Morphea
သေချာတာကတော့ ကားပြတင်းပေါက်အပြင်ဘက်ကို ငေးမိတာ များသွားတာနေမှာပါ
ဟုတ်လောက်မယ်...ကိုယ်ဟာ ရှုခင်းလှလှလေးတွေငေးမောရတာကြိုက်လွန်းသူ၊ ကောင်းကင်ပေါ်လွင့်မောနေတဲ့တိမ်စိုင်တွေကို မော်ကြည့်ရခြင်း နှစ်ခြိုက်သူ၊ ပြတင်းပေါက်ကနေတစ်ဆင့် မျက်နှာပေါ်တိုက်ခတ်လာမဲ့ လေကြမ်းကြမ်းတွေကိုမှ လိုလားသူ... သူများတွေကြိုးစားနေကြတာ အောင်မြင်နေကြတာကို ကြည့်ရင်းနဲ့ ငါ ငေးမောနေခဲ့တာကြာရောပေါ့ ...daydreaming တွေ illusions တွေနဲ့ ငါ့ရဲ့စိတ်ကို ငါ့ကိုယ်တိုင် လှည့်စားထားတာ၊ ပိတ်လှောင်ထားတာ
အမေကပြောတယ်
"အချိန်တွေ အရမ်းကုန်နေပြီ...မရောက်နိုင်သေးဘူးလား"
ကားရှေ့ကို ပြန်ကြည့်လိုက်မိတယ်
ငါဘယ်ကတည်းက ကားကို ရပ်ထားမိလိုက်ပါလိမ့်...ဘယ်လောက်တောင် ဘေးပတ်၀န်းကျင်ကိုပဲကြည့်မိတာ ကြာသွားတာလဲ...ရှုခင်းတွေအပေါ် ပျော်မွေ့နစ်မြုပ်သွားရင်းနဲ့ ငါ ရှေ့ဆက်သွားဖို့တောင် ကားမောင်းနည်းတွေ မေ့သွားခဲ့တယ်...
ဘယ်လိုပြန်စရပါမလဲ ငါ ဘယ်လမ်းတွေ ရွေးရမလဲ လွတ်မြောက်သူတို့ ဖောက်သွားရာလမ်းတွေ များလွန်းတော့ တွေ၀ေနေမိတယ်...
ကဲ အသိစိတ်ချပ်ပြီး ငါတတ်နိုင်တာလေးတွေလုပ်ကြည့်ကြတာပေါ့ ...ကားစက်ပြန်နှိုးရဦးမှာပေါ့လေ မှတ်မိသလောက်နဲ့ ရှေ့ဆက်ကြည့်မယ်
ရောက်ချင်တဲ့ အိပ်မက်မြို့ကလေးဟာ အ၀ေးကြီးလိုသေးတာမို့...
(This isn't about driving cars, iykyk)
Keep Reading