Minal
တစ်ခါတုန်းက အဘိုးအိုကြီးတစ်ယောက်မှာ သားလေး ယောက်ရှိတယ်။တစ်နေ့မှာ အဘိုးကြီးက သူမကွယ်လွန်ခင်း သူ့သားလေးယောက်ကို စကားကြီး၃ခွန်းကိုပြောခဲ့တယ်။
အဲ့စကားကြီး၃ခွန်းက
(၁) ကမ္ဘာမှာ အင်အားအကြီးဆုံးသူကို ဦးခိုက်ပါ
(၂) ပျားရည်ထပ် ချိုမိန်သောထမင်းကိုစားပါ
(၃) နူးညံသောအိပ်ယာပေါ်မှာ အိပ်ပါ
အဘိုးအိုကြီးဆုံးသွာတဲ့အခါမှာ သားလေးယောက်ဟာ တစ်နေရာကိုခွဲထွက်ပြီး နောင်သုံးနှစ်ကြာမှ ပြန်ဆုံကြမယ်ဟုပြောကာ အသီးသီးထွက်ခွာသွားကြတယ်။
သုံးနှစ်ကြာလို့ပြန်ဆုံးတဲ့အခါမှာ အစ်ကိုအကြီးဆုံးက ဘုရင်နန်းတော်မှာ ဆင်ထိန်းဖြစ်နေပြီး။သူဟာဖခင်းရဲ့စကားအတိုင်း ကမ္ဘာမှာအင်အားအကြီးဆုံးက ဆင်ဖြစ်တာကြောင့် သူဟာဆင်တွေကိုထိန်းတယ်။ပြီးတော့ သူ့က မနက်တိုင်ဆင်တွေအြမဲဦးခိုက်တယ်လို့ သူ့ရဲ့ညီတွေကိုပြန်ပြောပြနေတယ်။
ဒုတိယအစ်ကိုကတော့ ကမ္ဘာအတော်ဆုံးစားဖိုမှူးတစ်ယောက်ဖြစ်နေပြီးတဲ့။သူဟာ နေ့တိုင်းပျားရည်ဆမ်းထားတဲ့ထမင်းကိုအမြဲစားကြောင်းကို ပြောပြနေတယ်။
တတိယအစ်ကိုက အတော်ဆုံးစက်ချုပ်သမားတစ်ယောက်အဖြစ် သူ့ဘဝကိုရပ်တည်နေတယ်။သူဟာ ညစဥ်တိုင်း ငှက်မွေတွေနဲ့ချုပ်ထားတဲ့အိပ်ယာပေါ်မှာအြမဲအိပ်ဆက်ကြောင်း ကြွားလုံးထုတ်ပြန်တယ်။
ညီအငယ်ဆုံးကတော့ အရမ်းချမ်းသာတဲ့ ပန်းပဲဆရာကြီးပေါ့။သူဟာချမ်းသာပေမဲ့ သူရဲ့အလုပ်တွေကို သူကိုယ်တိုင်ဝင်လုပ်တယ်။အစ်ကိုတွေပြောတဲ့စကားတွေနားထောင်ပြီး အဖေပြောတဲ့စကား(၃)ခွန်းရဲ့ အဓိပ္ပာယ်ကအဲ့လိုမဟုတ်ကြောင်းရှင်းပြတယ်။
(၁)ကမ္ဘာမှာ အင်အားအကြီးဆုံးသူကို ဦးခိုက်ပါ
ကမ္ဘာမှာ အင်အားအြကီးဆုံးကနေမင်းဖြစ်တယ်။လူတွေဟာ နေမထွက်ခင်းကအိပ်ယာထကြပြီး ဘုရားရှိခိုးကြရတယ်။မိမိရဲ့လုပ်ငန်းခွင်များကို ဝိရီယရှိရှိလုပ်ဆောင်ရမည်ဖြစ်တယ်။
(၂)ပျားရည်ထပ်ချိုမိန်သောထမင်းကိုစားပါ
လူတွေဟာ နံနက်မှညအထိ အလုပ်တွေကိုပင်ပန်းဆင်းရဲစွာလုပ်ကြတယ်။ထိုကြောင့် အမျိုးမျိုးသောအလုပ်တွေကို နေ့မအားညမအားလုပ်နေသူ့အတွက် ထမင်းစားတဲ့အခါမှာ ဟင်းကောင်းမှန်မသိ မကောင်းမှန်မသိ ပျားရည်ဆမ်းထားသောထမင်းကိုစားသကဲ့သို့ မြိန်ရှက်စွားစာသောက်ခြင်းကိုဆိုလိုပါသည်။
(၃)နူးညံသောအိပ်ယာပေါ်မှာအိပ်ပါ
နေ့မှညအထိ အလုပ်ကိုကြိုးကြိုးစားစာလုပ်သူတွေအတွက် တွေ့ကရာနေရာကိုအိပ်တတ်ကြပြီး။ထိုနေရာများသည် သူ့တို့အတွက် ကျောက်ဆစ်ခဲပေါ်အိပ်နေရင်တောင် နူးညံတဲ့မွေ့ယာပေါ်မှာအိပ်နေသလို မှေးကနဲအိပ်ပျော်သွားခြင်းဖြစ်ကြောင်းရှင်းပြသည်။
ထိုပုံပြင်လေးအတိုင် လူရယ်လို့ဖြစ်လာရင် အလုပ်လုပ်ရတာကြီးပဲဖြစ်သောကြောင့် အလုပ်ကိုမပျင်းမရိဘဲ ကြိုးကြိုးစားစာလုပ်ကာ ဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းကာ အိမ်မက်တွေကိုအကောင်းဖော်ကြရမည်။
အသက်ရှင်သည်ကာလပတ်လုံး ဤစကား(၃)ခွန်းကိုမှတ်သာကား ဘဝရည်မှန်းချက်ပန်းတိုင်တွေကို အကောင်းထည်ဖော်နိုင်ကြပါစေ။
လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ??
Minal (26.12.2024) 7:41PM
Keep Reading