကိုပဲ များသောအားဖြင့် ဖတ်မိကြမှာပါ။

အကြည်ဓာတ်ယူသင့်တဲ့ မနက်ခင်းကို သတင်းဆိုးတွေဖတ်ပြီး စိတ်ညစ်ညူးမှု ယူမယ့်အစားစိတ်အေး​ချမ်းစေနိုင်လောက်မယ့် သံစဉ်လေးနဲ့ လေ့ကျင့်ခန်း လုပ်လိုက်တာက ပိုအကျိုးဖြစ်ပါလိမ့်မယ်။

အချစ်ဟောင်း Exs တွေရဲ့ Profile တွေထဲ လျှောက်သွားပြီး သူတို့ဘာလုပ်နေလောက်မလဲ စပ်စုတာမျိုး၊ စိတ်လည်းမပါဘဲနဲ့ Netflix Showတွေ တစ်ခုပြီးတစ်ခု ကြည့်မိကြည့်ရာ ကြည့်နေမိလိုက်တာမျိုး၊အချိန်​ကုန်သွားရင် ပြီးတာပဲ စိတ်နဲ့ Social Media Post တွေ တခုပြီးတခု ပွတ်နေတာမျိုးတွေက လုံးဝ အကျိုးမဖြစ်တာကို လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့လည်း သိနေလျက်နဲ့ ကိုယ့်စိတ်ကို မထိန်းဘဲ ပြီးပြီးရော စိတ်မွေးမြူမိတတ်ပါတယ်။

စိတ်ပျော့ညံ့သူ မဖြစ်ပါစေနဲ့။ စိတ်ကို ထိန်းကျောင်းနိုင်သူသာဖြစ်ပါစေ။ ထိန်းချုပ်ဖို့ မလွယ်တဲ့ စိတ်ကို အတင်းအကျပ် ချုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်​စက်ဖို့ပြောနေတာ မဟုတ်ပါဘူး။ကိုယ့်စိတ်ကို ကိုယ်​တိုင်ချမှတ်တဲ့စည်းကမ်းနဲ့အတူ စနစ်တကျလေး ဖြစ်သွားအောင် ကျောင်းလမ်းတတ်ဖို့ ပြောနေတာပါ။

ကိုယ်မသိတဲ့သူတယောက် ပြောထားတဲ့ သွားပုပ်လေလွှင့်စကားတွေကို လိုက်ဖတ်ပြီး ကိုယ်နဲ့တောင် မသိတဲ့သူအပေါ် မုန်းနေတာမျိုး အမြင်ကတ်တာမျိုး ဖြစ်နေရင် ကိုယ့်အခြေအနေက အဓိပ္ပါယ် မရှိတာထက်ကို အလွန်ဆိုးနေပါပြီ။ Social Media က ညစ်ညူးမှုတွေကို မယူပါနဲ့။ Social Media ကို ကိုယ့်စိတ်​ထွက်ပေါက်တစ်ခုအနေနဲ့ အကြည်ဓာတ်တွေ အပျော်လေးတွေ ရဖို့သာ သုံးပါ။ ကိုယ့်ရဲ့ Newsfeed မှာ အပူသည်တွေ၊ အပုပ်သည်တွေ၊ သတင်းဆိုးတွေ များနေတယ်ဆိုရင် Unfollow လုပ်သင့်တာ လုပ်လိုက်ပါ၊ Block တန်သည် Block ပြီး၊ Not Interested လုပ်သင့်ရင် တခါတည်း လုပ်လိုက်ပါ။

စိတ်ရဲ့ လှုပ်ရှားမှုက အလွန်မြန်ဆန်ပါတယ်။ ထင်မထားလောက်တဲ့ နှုန်းနဲ့လှုပ်ရှားနေတာဖြစ်တဲ့အတွက် ထင်မထားတဲ့အချိန်အတွင်းဒေါသထွက်သွားဖို့မခက်​ခဲသလို၊ ညစ်ညူးစရာ​ အကြောင်းအရာတခုခုရဲ့ စေ့​ဆော်​မှုကြောင့် စိတ်ဆင်းရဲသွားဖို့ရာ အချိန်အများကြီး ယူမနေပါဘူး။ သတင်းဆိုးတစ်ခုကြောင့် ချက် ချင်း ဆိုသလို စိတ်ဆင်းရဲသွားနိုင်ပါတယ်။ နဂိုပင်ကိုစိတ်က ပျော်နေရင်တောင်ဘာမဟုတ်တဲ့ Comment လေးတခုကြောင့် ချက်ချင်းကြီး စိတ်ဆိုးသွားတာမျိုး၊ စိတ်ပေါက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ လုံးဝ မဖြစ်ပါစေနဲ့။ အကြည်ဓာတ်လေး​ ပျက်စီးသွားမှာကို သေ​မလောက်ကြောက်တဲ့စိတ်နဲ့ စိတ်ညစ်ညူးစရာတွေကို ရှောင်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ။ သူများတွေရဲ့သွယ်ဝိုက်လွှမ်းမိုးမှုကြောင့် ကိုယ့်အာရုံထွေပြားသွားတာမျိုး လုံးဝ မဖြစ်မခံပါနဲ့။ ပါးနပ်စွာ ရှောင်ကွင်းတတ်ပါစေ။ ကိုယ့်အာရုံနဲ့ ကိုယ်နေပါ။

ပြည်တွင်းသတင်းပြည်ပသတင်း နိုင်ငံတကာသတင်း နည်းပညာ​ သတင်း ကျန်းမာရေး​ သတင်းစသဖြင့် သ​တင်း​ဆိုး သတင်းကောင်းတွေကို မတွေ့ချင် မကြားချင်တဲ့အဆုံး အချိန်နဲ့အမျှ တွေ့နေရ ကြားနေရ မြင်နေရမှာပါ။ စစ်ဘေး​ သတင်းဆိုး၊ သဘာဝ​ဘေး​ အန္တ ရာယ်ဆိုး၊ စစ်ဘေး ဒုက္ခသည်၊ ကျန်းမာရေးပြဿနာ စသဖြင့် အကြည်ဓာတ်ဟူသမျှကို ဆွတ်ခနဲ ခူးယူလိုက်မယ့် အပူတွေက လူတိုင်းကို ပတ်လည်ဝိုင်း​ထားပြီး ဝါးမြိုထားတာပါ။ ဘယ်သူမှ အဲဒီ အပူတွေကနေ ထွက်ပြေးလို့ မရပါဘူး။ဒါကြောင့် အပူကနေ ပြေးလို့ မရရင်အေးနိုင်သမျှ​ အေးအောင်နေတတ်ဖို့ ကြိုး​စားလေ့ကျင့်သင့်ပါတယ်။

အခက်အခဲဆိုတာတွေနဲ့ အသားကျသွားဖို့ မလိုပါဘူး၊ ဖြေရှင်းဖို့ မဖြစ်နိုင်သေးရင် ပိုဆိုးမသွားအောင် ထိန်းချုပ်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို တိုက်ရိုက်ထိပါးလာနိုင်ရင် ထိန်းချုပ်ကိုင်တွယ်လို့ ရနိုင်တဲ့ အနေအထားကနေပြီး ခုခံကာကွယ်သင့်တာတွေကို ကြိုတင်ပြင်ဆင်ပါ။တုန့်ပြန်ဖြေရှင်းဖို့ လိုအပ်သမျှကို အချိန်နဲ့တပြေးညီ ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်အောင် အသင့်ဖြစ်နေပါစေ။ ဘယ်အကြောင်းနဲ့မှ ကိုယ့်အကြည်ဓာတ်ကို မ

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?

Unlock to read this premium article with 100 points.