Reviews by Benevolent
စာမျက်နှာ ၉၉၇ နဲ့ ပီကင်း ဝတ္ထုကြီးဆိုတာ ကျွန်တော်တို့နိုင်ငံနှင့် ရေကြောမြေကြောထိဆက်စပ်နေတဲ့ တရုတ်နိုင်ငံအကြောင်းကို အဖြစ်မှန်အချက်အလက်များအခြေခံရေးထားတဲ့ ဝတ္ထုသာဖြစ်တယ်။ဆရာမောင်ထွန်းသူ နှစ်သက်ခဲ့သလို နောက်ဆုံးဘာသာပြန်ပေးခဲ့တဲ့ စာအုပ်၊ မူရင်းစာရေးဆရာ အင်္ဂလိပ်အမျိုးသား စာရေးဆရာ၊ ရိုက်တာ သတင်းဌာန နိုင်ငံခြား သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့တဲ့ အန်သိုနီဂရေး (Anthony Grey)ရဲ့ စာအုပ်ရှစ်အုပ်တွင် ပီကင်း ၊ဆိုင်ဂုံကို အကောင်းဆုံးနှစ်အုပ်အဖြစ် သတ်မှတ်ထားကြတယ်။ ဆိုင်ဂုံက ဇာတ်လမ်းသဘောတရားအရ သာချင်သာလိမ့်မယ်၊ မြန်မာလူမျိုးတွေအတွက်တော့ ပီကင်း အဖြစ်အပျက်များ က မြန်မာလူမျိုးများနှင့်ပိုပြီး ရင်ဘတ်ချင်းနီးတယ်လို့ ထင်တယ်။၀တ္ထုထဲက အချို့နေရာတွေကလွဲလို့ အချက်အလက်တော်တော်များများဟာ တစ်ကယ့်အဖြစ်မှန်တွေပေါ်မှာ အခြေခံပြီးရေးထားတာလို့ သိရတယ်။ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်တဲ့ တရုတ်နိုင်ငံ မဟာတံတိုင်းကြီးကို တောင်စဉ်တောင်တန်းများနဲ့ နောက်ခံပြုထားတဲ့ သဏ္ဍာန် မျိုးပါပဲ။
ဇာတ်လမ်းရသ ထက် သမိုင်းအချက်အလက်များက ပိုများတယ်လို့ မြင်မိတယ်။
၁၉၂၀ မှ ၁၉၈၀ ပြည့်နှစ်အထိ ခေတ်သစ်တရုတ် နိုင်ငံအကြောင်းတခမ်းတနားရေးထားတဲ့ ဝတ္ထုကြီးလို့လည်းဆိုနိုင်တယ်။တရုတ်ပြည့်သူတို့၏ နိုင်ငံရေးဘဝ ၊ စီးပွားရေးဘဝ ၊ ဘာသာရေးဘဝ ၊ လူမှုရေးဘဝနှင့် စစ်ရေးဘဝများကို အပီအပြင် မော်ကွန်းတင်ထားတယ်။ကမ္ဘာကျော် တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်ကြီး ဖြစ်တဲ့မော်စီတုန်းနှင့် ရုပ်ရှင်သရုပ်ဆောင်ဟောင်း မော်စီတုန်းဇနီးဖြစ်လာသူ မဒမ်ချန်ချိုင်း တို့ ဖန်တီးခဲ့ကြတဲ့ ဒုက္ခ၊ဆင်းရဲမွဲတေမှုကို ဖြစ်လာစေတဲ့ ယဉ်ကျေးမှု တော်လှန်ရေး(Cultural Revolution)အကြောင်း၊ ဥက္ကဌကြီးမော်စီတုန်းရဲ့ The Great Leap Forward ခေါ်တဲ့ မဟာခုန်ပျံကျော်လွှားစီမံကိန်းကြီးပေါ်ထွက်( အမျိုးသားဝါဒ လက်ကိုင်ထားတဲ့ ချန်ကေရှိတ် မော်စီတုန်းကို စစ်ရှုံးပြီး အမေရိကန် ထောက်ခံကူညီမှုယူကာ စစ်သား သန်းဝက်ခန့်ဖြင့် ဖော်မိုဆာ ခေါ် ထိုင်ဝမ်ကျွန်းမှာ အခြေချသွားတဲ့အကြောင်း ၊မော်စီတုန်း အရိုက်အရာကိုဆက်ခံလိုသူ ပါတီ ဒုတိယဉက္ကဌဟွာကိုဖုန်း ၊ ဝန်ကြီးချုပ် ချူအင်လိုင်း မျက်စိကျခဲ့သူ တိန်ရှောင့်ပိန် စတဲ့ ပုဂ္ဂိုလ်များ၏ စိတ်နေစိတ်ဓာတ်၊ အကျင့်စရိုက်များကို အပီအပြင် လေ့လာ သုံးသပ်ခွင့်ရမယ့်စာအုပ်ပါ။တိန်ရှောင့်ပိန် ဟာ ပါတီရဲ့ အမြင့်ဆုံး နေရာမှ နှစ်ကြိမ်တိတိ အထုတ်ပယ်ခံခဲ့ရတယ်၊ ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုဟု အသိအမှတ်ပြုခံခဲ့ရတဲ့ မဟာခရီးရှည်ချီတတ်ပွဲကြီးအပြီး အရပ် ငါးပေ အနည်းငယ်သာ ကျော်တဲ့ ပုကွကွ ဂင်တိုတို တော်ရုံတန်ရုံအရှုံးမပေးလိုစိတ်ရှိတဲ့ တိန်ရှောင့် ပိန်ဟာ လူဦးရေးသန်းကိုးရာရှိတဲ့ တိုင်ပြည်ကို စီမံခန့်ခွဲရမည့် တာဝန် ပေးအပ်ခြင်းခံရတယ်။
ရှန်ကေရှိတ် အာဏာရှင်ကို မောင်းထုတ်ပြီး ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ နာမည်လှလှလေးကို အသုံးချပြီး အာဏာတည်မြဲရေးအတွက် မော် နှင့် ဇနီး တို့က တစ်ပါတီအာဏာပြမှုကို စပြီးအသက်သွင်းလာကြတယ်။လွဲမှားတဲ့ဆုံးဖြတ်ချက်တွေရယ် အာဏာတည်မြဲရေးကို ဦးစားပေးတဲ့အနေနဲ့ လုပ်ဆောင်ချက်တွေလုပ်ခဲ့ရာမှာ မြေးက အဖိုးကိုသတ်၊ ဦးလေးကို ဖမ်းပြီး နှိပ်စက်ဖို့တူအရင်းကဦးဆောင်မှုတွေကြား အစားငတ်မွတ်မှုတွေဖြစ်ပေါ်လာခဲ့တယ်။ ယဉ်ကျေးမှုတော်လှန်ရေးက လူအများအတွက် သည်းမခံနိုင်လောက်အောင် ဆိုးဝါးတဲ့ လူတွေမွေးထုတ်ခဲ့တယ်၊ တချို့ လူတွေဟာ အဆိုးဆုံးတွေ ၊ တော်လှန်ရေးသမားအများစုဟာ သူတို့ ကိုယ်ကျိုးတစ်ခုတည်းအပေါ် ရှေးရှုပြီး သစ္စာမဲ့ခဲ့ကြတယ်။
မတရားသဖြင့် နှိပ်စက်ညှဉ်းပမ်းခြင်း ခံရပြီး သေဆုံးသွားခဲ့ရတဲ့ ယဉ်ကျေးမှု တော်လှန်ရေး အဆိုးဝါးဆုံး နှင့်အမှားဆုံး ကျူးလွန်မှု တစ်ခု၊ တရုတ်နိုင်ငံ စည်းလွတ်ဝါးလွတ် ဖြစ်နေတဲ့ အခြေအနေများက ထိန်းသိမ်းပေးခဲ့သူက ချူအင်လိုင် နဲ့ တိန်ရှောင့် ပိန် ပင်ဖြစ်တယ်။ တိန်ရှောင့်-ပိန် ဇာတ်လမ်းက အလွန် ဇာတ်ဆန်တယ်၊ မော် သဘောကျတဲ့ ပထမအဆင့် ကာကွယ်ရေးဝန်ကြီး လင်ပီယာအို ကိုကျော်ပြီး ဖြစ်လာခဲ့တယ်။ ရဲဘော်ဘဝ တိန်ရှောင့်-ပိန်ကို ရာထူးက ဖယ်ရှားပြီး ဖမ်းဆီးဖို့ ကြံစည်းခဲ့ကြတယ်၊ တပ်ထဲက စစ်ခေါင်းဆောင် တချို့က လိုအပ်တဲ့ စစ်ရေး အကူအညီပေးပြီး တောင်ပိုင်းဒေသက နေရာ တစ်နေရာကို ပို့ပြီး ပုန်းနေခိုင်းခဲ့တယ်။
ယဉ်ကျေးမှု တော်လှန်ရေးထဲတွင် အထိအခိုက်မရှိဘဲ လွတ်မြောက်ကာ အသက်ရှင် ကျန်ရစ်ခဲ့သူတစ်ယောက်လည်းဖြစ်တယ်။အလွန်အမင်း ယိုယွင်းပျက်ပြားနေတဲ့ နိုင်ငံတော်အတွက် ခိုင်မာတည်တံ့လာအောင် အခြေအနေအရပ်ရပ်ကို ပြန်လည်ပြုပြင် ကြိုးပမ်းပေးခဲ့သူက လက်တွေ့ဘဝကိုသာ အလေးထားတဲ့ ဝန်ကြီးချုပ် ချူအင်-လိုင်း ပဲဖြစ်တယ်။ ချူအင်-လိုင်း မဇ္စိုမပဋိပဒါ အလယ်အလတ်သမား ခေါင်းဆောင်များတချို့ကို အကာအကွယ် ပေးခဲ့ဖူးတယ်။အထင်ရှားဆုံးက တိန်ရှောင့် -ပိန် (ဒိန်ရှောင့်-ပိန်) ၊ လျူရှောက်-ချီ (သမ္မတ) တို့ပင်ဖြစ်တယ်။ မော်စီတုန်း ထုံထိုင်းတဲ့ရောဂါ ( သွက်ချာပါဒရောဂါ) ခံစား
Unlock to read this premium article with 100 points.