Author's Profile Photo

ကိုလေး ( Black_sheep )

25/12/2024

❝လူသိနည်းတဲ့ ခရစ်စမတ် အကြောင်း ❞

4 mins read
Culture
History
❝လူသိနည်းတဲ့ ခရစ်စမတ် အကြောင်း ❞'s photo

စာဖတ်သူများအားလုံးပျော်ရွှင်စရာခရစ်စမတ်လေးပါလို့ နှုတ်ခွန်းဆက်သပါရစေ။ခရစ်စမတ်နေ့ဟာ နိုင်ငံတကာအားလပ်ရက်နေ့ဖြစ်သလို ၊ နိုင်ငံတကာကျင်းပကြတဲ့ ပျော်ရွှင်ဖွယ်နေ့လေးတစ်ခုပါပဲ။ဒါပေမဲ့ အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးမှာ ဘာကြောင့် ခရစ်စမတ်နေ့လေးတည်ရှိနေတာလဲ။ အများအားဖြင့် ခရစ်စမတ်နေ့ဟာ " ယေရှု " ဘုရားသခင် ဖွားမြင်တဲ့နေ့ဖြစ်တယ်လို့ ခရစ်ယာန်အများစုက ယုံကြည်ကြတယ်။ဒါကရော ဟုတ်ပါသလားဆိုပြီး  စာဖတ်သူလေးတို့ တွေးမိဖူးကြလားဗျ။

ကျွန်တော်တို့တွေဟာ ကိုယ့်မွေးနေ့ရောက်ပြီဆိုရင် ပျော်ရွှင်ပွဲတွေဆင်နွှဲကြတယ်။ လက်ဆောင်တွေပေးကြတယ်။ ကိုယ့်မွေးနေ့လေးဖြစ်တာကြောင့် အမှတ်တရလေးတွေ ပြုလုပ်ကြတယ်။ ဒီလိုပါပဲ။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ဘုရားသခင် မွေးဖွားတဲ့နေ့ကို အစွဲပြုပြီး ခရစ်စမတ်နေ့ဆိုတာ ဖြစ်တည်ကျင်းပလာတာပဲဖြစ်ပါတယ်။ခရစ်တော်ရဲ့ မွေးနေ့မွေးရက်အမှန်ကို မသိပေမယ့် သမိုင်းပညာရှင်အများအပြားက ခရစ်တော်ကို စက်တင်ဘာလထဲမှာ မွေးဖွားသန့်စင်တယ်လို့ လက်ခံထားကြတယ်။ခရစ်ယာန်သမ္မာကျမ်းစာအရ "ယေရှု"ခရစ်တော်ကို အစ္စရေးနိုင်ငံက "ဘက်သလီဟမ်( Bethlehem)" မှာ BC 6-1 (Before Christ ၆-၁ ရာစုအကြားစက်တင်ဘာလလယ်(သို့မဟုတ်)အောက်တိုဘာလဆန်းမှာဖွားမြင်ခဲ့တယ်ခန့်မှန်းဖော်ပြထားပါတယ်။

ခရစ်စမတ်စတင်ဖြစ်ပေါ်လာပုံ...

ဟိုးရှေးရှေးတုန်းက ဘယ်တိုင်း ဘယ်နိုင်ငံမှ မပေါ်ပေါက်သေးပါဘူး။"နိမ်ရောဒ"ဆိုသူဟာ မြေကြီးပေါ်မှာ အဦးဆုံး အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံတော်တည်ထောင်ပြီး ၊ မြို့ကြီး ၈မြို့ကို တည်ဆောက်ခဲ့တယ်။ဒီမြို့ ၈မြို့ထဲမှာ " ဗာဗုလွန် "က အထင်ရှားဆုံးမြို့ဖြစ်ခဲ့ပါတယ်။နိမ်ရောဒမသေခင်မှာ " ငါသေပေမဲ့ ငါ့ဝိညာဥ်ကနေထဲမှာ ရှိနေမယ်။ ငါသေသွားတဲ့အခါ နေမင်းကြီးကို ကိုးကွယ်ပါ"လို့ မှာထားခဲ့တယ်။ ဒါကြောင့် ယေဇ ၊ ၈:၁၅ မှာ အရှေ့အရပ်ကို မျက်နှာပြုပြီး နေကို ကိုးကိုယ်ခဲ့ကြပါတယ်။နိမ်ရောဒသေသွားအခါမှာ သူ့ရဲ့မိဖုရား ဆယ်မိုင်ရမ်က ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရလာတယ်။ ဒါကို တိုင်းသူပြည်သားတွေက အချင်းချင်း ပြောဆိုကြတဲ့အခါ ဆယ်မိုင်ရမ်က " ဘုရင်ကြီးမသေခင်​မိန့်ကြားတာကို မသိသလော ၊ ဒါဟာ နေမင်းကြီးထဲမှာရောက်ရှိနေတဲ့ ဘုရင်ကြီးနှင့်ဆက်ဆံလို့ ရလာခဲ့တဲ့ ကိုယ်ဝန်ပါ" လို့ ပြောခဲ့တယ်။ ကိုယ်ဝန်ဟာလည်း ဘုရားရဲ့ ကိုယ်ဝန်​ ဖြစ်​တယ်လို့ ပြောဆိုလေတယ်။ ဒီဇင်ဘာ ၂၅မှာ ဆယ်မိုင်ရမ်ဟာ အဖေမပါဘဲ သားယောက်ျားလေး " တမ္မုဇ " ကိုမွေးဖွားခဲ့တယ်။ တမ္မုဇကွယ်လွန်လေတော့ မိန်းမတွေဟာ နေ့စဥ်နေ့တိုင်း တမ္မုဇကို လွမ်းဆွတ်ပြီး ငိုကြလေတယ်။ ယေဇ၊၈:၁၃-၁၄ မှာ "သူတို့ပြုသောအမှုတို့တွင် ကြီးစွာသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို မြင်ကြလိမ့်မည်ဟု မိန့်တော်မူလျှက်၊ ဗိမာန်တော်မြောက်တခါးဝသို့ဆောင်သွား၍ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇ နတ်အဘို့ငိုကြွေးလျှက်ထိုင်ကြ၏" လို့ ရေးသားထားပါတယ်။ဒါကြောင့် တမ္မုဇမွေးနေ့၊ ဒီဇင်ဘာ၂၅ရောက်တိုင်း မွေးနေ့ပွဲကို နှစ်စဥ်ကျင်းပခဲ့ကြတယ်။ ဗေဗုလွန်နိုင်ငံဟာ ဘီစီ ၃၃၃ ကနေ ၁၃၃ထိ ဂရိလက်အောက် ကျရောက်သွားပြီး ၊ ဘီစီ၁၃၂ကနေစပြီး ရောမလက်အောက်ကို ကျရောက်သွားခဲ့တယ်။ ရောမဧကရာဇ် ”ကွန်စတန်တင်”(Constatine) ဟာပထမဦးဆုံးခရစ်ယာန်ဘာသာဝင် ရောမဘုရင်ဖြစ်ပါတယ်။အေဒီ ၃၂၅ခုနှစ်မှာ(Constantinople) မြို့ ၊ ဂိုဏ်းချုပ်တစ်ဦးဖြစ်တဲ့ (St.Chrysostom) က ယေရှုမွေးနေ့ ပွဲ ကျင်းပပေးဖို့ စတင်စည်းရုံး ဆောင်ရွက်ခဲ့တယ်။အေဒီ ၃၃၅ ခုနှစ် ရောက်တဲ့အခါမှာ ယေရှု မွေးနေ့ကျင်းပဖို့ ရောမမြို့မှာ အတည်ပြုခဲ့ကြတယ်။အေဒီ ၃၆၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပထမဆုံးခရစ်စမတ်နေ့အဖြစ်စတင်သတ်မှတ်ပြီး အေဒီ ၄၀၀ကနေ ရောမနိုင်ငံတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ဖို့ကြေညာပါတော့တယ်။ တမ္မုဇ မွေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ (၂၅) ရက်ကို ယေရှု မွေးနေ့ ခရစ္စမတ်ပွဲအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်နော်။ ဒါပေမဲ့ ခရစ်ယာန်အများစုကတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ကိုယေရှုခရစ်တော်မွေးနေ့ယုံကြည်ကြပါတယ်။

ခရစ်စမတ်ဆိုတဲ့အမည်...

ကမ္ဘာတစ်လွှားလူသားတိုင်းမှာ ကိုယ်ပိုင်နာမည်ကိုယ်စီကိုယ်ငရှိကြပါတယ်။စာဖတ်သူလေးတို့ရော နာမည်တစ်ခုခုကို ဘာကြောင့် ဒီနာမည်ဖြစ်လာတာလဲလို့ တွေးကြည့်ဖူးကြလားဗျ။ ကျွန်တော့်အမည်ကတော့ - "ကိုလေး ( Black_sheep ) ပါဗျာ။ သာမန်အားဖြင့်ကြည့်လိုက်ရင်တော့ ဘယ်လိုနာမည်ကြီးလဲပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာလည်း ကိုယ့်အဓိပ္ပာယ်နှင့်ကိုယ်ရှိသလို ၊ စာဖတ်သူတွေရော ကိုယ့်နာမည်အတွက် ကိုယ့်အဓိပ္ပာယ်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ ဒီလိုပါပဲ " ခရစ်စမတ်(Christmas)"ဆိုတဲ့ အခေါ်အဝေါ်လေးမှာလည်း သူ့ရဲ့ နောက်ခံသမိုင်းလေးရှိပါတယ်။ Chrismasရဲ့ အတိုကောက် X ဆိုတဲ့ အက္ခရာလေးက ဂရိစကားလုံး ( Christo ) ကနေ ဆင်းသက်လာခဲ့တာပါ။ "mas"ဆိုတာကတော့ လူအများစုဝေးခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ Christo ကနေတစ်ဆင့် အင်္ဂလိပ်စကားလုံး Christ ဖြစ်လာပြီး X-masဆိုတာကတော့ " Christmas ကနေဆင်းသက်လာတဲ့ အမည်လေးပဲဖြစ်ပါတယ်ဗျ။

ခရစ်စမတ်သစ်ပင်?

ခရစ်စမတ်သစ်ပင်လေးတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ချွန်ချွန်လေးနှင့် ချစ်စရာတြိဂံပုံစံလေးပေါ့။ ခရစ်စမတ်သစ်ပင်လေးတွေက ခရစ်စမတ်ပွဲတော်အတွက် မပါမဖြစ်အမှတ်အသားတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။ခရစ်စမတ်သစ်ပင်ဟာ ၈ရာစုလောက်တုန်းကနေစတင်ဆင်းသက်လာခဲ့တယ်ဆိုပြီး သမိုင်းကြောင်းတချို့မှာဆိုထားပါတယ်။ဂျာမန်းနစ်လူမျိုးစုတွေဟာ အရင်က ၀က်သစ်ချပင်ကို ကိုးကွယ်ခဲ့ကြပြီး ဆောင်းယာဉ်စွန်းချိန် (ဒီဇင်ဘာ ၂၂ ရက်) အတွက် ၀က်သစ်ချပင်တွေကို အလှဆင်ခဲ့ကြတယ်။ စိန့်ဘွန်နီဖေ့စ်(Saint Boniface)က  ၀က်သစ်ချပင်ဟာ အလေးအမြတ်ထားသင့်တဲ့အပင်မဟုတ်ဘူး ဆိုပြီး ၀က်သစ်ချပင်တွေကို ခုတ်လှဲစေတယ်။ အဲဒီလို ခုတ်တဲ့အချိန်မှာ ထင်းရှူးပင်ငယ်တွေကို ချန်ထားခဲ့ပါတယ်။ဂျာမန်းနစ်တွေကို ခရစ်ယာန်ဘာသာပြောင်းပေးပြီးတဲ့နောက် ဒီအမြဲစိမ်းလန်းတဲ့ သစ်ပင်လေးတွေကို ခရစ်စမတ်ပွဲတော်အတွက်  အလှဆင်ဖို့ရာ လက်ခံအသိအမှတ်​​ပြုရာကနေစတင်လာပြီး ဘာသာရေးသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်မှာ ဂျာမန်လူမျိုးတွေက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။Saint Boniface ပြုလုပ်ခဲ့တဲ့ ခရစ်စမတ်သစ်ပင်လေးကို အင်္ဂလိပ်နာမည်အသုံး " Christmas tree " ဆိုပြီး  ၁၈၃၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အခုခေတ်မှာတော့ ခရစ်စမတ်သစ်ပင်တွေမှာ လက်ဆောင်ပစ္စည်းတွေ မီးလုံးတွေ အလှဆင်လာကြပြီး အလွန်လှပကြည်နူးစရာကောင်းပါတယ်။လူကြိုက်များတဲ့ ခရစ္စမတ်အလှဆင်တဲ့ အပင်ဖြစ်တယ်။ ခရစ်စမတ်သစ်ပင်ရဲ့ အရွက်အနားစွန်းတွေမှာ ဆူးလေးတွေပါပါတယ်။ အဲဒီအရွက်ဟာ လက်ဝါးကပ်တိုင်ထက်မှာ ယေရှုခရစ်တော်ဝတ်ဆင်ခဲ့တဲ့ (CROWN OF THORNS) ရဲ့ သင်္ကေတဖြစ်ပြီး အမြဲတမ်းစိမ်းလန်းတဲ့ red berries ကတော့ သွေးကို ကိုယ်စားပြုဖော်ပြတာပဲဖြစ်ပါတယ်။

ခရစ်စမတ်ဘိုးဘိုးခေါ် ( Santa Claus )?

ဆန်တာကလောက်စ်လို့ပြောလိုက်တာနဲ့ ခရစ်စမတ်ဘိုးဘိုးကို ပြေးမြင်ကြလိမ့်မယ်ထင်ပါတယ်။ဒီဇင်ဘာလ ၂၄ ရက် ညဆိုရင် ကလေးတွေရှိတဲ့ အိမ်ထဲကို ခပ်ဝဝနဲ့ ဆန်တာကလောက်စ် Santa Claus ဆိုတဲ့ လူကြီးဟာ မီးခေါင်းတိုင်ကနေ ဝင်လာပြီး လက်ဆောင်တွေ လာပေးသွားတယ်လို့ပြောကြတယ်။တကယ်တော့ ဆန်တာကလောက်စ်ဆိုတာ ကစ်သလစ်ခရစ်ယာန်ရဟန္တာ (Saint Nicholas)ပဲဖြစ်ပါတယ်။တကယ်တော့ သူဟာ ပိန်ပိန်ပါးပါးလူတစ်ယောက်လို့ ဖော်ပြထားပါတယ်။ကစ်သလစ်ဆရာတော်တစ်ပါးဖြစ်ပြီး အနီရောင်သင်္ကန်းကို ဝတ်ဆင်လေ့ရှိသူပါ။ အဖြူရောင်လက်ကိုင်တုတ်ရှည်ကျိုင်းကို ကိုင်ဆောင်တတ်ပြီး Amerio မြင်းကို စီးပါတယ်။ ဒီဇင်ဘာလရောက်ပြီးဆိုရင် ကလေးတွေအတွက် လက်ဆောင်ပေးလေ့ရှိပါတယ်။ ဒက်ရှ် Dutch (ဟော်လန်)စကားအရ စိန့်နီကိုးလပ်စ်ကို Sinterklaas (ဆင်တာ ကလော့စ်)လို့ အသံထွက် ခေါ်ကြပါတယ်။

ဆန်တာကလောက်စ်အကြောင်းကို ​ရှင်းလင်းတဲ့အခါမှာ (Saint Nicholas)ကိုသာ အဓိက သိကြပါတယ်။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဆန်တာကလောက်စ်ဖြစ်ပေါ်ပုံကတော့ ဒီတစ်ဦးတည်းကြောင့် မဟုတ်ပါဘူးဗျ။Father Christmas ဟာလည်း ဆန်တာကလောက်စ်ရဲ့ လူသိနည်းတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ Father Christmas ကတော့ အင်္ဂလန်လူမျိုးတစ်ယောက်ပါ။သူကတော့ လူကောင်ကြီးပြီး အစိမ်းရောင်ဝတ်ရုံလွှာကို ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ဖာသာရ်ခရစ္စမတ်ကတော့ ကလေးတွေကို လက်ဆောင်ပေးတာထက်  အစားအသောက်ကောင်းတွေနှင့်  ပျော်ရွှင်မှုပေးသူတစ်ယောက်ပါ။

ကိုလိုနီနယ်ချဲ့တဲ့ ဥရောပတွေဟာ အင်္ဂလန်နိုင်ငံကိုရောက်ရှိသွားတဲ့အခါမှာတော့ Father Christmas (ဖာသာရ် ခရစ္စမတ်) နဲ့ (Sinterklaas) ဆင်တာ ကလော့စ် နှစ်မျိုးဟာ စတင် ရောထွေးလာပါတယ်။ဆန်တာကလောက်စ်အရှုပ်တော်ပုံကို ရှင်းလင်းရင် ပိုရှုပ်ထွေးပါလိမ့်မယ် ။ အတိုချုပ်ဖော်ပြရင်တော့ အင်္ဂလန်နိုင်ငံရဲ့ အစိမ်းရောင်ဝတ် ဖာသာရ် ခရစ္စမတ်ဟာ ဆန်တာ ကလော့ အနေနဲ့ ပြောင်းလဲ ပုံဖော်ခြင်း ခံလိုက်ရပါတယ်။ ဗြိတိန်သားတွေကတော့ တဖြည်းဖြည်းနဲ့ ဖာသာရ်ခရစ္စမတ်ဟာ ဆန်တာကလော့ အဖြစ် ပြောင်းလဲ ပုံဖော်ခြင်းခံရတယ်ဆိုတာ သတိတောင် မထားမိလိုက်ပါဘူး။ နယ်သာလန် (ဟော်လန်)မှာတော့ ဆန်တာကလော့ဆိုတဲ့ အယူအဆကို ဘေးဖယ်ပြီး စိန့်နစ် (စိန့်နီကိုးလပ်စ်)ဟာ သီးခြား ခရစ္စမတ်ရဲ့ အမှတ်သင်္ကေတအဖြစ်မားမားမတ်မတ် ရှိနေပါတော့တယ်။သာမန်အားဖြင့်တော့ အမေရိကန်နိုင်ငံသား သောမတ်စ် နက်စ် (Thomas Nast) က အိမ်နီးနားချင်း ပုပုဝဝနဲ့အဘိုးအိုကြီး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကလေးတွေကို လက်ဆောင်ပေးတာကို မြင်ယောင်ပြီး ဖန်တီးရေးဆွဲခဲ့တာလို့ပဲ သိကြပါတယ်။

ကဲ ဒီလောက်ဆိုရင် လူသိနည်းတဲ့ ခရစ်စမတ်ရဲ့ နောက်ခံသမိုင်းလေးတွေကို သိရှိကြမယ်လို့ မျှော်လင့်ပါတယ်။ခရစ်စမတ်ဆိုတာ ခရစ်ယာန်နှင့်ကြီးပဲဆိုင်မဟုတ်တာကြောင့် သိသင့်သိထိုက်သလောက် သိရှိဖို့ လိုအပ်ပါတယ်။ဒီနှစ်ရဲ့ Christmas မှာ စာဖတ်သူလေးများအားလုံး ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များအတွက်တော့ ကျွန်တော်ဝမ်းမြောက်ဖွယ်စွာဖြင့်  စကားလက်ဆောင်အဖြစ် သခင် “ယေရှု” ကိုယုံကြည်သူများရှိပါက တစ်ယောက်ချင်းစီအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ အာမင်။


-ကိုလေး ( Black_sheep )
၂၅ ၊ ၁၂ ၊ ၂၀၂၄ ( ဗုဒ္ဓဟူးနေ့ )

ကိုးကားချက်။  ။အင်တာနက်သမ္မာကျမ်းစာများမှ။

Keep Reading

ကြိုတင်ပြင်ဆင်တတ်ခြင်း"Malala Day "အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ပန်းကောင်းလေး တစ်ပွင့်သို့ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့