မိုးနှောင်းအလင်္ကာ
အစစအရာရာ ကျပ်တည်းနေတဲ့ခေတ်ကြီးမှာ တိုင်းတစ်ပါးမှာ အလုပ်ထွက်လုပ်တာက လွဲရင် ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေတစ်ရပ်ဖြစ်နေပါသည်။ အစုလေး ဆိုသည့် ခပ်နွမ်းနွမ်းကျေးရွာ ကလေးတွင်လည်း အေးမောင်နှင့် အေးကို ဟူသည့် ညီအကိုနှစ်ယောက်ဟာ နိုင်ငံခြား ထွက်ဖို့ ရန်ကုန် မြို့ကြီးပေါ် ဆေးစစ်ဖို့ ထွက်လာခဲ့တယ်။
ရန်ကုန်ရောက်တော့ စက်ရုံက လူခေါ်သော ကားနှင့်လိုက်သွားပြီး စက်ရုံကိုရောက်တယ်။ အေးကိုတစ်ယောက် ညီဖြစ်သူကိုခေါ်ရင်း စက်ရုံဆီသို့လျှောက်လာခဲ့သည်။စက်ရုံထဲရောက်တော့ ဆေးစစ်တဲ့နေရာကို မှာတန်းစီနေလိုက်တယ်။
"ကိုအေးမောင် ဝင်လို့ရပါပြီရှင့်"
"ညီလေး မင်းနာမည် အရင်ခေါ်နေပြီဟ"
"ဟုတ် ကိုကြီးလာပြီ။"
အေးမောင် ဆေးစစ်တဲ့နေရာ ရောက်လို့ ဆေးစစ်ချက်ထွက်တော့ အာရုံကြော အားနည်းနေ၍ ဆေးစစ်ချက်မအောင် ခဲ့ပါ။ ဒါ့အပြင်ဆေးခန်း သွားပြရမည် ဆိုသဖြင့် အကိုဖြစ်သူ အေးကို ကိုပြောကာ ဆေးခန်းသွားပြခဲ့သည်။
"လူနာက အာရုံကြောအားနည်းတာပါဘဲ။ ကျန်တာတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ဆေး ၃ပတ်စာ ပေးလိုက်မယ်။ ဆေးကို ရက်စေ့အောင် သောက်ပေးနော်။"
"ဟုတ်ကဲ့ဆရာ "
ဆေးခန်းမှ ပြန်ထွက်၍ အိမ်ပြန်ရန် ကားဂိတ်ဆီရောက်တော့ အေးမောင်ကို ကားဂိတ်မှာ ခဏထားခဲ့ပြီး ရွာပြန်ရောက်မည့်ကားကို သွားကြည့်လေသည်။
"ညီလေး မင်းဒီမှာ ခဏနေခဲ့ဦး။ ငါရွာပြန်မဲ့ကားကို သွားကြည့်လိုက်ဦးမယ်။"
"ကိုကြီး ကျွန်တော်လည်း လိုက်မယ်လေ။ ဘယ်မှမသွားဖူးတာကို ဒီမှာ တစ်ယောက်ထဲ မနေရဲဘူး။"
"ကားသွားရှာရမှာက ကြာလို့ပါကွ။ ပြီးတော့ မင်းလည်း နေကောင်းတာမဟုတ်ဘဲနဲ့။ ငါကားရမှ လာခေါ်မယ် ဟုတ်ပြီလား။"
"ရော့ အဲ့တာဆိုလည်း ဖုန်းယူသွား။ ဖုန်းနဲ့ဆို ကားရှာရတာမြန်တာပေါ့။ ကျွန်တော်လည်း ဖုန်းနံပါတ်သိနေတာဘဲ နည်းနည်းကြာရင် သူများဖုန်း ခဏငှားပြီး လှန်းဆက်မေးမယ်"
"အေးအေးဟုတ်ပြီ အဲ့တာဆိုသွားပြီ"
အေးကိုထွက်သွားပြီ ၁၀မိနစ်လောက်ကြာတော့ ကားတစ်စီးလာရပ်တယ်။ ပြီးတော့ ကိုကြီးက ကားတွေ့ပြီမို့လို့ လာခေါ်ခိုင်းတာလို့လည်းပြောတယ်။
"တူလေး မင်းအကို လာခေါ်ခိုင်းလို့ကွ။ ကားရှာတွေ့ပြီတဲ့"
"ဟုတ်ဦးလေး ခဏနော်"
အေးမောင်လည်း သိပ်မကြာလိုက်တာကြောင့် အလွန်ပျော်သွားပြီး ဘေးမှာရှိတဲ့ ကျောပိုးလွယ်အိပ်ကို အမြန်ကောက်လွယ်လိုက်ပြီး ကားပေါ်တတ်လိုက်သည်။
ကားဆရာဦးလေးက စက်ရုံဟောင်းတစ်ခုရဲ့ရှေ့မှာ ချပေးပြီး ရောက်ပြီလို့ပြောတာ ထွက်သွားခဲ့တယ်။
ခဏကြာတော့ စက်ရုံဟောင်းထဲက လူတစ်ယောက်ထွက်လာပြီး လာခေါ်လို့ လိုက်သွားခဲ့သည်။ အထဲရောက်တော့ သူတို့ချင်း စကားပြောနေတာကို ကြားရသည်က
"တင်မိုး ဟောဒီမှာ ၈သိန်း ။"
"ဟဲ ကျေးဇူးပါ ကိုကျော်စွာ ကျုပ်သွားလိုက်ဦးမယ်ဗျာ" နောက်လည်း လူလိုရင်ပြော ကျုပ်ကြံပေးမယ်"
"အေး လူကတော့ အမြဲလိုပါတယ်။ နောက်ထပ်ရရင်လည်းပြောဦး"
"ဟုတ်ကဲ့ ကိုကျော်စွာ"
အေးမောင်ကြားလိုက်ရတဲ့အသံတွေကြောင့် လူကုန်ကူးသည့်အဖွဲ့ ဟု ရိပ်မိလိုက်သည်။ သို့သော် စက်ရုံဟောင်းထဲတွင် လူမိုက်များနှင့် ပြည့်နေပြီး ဘာမှလုပ်မရတော့ ဘုရားသာ အကြိမ်ကြိမ် တမိတော့သည်။ ထို့အတူ ကျန်းမာရေးမကောင်းသည်ကို သတိရ၍ အကြံတစ်ခုက ဝင်းခနဲ လက်လာသည်။
ထိုလူမိုက်အဖွဲ့များက အေးမောင်ကို အခန်းတစ်ခန်းမှာ ထည့်ထား၍ အပြင်မှ စောင့်နေလေသည်။ အေးမောင်က ခဲရာခဲဆစ်ရလာသည့် အကြံနှင့် လုပ်လိုက်သည်က။
"အမေ့ဆီပြန်ပို့ပေး။ အမေ့နဲ့တွေ့ချင်တယ် ဟီးဟီး.....။ အမေ့ဆီပြန်ပို့ကြပါ အားးးဟားဟား။
ဟီးးးအင့်။"
3("အမေ့နဲ့တွေ့ချင်တယ် အမေ့ဆီပြန်ပို့ပေး ")3
အေးမောင်တစ်ယောက် ရောက်သည့် အချိန်က စလို့ထိုသို့အော်မြဲ အော်နေခဲ့သည်။ တံခါးဝမှာ အစောင့်များမရှိတော့လျှင် ဘုရားစာရွတ်၍ ရှစ်ခိုး လိုက်သည်က အကြိမ်ကြိမ်ပင်။ တစ်ခါတစ်လေ ကြောက်လန့်စွာ ဘုရာစာတွေလည်း အထစ်ထစ်အငေါ့ငေါ့ပင်ဖြစ်နေတတ်သည်။ တံခါးဝကို အစောင့်များ ပြန်ရောက်လာလျှင်။
"အမေနဲ့တွေ့ချင်တယ်။ အမေ့ဆီပြန်ပို့ပေး
ဟီးဟင့်ဟင့်....။"
တစ်နေကုန်ထိုင်ငိုလိုက်၊ရယ်လိုက် လုပ်နေသည်ကို အဖွဲ့ခေါင်းဆောင်က သိသွား၍ အေးမောင်နှင့်အတူပါလာသော ကျောပိုးအိပ်တွေကို ယူစစ်ကြည့်သည်။ ပိုက်ဆံအိပ်တွေ လိုက်ရှာသည်။
အိတ်ထဲမှာ ဆေးစစ်ချက်အဖြေတွင် အာရုံကြော အားနည်းနေကြောင်း ရေးထားသော စာရွက်တွေ အင်္ကျီနှစ်စုံလောက်နဲ့ ၃ပတ်စာ ဆေးထုပ်ရယ်။ နောက်ပြီး ပိုက်ဆံအိပ်ထဲတွင် အကြွေနှင့်မှတ်ပုံတင်က လွဲ၍ ကျန်တာမတွေ့ပေ။
"တောက် တင်မိုးဆိုတဲ့ အကောင် ဘယ်လို ရောဂါသည် ခေါ်လာလည်း မသိဘူး။ ပါလာတဲ့ အကောင်က ရူးနေရတယ်လို့။"
"ဗြဲ....အမေ့ဆီပြန်ပို့ပေး။ အမေနဲ့တွေ့ချင်တယ်
ဟီးအီး....။
အေးမောင်လည်း လူမိုက်ခေါင်းဆောင်ရှေ့မှာ အသံကိုပိုကျယ်စွာငိုယိုပြလိုက်သည်။ လူမိုက်ခေါင်းဆောင်လည်း စိတ်တိုစွာအခန်းဝကို ထွက်သွား၍။
"ဟေ့ကောင်တွေ အထဲက ကောင် ဘယ်မှာနေလည်း မေး ပြီးရင် ကားငှားပြီး ပြန်ပို့လိုက်။ တောက် အရူးတစ်ယောက်ကိုများ ကားခ ၁သိန်းနဲ့ ပွဲစားခ ၈သိန်း အကုန်ခံလိုက်ရတယ်လို့။"
လူမိုက်ခေါင်းဆောင် စိတ်တိုနေ၍လား မသိ အကုန်လုံးတိတ်ဆိတ်နေကြတယ်။ မတိတ်ဆိတ်နိုင်တာက အေးမောင်ပါ။ ဒါပေမဲ့ မကြာပါဘူး။ လူမိုက်များက နေရာမေး၍ ရွာရောက်မည့်ကားငှား ကာ
ထည့်ပေးလိုက်သည်။
ရွာရောက်တော့ အကိုဖြစ်သူစိတ်ပူမှာ စိုးသဖြင့် ဖုန်းဆက်ကာ ပြန်ရောက်ပြီဖြစ်ကြောင်းပြောလိုက်သည်။
အေးမောင်ဟူသော အကောင်းသည် လူကုန်ကူးခံရမည်စိုးသဖြင့် အရူးယောင်ဆောင်ကာ ကပ်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့ပါသည်။
(ထိုဖြစ်ရပ်သည် အစုလေးရွာတွင် ၂၀၂၄ ၁၂လပိုင်း အစလောက်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်ပါ။ ယနေ့ ခေတ်ကြီးမှာတောင် လူကုန်ကူး ခံရနိုင်သေးသည်မို့ သွားသတိ၊ လာသတိဖြင့် နေကြပါရန် အကြုံပြုရင်း ရေးသားခြင်းဖြစ်ပါ၍ မည်သူတစ်ဦး တစ်ယောက်ကိုမျှထိခိုက်စေလိုခြင်း မရှိပါ။)
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ပါသည်။)
Keep Reading