Author's Profile Photo

Aung Thu Ya Kyaw

1/01/2025

ပွဲစား ဆိုတာ ဒါလား...

1 min read
Book Review
Finance
Entrepreneurship
ပွဲစား ဆိုတာ ဒါလား...'s photo

ပွဲစား ဆိုတဲ့ မူလ ဇာစ်မြစ်ကို အရင်က ကျွန်တော်အပါအဝင် အခုခေတ် ပွဲစားတွေ မသိကြပါဘူး။

သိတယ်... ဘာလို့ မသိရမှာလဲ? လို့ ကျွန်တော့ကို မသိစိတ်က မေးနေရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ လူတစ်ယောက်က ကိုယ့်ကို လုပ်ငန်းရှင်တွေရှေ့မှာ ဖြစ်ဖြစ် တစ်ခုခု မိတ်ဆက်တဲ့ အခါ ဒီလူက ပွဲစား ဆိုပြီး မိတ်ဆက် ဖြစ်ခဲ့ရင် မိတ်ဆွေ စိတ်ထဲမှာ မလုံမလဲနဲ့ ကျွန်တော်က တစ်ခြား ပွဲစားတွေနဲ့ မတူပါဘူး ဟု ဖြေမိကောင်း ဖြေမိနေမှာပါ။

ဘာပဲဖြစ်ဖြစ် အခု လိုင်းပေါ်မှာလည်း တစ်ချို့ ဆိုလျင် ပွဲစားနဲ့ အကျိုးဆောင်က မတူဘူး။ ပွဲစားဆိုတာ ဘယ်လို မကောင်းတာ... အကျိုးဆောင် ဆိုတာ ဘယ်လိုကောင်းတာ... ပေါ့။

ကျွန်တော်လည်း စာအုပ်လေးတစ်အုပ်ကနေ ဖတ်ခဲ့မိတာ ဖြစ်ပါတယ်။ စာရေးသူကတော့ ဆရာ သန်းဦး (မဏ္ဍိုင်) ဖြစ်ပြီးတော့ စာအုပ်နာမည်ကတော့ "အိမ်ခြံမြေမှာ ကြုံတာလေးတွေ ပြောပါရစေ" ဆိုတဲ့ ၂၀၁၆ လောက်က ထွက်ရှိခဲ့ပြီး စာမျက်နာ ၃၆၂ မျက်နှာ ရှိပါတယ်။

ထိုအချိန်အခါက ဝါဆိုသင်္ကန်း ကပ်နေတဲ့ အချိန် စာရေးဆရာရယ် အခု MRESA က ဥက္ကဌ ဒေါ်မို့မို့အောင်တို့၊ ဦးခင်မောင်သန်းတို့ ဒါ့အပြင် "စိုင်းခွန်နောင်" မန်နေဂျာဦးအေးထွန်းတို့ စသဖြင့်အခုခေတ် နာမည်ကြီးတွေ ပါဝင်ပါတယ်။

စာအုပ်ထဲက အန်ကယ် ရှင်းပြတာက - ဟိုးအရင်တုန်းက ပွဲစား ဆိုတာဟာ သက်သက် လူတန်းစားတစ်ရပ် လိုတော့ မရှိဘူး။ ဒါပေမယ့် ရပ်ထဲ ရွာထဲမှာ လူအများတလေးတစားကြည်ညိုကြတဲ့ လူကြီး သူကြီးတွေ မြို့ရွာ မျက်နှာဖုံးတွေဆိုတာတော့ ရှိကြောင်း သူတို့က ဘာသာရေးလည်း ကိုင်းရှိုင်းကြသလို သမာဓိလည်း ရှိကြောင်း ဒါ့အပြင် လူတွေကို ကူညီတတ်တဲ့ သူဖြစ်ကြောင်း ပါဝင်ပါတယ်။

အခုခေတ် လိမ်စား "ပွဲစား" တစ်ပွဲထိုး "ပွဲစား" တွေနဲ့ ယှဉ်ရင် တစ်ခြားစီပေါ့။

သူတို့က ဥပုသ်သီလ ဆောက်တည်ဖို့ ဘုရားကျောင်းကန်ရောက်တဲ့ အခါ ဓမ္မမိတ်ဆွေ အချင်းချင်း ရပ်ရေး၊ ရွာရေး၊ စီးပွားရေးနဲ့ ရောက်တတ်ရာရာ ပြောကြဆိုကြတယ်။ နောက်ပြီး အလှူမင်္ဂလာ သာရေး၊ နားရေး ပွဲတွေ ရောက်တဲ့ အခါလည်း၊ စကားစပ်ရာ ထွေရာလေးပါး ပြောကြပြန်တော့ ဘယ်သူ့မှာ ဘာလိုတယ် ဘယ်သူ့မှာ ဘာပိုတယ် ဘယ်သူကဖြင့် ဘာရှာနေပြီ ဘယ်သူကတော့ ဘာကို ပြန်ခွာချင်တယ် ဆိုတာ အများတကာထက် ပိုသိလာတယ်။

အဲဒီ့တော့ သူတို့က ပိုနေတဲ့သူကို လိုနေတဲ့သူဆီ လမ်းညွှန်ပေးနိုင်သလို ဝယ်ချင်တဲ့သူကိုလည်း ရောင်းချင်တဲ့သူနဲ့ ဆုံပေးနိုင်ကြပြန်တယ်၊ ဒီလိုနဲ့ အများအကျိုးကို သယ်ပိုး ဆောင်ရွယ်နိုင်ခဲ့တယ်။

ကူညီပေးတဲ့ ကျေးဇူးရှင်ဖြစ်တာမို့ အရောင်းအဝယ် အဆင်ပြေသွားတဲ့သူတွေက ကျေးဇူးသိတတ်ဲ့ သူတွေအနေနဲ့ အ့ဒီပုဂ္ဂိုလ်ကြီးတွေကို မြန်မာ့ရိုးရာ ဓလေ့အတိုင်း "အုန်းပွဲ ငှက်ပျော်ပွဲ" နဲ့ သွားရောက် ကန်တော့ ကြလေ့ရှိတယ်။ နောက်တော့ ကန်တော့ပွဲမှာ တခြားစားစရာတွေ ထည့်လာရင်း "ပွဲစား" ဆိုပြီး ဂုဏ်ပုဒ်နဲ့ ကင်ပွန်းတပ်ခဲ့ကြတယ် ဆိုပြီး ရေးသားထားတာလေးကို တွေ့ရှိခဲ့ရပါတယ်။

နောက်တော့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာအောင် ငွေစလေးတွေ ထည့်ပေးလာရင်း ကျွန်တော့ အမြင် "ပွဲစား ခ" ဆိုတာမျိုး ဖြစ်လာတယ် မြင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် "ပွဲစား" ပဲခေါ်ခေါ် "အကျိုးဆောင်" ပဲ ခေါ်ခေါ် လူတွေ ယုံကြည်ရတဲ့ သူတစ်ယောက် ဖြစ်အောင် ပဲ ကြိုးစားပါ။ မတန်တာကို မစားချင်ပါနဲ့။ မမှန်တာကိုလည်း မလုပ်မိပါစေနဲ့။

အောင်သူရကျော်
|အိမ်ခြံမြေအကျိုးဆောင်သင်တန်း & MRA

#အိမ်ခြံမြေကြောင်းလေ့လာပါ #myanmarrealtyagent #တစ်နိုင်ငံလုံးချိတ်ဆက်နိုင်သည်

Keep Reading

ဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အစောပိုင်းဝတ္ထုတိုများကက်ဖကာ၏လက်တွေ့ဘဝသည်းခြေကြိုက် စာအုပ် ၆ အုပ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းတစ် ချေးများစေ့စပ်တဲ့သူအချစ်ဦးချစ်သွေးဟုန်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ