Reviews by Benevolent
အမေရိကန် ပြည်တွင်းစစ် လေးနှစ်တာကိုနောက်ခံပြုပြီး ရေးထားတဲ့ ဝတ္ထုကြီး၊လူ့သဘောလူ့သဘာဝကို
ပေါ်လွင်အောင်ရေးထားနိုင်တဲ့စာအုပ်ပါ။19 ရာစု ကြီးစိုးခဲ့ကြတဲ့ အမေရိကန်လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ ပဋိပက္ခတစ်ခုဖြစ်ခဲ့တယ်။သမ္မတလင်ကွန်းလက်ထက် အမေရိကန်ပြည်တွင်းစစ်ကိုနောက်ခံထားပြီး အမေရိကန်တောင်ပိုင်းသား ဘဝတွေ ၊ စစ်ပွဲ ဆာလောင်နေကြတဲ့ လူကုံထံအသိုင်းဝိုင်းတွေ ကိုလေ့လာရမယ်။ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ စစ်ပွဲနောက်ခံကို အဓိကထားပြီး ရေးထားတယ်ဆိုပေမယ့် တကယ်တမ်းအနှစ်ကတော့ စရိုက်အမျိုးမျိုးရှိကြတဲ့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်အထိ နက်နက်ရှိုင်းရှိုင်း ဝင်ကြည့်လို့ရအောင် အရေးအဖွဲ့က ပြောင်မြောက်လွန်းလှပါတယ်။
အိုင်းရစ်အနွယ်ဝင် စကားလက်အိုဟာရာ ဆိုတာအလွန်လှပပြီး စိတ်ဓာတ်ပြတ်သားတဲ့မိန်းမပျိုလေး တစ်ယောက်။အမေရိကန် တောင်ပိုင်း က အထက်တန်းလွှာဖွား ပေါ်ကြော့ မိန်းမငယ် တစ်ဦး။ရှေးဆန်လှတဲ့ မြိုင်သာယာအိမ်ရဲ့စည်းကမ်းအောက်မှာ ကြီးပြင်းခဲ့ရသူ၊သူတို့နေထိုင်ရာဒေသရဲ့ အလှဆုံးဆိုတဲ့တစ်ယောက်လို့ အများက သတ်မှတ်ကြတယ်။မြိုင်သာယာဆိုတာ စကားလက်အတွက် အောင်မြေ လို့ပြောရမယ်။ လဲကျချိန်မှာ မြိုင်သာယာ အရိပ် ခိုလှုံပြီး ခွန်အား အပြည့်နဲ့ လူ့ဘဝကို အနိုင်ရအောင် တိုက်နိုင်ခဲ့တယ်။ နောက်တစ်ခါ အချစ်အတွက် ကျဆုံးခဲ့တော့လည်း တမ်းတမိပြန်တယ်။
▪️ဇာတ်ကွက်
အရင်းရှင်စနစ်သစ်ကို ထူထောင်ချင်ကြတဲ့ အမေရိကန် မြောက်ပိုင်းပြည်နယ်တွေရယ် ၊မြေရှင်စနစ်ကိုဆက်လက်ထိန်းသိန်းချင်ကြတဲ့ အမေရိကန် တောင်ပိုင်းပြည်နယ်တွေရဲ့ ပဋိပက္ခဖြစ်ကာ ပြည်တွင်းစစ်အသွင်ပြောင်သွားခဲ့တယ်။စကားလက် မိဘအသိုင်းအဝိုင်းအားလုံး ဟာ မြေရှင်စနစ်ကို ကာကွယ်လိုတဲ့သူတွေဖြစ်ပြီးတော့ အရင်းရှင်စနစ်သစ် အုပ်ချုပ်ရေးအသစ် မလိုလားသူတွေဖြစ်တယ်။
အမေရိကန်တောင်ပိုင်းသားတွေ လက်ခံထားကြတဲ့ ယဉ်ကျေးမှု၊အယူအဆ တွေကို နောက်ခံပြုပြီး ဇာတ်လမ်းဆင်ထားတယ်ပြောရမယ်။ပြည်တွင်းစစ်ကြီးဖြစ်ပြီ ခေတ်ကြီးကမောက်ကမဖြစ်လာတဲ့အချိန် လက်ခံထားကြတဲ့ ခေတ်ယဉ်ကျေးမှုတွေက ပြိုလဲပျက်စီးသွားတယ်။ အယူအဆ၊ စည်းမျဉ်းတွေက လက်တွေ့မဆန် ၊အသုံးမတည့်တော့ဘူးလို့ ဆိုရမယ်။အမေရိကန်ပြည်တွင်းစစ်ကိုနောက်ခံထားရေးဖွဲ့ထားတဲ့ ဇာတ်လမ်းအတွင်း စစ်ပွဲဆိုတာအတော်မုန်းတီးသွားပါလိမ့်မယ်။စစ်ရဲ့ အနိဋ္ဌာရုံတွေ ၊ စစ်နိုင်သူက စစ်ရှုံးသူအပေါ် အခွန်တိုးကောက်မှု၊ စစ်ပွဲအတွင်း လုယက်မှုတွေ၊မတွေးဝံ့တာတွေကိုကွက်ကွက်ကွင်းကွင်း ရေးထားတာတွေနဲ့တင်စာမျက်နှာအများစုကိုကုန်ဆုံးသွားစေတယ်။
▪️ဇာတ်ကောင်စရိုက်
ဒီဝတ္ထုထဲမှာ ဇာတ်ကောင်စရိုက်တွေဟာ စည်းဘောင် ကန့်သတ်ခံထားရခြင်း မရှိဘူးလို့ ထင်မိတယ် ။ဇာတ်ကောင်စရိုက်တွေက ဖတ်ပြီးချိန် လွှမ်းမိုးနိုင် လောက်အောင်စွမ်းအင်အားကြီး လှတယ်။ လက်တွေ့ဆန်လွန်းတဲ့ သရုပ်ဖော်မှုတွေက စာဖတ်သူကို ညှို့ယူနိုင်စွမ်းရှိတယ်။
စကားလက်ဟာ တောင်ပိုင်းသူမိန်းမပျိုလေး။ ပဒေသရာဇ်စနစ်ရဲ့ ထုံးတမ်းအစဉ်အလာတွေအောက် ကြီးပြင်းလာခဲ့သူတစ်ယောက်သာဖြစ်တယ်။ စွဲဆောင်အားကောင်းပြီး သူ့အနားမှာ ယောင်္ကျားလေးတွေဝိုင်းဝိုင်းနေတယ်။ချစ်လှစွာသောအမေနဲ့ သစ္စာရှိလူမည်းအထိန်းကြီးတော်ရဲ့ ဆိုဆုံးမမှုအောက်တွင်သာ ကြီးပြင်းခဲ့သူတစ်ယောက်လည်းဖြစ်တယ်။သာမန်အမျိုးသမီးနဲ့ တစ်ဘာသာစီ ဖြစ်နေတယ်။စကားလက်ဇာတ်ကောင်ကပိုစွဲငြိချင်စရာကောင်းလာတယ်။
အမေရိကန်ပြည်တွင်းစစ်ကြီးနဲ့ တွေ့ကြုံပြီးတဲ့နောက် အရင်က နုနုနယ်နယ် ကောင်မလေး စကားလက်ဟာ ပြောင်းလဲသွားတယ်။ ချစ်ရတဲ့အမေဆုံးတယ်၊ သူ့ငယ်သူငယ်ချင်းတွေ တိုက်ပွဲမှာကျကုန်တယ်။ သူကိုယ်တိုင် ခက်ခက်ခဲခဲပင်ပင်ပန်းပန်း ရုန်းကန်လာရတယ်။ ညကြီးမင်းကြီး စစ်ပွဲတွေကြားမှာ သူ့ကလေးမဟုတ်တဲ့ နီတာရဲလေး ၊ လူမမာအမျိုးသမီးတစ်ယောက်နဲ့ မိုးထဲ ရေထဲ စစ်သားတွေကို ရှောင်ပြီး ထွက်ပြေးခဲ့ရတယ်။အရင်ကလိုလေးသေးမရှိ နေခဲ့ရသူက အစာငတ်ပျက်မှုနဲ့ ကြုံရတဲ့အခါ အပြုအမှု ၊စိတ်ဓာတ်တွေက မာကျော်လာတယ်၊ ကြမ်းတမ်းသွားတယ်။ကိုယ်တိုင် ဆုံးဖြတ်ရ၊ ဦးဆောင်ရမှုကြောင့် သတ္တိကောင်းလာတယ်။ဘာမဆိုရင်ဆိုင် ရဲလာတယ်။သိမ်သိမ်မွေ့မွေ့ မိန်းကလေးတစ်ယောက် စစ်ဒဏ်၊ အစားငတ်ပျက်မှုတွေကြောင့် စိတ်ဓာတ်ရင့်မာလာခဲ့တယ်။လှပထက်မြက်ပြီး ငယ်စဉ်က အိမ်မှာ အခြွေအရံတွေနဲ့ပြည့်စုံစွာနေခဲ့ရတဲ့ စကားလက်ဟာ ပြည်တွင်းစစ်အတွင်းမှာပဲ ဒုက္ခမျိုးစုံခံစားဖြတ်ကျော်ရင်း ရင့်ကျက်လာတယ်။ စိတ်ညစ်စရာရှိလာတိုင်း မနက်ဖြန်မှစဉ်းစားမယ် ဆိုတဲ့သူ့ရဲ့အကျင့်လေးက စာဖတ်သူကို အားဖြစ်စေတယ်။
"နောက်တစ်ခါ ဘယ်တော့မှ မငတ်စေရဘူး " ကိုယ်တွေ့ဒုက္ခတွင်းက ထွက်လာတဲ့ ပဲ့တင်သံနဲ့အတူ စကားလက်တစ်ယောက် ယောင်္ကျားတွေနဲ့တန်းတူ ပိုက်ဆံရှာနိုင်အောင် အားထုတ်ခဲ့တယ်။ သူလုပ်ရပ်တိုင်းကို အမြဲ အားပေးသူက ရက်ဘတ်တလာနဲ့ မီလာနီ ဆိုတဲ့ အမျိုးသမီးပဲရှိတယ်။
စည်းစနစ်ကြီးတဲ့ မေမေတို့ခေတ် ကုန်သွားပြီ၊
ယခုခေတ်က ပြတ်သားနိုင်မှ တော်ကာကျမယ် ဆိုကာ သူ့ကိုယ်သူ ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ မိန်းမငယ်လေး
"ကလေးမွေးသည့်ကိစ္စကလွဲ၍ လောကတွင် ယောကျ်ားမပါပဲ မိန်းမတွေ မလုပ်နိုင်သည့်အရာ မရှိ" ဟု စကားလက် ယူဆလိုက်တယ်။
ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ရက် ဘတ်တလာက နာမည်ပျက်တွေအများကြီးနဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။တောင်ပိုင်းပဒေသရာဇ် တွေနဲ့ မြောက်ပိုင်း ယန်ကီးတွေကြားမှာ ရေလိုက်ငါးလိုက် ပေါင်းသင်းပြီး စစ်အတွင်း စီးပွားရှာ ခဲ့ပြီး အများက တစ်ကိုယ်ကောင်း သမား လို့ သတ်မှတ်ခြင်းခံခဲ့ရသူတစ်ဦး ပါ။စကားလက်ကို ၁၆ နှစ်သမီး အရွယ်လောက် ကနေ ဘဝတစ်လျှောက်လုံး ''ဒီ မိန်းမသားလေး ဘာတွေရှုပ်မလဲ ရှုပ်စမ်း '' ဆိုတဲ့အတွေး နဲ့ စောင့်ကြည့်ရင်း ချစ်လာခဲ့ရသူပါပဲ ။ အမေရိကန်တောင်ပိုင်းသားတို့ရဲ့ ရှေးရိုးစွဲအတွေးအခေါ်
နဲ့စနစ်တွေကို အားမပေးတစ်ယောက်၊ ပြောပုံ ဆိုပုံ တွေက အတော် မိုက်တယ်၊ ဂေါ်တဲ့ ဘဲ လို့ပြောရမယ်။မှောင်ခိုကုန်ကူးတယ်။ ပိုက်ဆံရှာတယ်။ မြေရှင်စနစ်ကိုဆန့်ကျင်ပြိီးတော့လွပ်လပ်စွာ ကုန်ကူးသန်းရောင်းဝယ်လိုသူဖြစ်ပါတယ် ရက် ဘတ်တလာဟာ ပဒေသရာဇ်စနစ်ရဲ့ လူမှူရေးကျင့်ဝတ်တွေက
Unlock to read this premium article with 100 points.