Ruby Linn
လုပ်ငန်းခွင်ပေါင်းသင်းဆက်ဆံရေးတွင်သူတစ်ပါး၏ထင်မြင်ယူဆချက်သဘောထားကဲွလဲွမှုများကိုလက်ခံပေးမှု၊အကူညီလိုအပ်နေတဲ့လုပ်ဖော်ကိုင်ဖက်ကိုအလိုက်တသိကူညီစောင်မပေးမှုအစရှိသောလုပ်ဆောင်ချက်တွေသည်လူတို့၏အခြေခံကျသောစိတ်နှလုံးယဉ်ကျေးမှုပင်ဖြစ်ပါသည်။တစ်ကိုယ်ကောင်းဆန်သောလူအမျိုးစားဖြင့် ပေါင်းသင်ဆက်ဆံရတိုင်းထိုသူတို့၏အတွင်းစိတိနှလုံးထဲကinterpersonal skills(လူလူချင်းပေါင်းသင်းဆက်ဆံရေးဆိုင်ရာအရည်အသွေးများ)ကို လေ့လာကြည့်မိဖူးသည်။ တချို့သောသူများကSympathy (စာနာသနားမှု)နှ့်Empathy (မျှဝေခံစားမှု)စသောထိုအချက်နှစ်ရပ်စလုံးမရှိသောသူများလည်းကြုံဖူးသည်။ သနားစရာဖြစ်ရပ်နဲ့ကြုံလာရင်သနားပါတယ်လေအစရှိသဖြင့်Sympathyအဆင့်ဖြင့်သာကြုံဝါးဖူးပြီးကူညီစောင်မပြီးမျှဝေခံစားဖို့မတွေးတောသောလူအမျိုးအစားများလည်းရှိပါသေးသည်။ ကိုယ်ဖြစ်ချင်သောအရာများစွာကိုသာရှေ့တန်းတင်ပြီးအနားပတ်ဝန်းကျင်ကလူများရဲ့အခြေနေကိုအနည်းငယ်ထည့်သွင်းမစဉ်းစားသောစံချိိန်တင်တစ်ကိုယ်ကောင်းစိတ်ထားများနှင့်လူများလည်းရှိသေးသည်။ လူတစ်ဦးတစ်ယောက်၏interpersonal skills ကိုထိုလူ၏မျိးရိုးဗီဇနှင့်ကြီးပြင်းလာသောပတ်ဝန်းကျင်တွင်အများကြီးမူတည်ကြောင်းသုတေသနဆောင်းပါးများစွာလည်းရှိပါသည်။အဆိုးရွားဆုံးမှာကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်မှုဖြင့်တစုံတစ်ယောက်ထိခိုက်သွားစေခြင်းဟာမှားယွင်းသောလုပ်ရပ်ဖြစ်ကြောင်းကိုပင်သတိလုံးဝမမူမိသောလူတစ်စုလည်းရှိ၏။ အမှားကိုပင်မသိတတ်ခြင်းလား၊ဒါမှမဟုတ်အမှန်နှင့်အမှားကိုပင်မခဲွခြားတတ်သောတစ်ယူသန်လူမျိုးစားလားလုံးဝမသ်ိခဲ့ပါ။ လူ့အသိုင်းဝိုင်းတွင်ကိုယ့်ဖက်သူဖက်မျှတသောဆက်ဆံရေးများစွာဖြင့်အဆင်ပြေသောလူအသိုင်းဝိုင်းကိုသာရည်မှန်း၍စိတ်၏အခြေခံယဉ်ကျေးမှုလေးကိုသာသတိမှုကြစေဖို့ရည်ရွယ်လိုက်ရပါလေသည်။ https://d37prn8pxyven1.cloudfront.net/7293f233cb5f430db23593cc7223ea00/img/2024-12-31T22:38:50.381291.jpg
Keep Reading