the IX
(၃)
သင်္ကြန်အကြတ်နေ့
မျက်နှာကို တည့်တည့်ထိုးလာသောနေရောင်ကြောင့် တူးပို့ အိပ်ရေးမဝသေးသော်လည်း နိုးလာသည် ။ ထို့ကြောင့် အကြောဆန့်လိုက်ပြီး မိမိနံဘေးနေရာအား လက်နှင့်စမ်းကြည့်လိုက်သည် ။ လေဟာနယ်ကိုသာစမ်းမိသဖြင့် ဝုန်းကနဲငုတ်တုတ်ထထိုင်လိုက်ကာ အခန်းထဲသို့ဝေဝဲကြည့်လိုက်မိသည် ။ ဦးလျှံကိုတွေ့ရမည့်အစား ကုတင်ဘေးရှိဗီဒိုပေါ်တွင်တင်ထားသော ဦးလျှံ၏မျက်မှန်ကိုသာတွေ့ရသည် ။ ထိုမျက်မှန်က မှန်များကွဲကာ တစ်စစီဖြစ်နေသောကြောင့် လန့်သွားပြီး
" ငါညကဘာတွေလုပ်လိုက်မိတာလဲ "
ဟု ရေရွတ်လိုက်ကာ ကုတင်ပေါ်မှခုန်ဆင်း၍ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည် ။
◾
ထက်မြတ် မာမားတို့နှင့်မနက်စာစားနေစဥ်
" ဦးလျှံ "
ဟူသော ခေါ်သံနှင့်အတူ တူးပို့က ထမင်းစားခန်းထဲသို့ပြေးဝင်လာသည် ။ တူးပို့၏အသံကြောင့် မိမိအပါအဝင် မနက်စာစားနေကြသူများက တူးပို့ကိုဝိုင်းကြည့်ကြသည် ။ ထို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး တူးပို့ကို
" တူးပို့လွင် .... အော်ကြီးဟစ်ကျယ်နဲ့ဘယ်လိုဖြစ်နေတာလဲ "
ဟု ခပ်ကြိတ်ကြိတ်မေးလိုက်သည် ။ တူးပို့က
" ဦးလျှံမောင့်ကိုထားသွားပြီလို့ထင်နေတာ "
ဟု ငိုမဲ့မဲ့နှင့်ပြောလာသောကြောင့် တူးပို့အနားသို့လျှောက်သွားလိုက်ပြီး
" ကျစ် .... ကလေးဆန်မနေစမ်းနဲ့ တူးပို့ရယ် .... ကိုယ်ကမင်းကိုဘာဖြစ်လို့ထားခဲ့ရမှာလဲ "
ဟူ၍ ပြောလိုက်သည် ။ တူးပို့က
" မောင်မနေ့က ဦးလျှံမကြိုက်တာတွေပဲလုပ်ခဲ့မိတယ်လေ .... အဲ့ဒါကြောင့် ဦးလျှံမောင့်ကိုမုန်းသွားပြီထင်လိုက်တာ "
ဟု မိမိစကားကို တုံ့ပြန်လာသောကြောင် တူးပို့၏လက်ကိုဆွဲလိုက်ပြီး
" ပေါက်ကရတွေလျှောက်ပြောမနေပဲ မနက်စာလာစားတော့ "
ဟူ၍ ပြောလိုက်သည် ။
◾
ဦးလျှံက ထားမသွားသော်လည်း မနက်စာစားပြီးကတည်းက အနားသို့မလာသဖြင့် တူးပို့ စာအုပ်ဖတ်နေသောဦးလျှံ၏ဘေးတွင်ထိုင်လိုက်ပြီး
" ဦးလျှံ "
ဟု ခေါ်လိုက်သည် ။ ဦးလျှံက မတုံ့ပြန်သောကြောင့် ဦးလျှံ၏လက်ထဲမှစာအုပ်ကိုဆွဲလုလိုက်ပြီး
" မောင့်ကိုကြည့်အုံးလို့ "
ဟု ပြောလိုက်သည် ။ ဦးလျှံက မိမိစကားအတိုင်း မော့ကြည့်လာသောကြောင့် တွေဝေမနေတော့ပဲ ဦးလျှံ၏နှုတ်ခမ်းကို ဖိကပ်နမ်းကာ ဦးလျှံ၏ခန္ဓာကိုယ်ကိုကို ဆိုဖာထဲသို့နစ်ဝင်လုနီးပါးဖြစ်အောင် ဖိချပစ်လိုက်သည် ။ ထိုအခါ တစ်ချိန်လုံးငြိမ်သက်နေသောဦးလျှံက မိမိ၏ကျောကုန်းကို လက်နှင့်အသည်းအသန်ကုတ်ခြစ်ကာ ရုန်းကန်သည် ။ ထို့ကြောင့် လွှတ်ပေးလိုက်ပြီး
" ဘာဖြစ်လို့လဲ ဦးလျှံ "
ဟု မေးလိုက်သည် ။ ဦးလျှံက
" ခါး "
" ခါးကအရမ်းနာနေတယ် ... ဘာဖြစ်လို့ မမေးမစမ်းနဲ့လူကိုလုပ်ချင်တာတွေဇွတ်လုပ်နေရတာလဲ တူးပို့ရေ "
ဟု ပြောသဖြင့် မျက်လုံးပြူးသွားကာ
" မနေ့ညက မောင်လုပ်လိုက်လို့နာနေတာလား .... မောင်တောင်းပန်ပါတယ် .... မောင်မမှတ်မိလို့ပါ "
ဟူ၍ ပြောလိုက်သည် ။
◾
မနေ့ညကဒဏ်ရာကြောင့် ကျိုးလုနီးပါးဖြစ်သွားရသော ထက်မြတ်၏ခါးက တူးပို့၏ဇွတ်တရွတ်ဆန်မှုကြောင့် ထိုင်ပင်မထိုင်နိုင်သောအခြေအနေသို့ရောက်သွားရသည် ။
သင်္ကြန်အကြိုနေ့ကတည်းကစ၍ တစ်ခုပြီးတစ်ခုပြသနာရှာနေသောတူးပို့နှင့် စကားဆက်ပြောကာဆက်ပတ်သတ်နေလျှင် အခြားပြသနာများသည်လည်းရောက်လာပေလိမ့်အုံးမည်ဖြစ်သောကြောင့်စိတ်ညစ်ညစ်နှင့်ပင် အိပ်ရာထဲတွင်ကွေးနေလိုက်သည် ။ ထိုစဥ်
" ဦးလျှံ "
ဟူသော ခေါ်သံနှင့်အတူ တူးပို့က အခန်းထဲဝင်လာသည် ။ ထို့ကြောင့်
" ကိုယ့်မှာမင်းနဲ့ရန်ဖြစ်စကားများနေဖို့အားမရှိဘူး တူးပို့ "
ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် တူးပို့က မိမိဘေးတွင်ဝင်လှဲပြီး
" ဦးလျှံကလည်း .... တစ်ချိန်လုံး တမင်းမင်းနဲ့သူစိမ်းဆန်လိုက်တာ .... အရင်ကလို မောင်လို့ပဲခေါ်လေဗျာ "
ဟု ပြောသည် ။ အပြစ်လုပ်စဥ်ကလုပ်ထားပြီး ယခုမှမောင်ဟုအခေါ်ခံနေလိုသောတူးပို့ကို ကြည့်မရသောကြောင့်
" အဲ့ဒီမောင်ဆိုတဲ့စကားကို လီလီတို့ ၊ ဝါနုတို့ကိုသွားခေါ်ခိုင်းလိုက် "
ဟု အော်ထုတ်ပစ်လိုက်သည် ။
◾
တူးပို့ ဦးလျှံနှင့်လက်ထပ်ထားသည်မှာ ငါးနှစ်ရှိပြီဖြစ်သော်လည်း ဦးလျှံ ယခုလိုစိတ်ဆိုးသည်ကိုမမြင်ဖူးသောကြောင့် မျက်ရည်တို့က အလိုလိုဝဲလာကာ
" ဦးလျှံ "
ဟု လေသံနှင့်ခေါ်လိုက်သည် ။ ဦးလျှံက
" ငါနေလို့မကောင်းဘူး တူးပို့လွင် ..... ဘေးကနေကလေးလိုတဂျီဂျီလုပ်မနေစမ်းနဲ့ ..... နားညည်းတယ် "
ဟု ထအော်သဖြင့် ကျလုဆဲဆဲမျက်ရည်တို့က ကျလာပြီး
" ဦးလျှံက မောင့်ကိုအော်တယ် "
ဟူ၍ ပြောလိုက်သည် ။ ခါတိုင်းဆိုလျှင် မိမိအား မျက်နှာတစ်ချက်ပင်အညှိုးမခံသောဦးလျှံက ယနေ့ မိမိငိုနေသည်ကိုသိလျှက်နှင့် လှည့်ပင်ကြည့်မလာတော့သောကြောင့်
" ဦးလျှံ မောင့်ကိုမချစ်တော့ဘူးမဟုတ်လား "
ဟု ငိုရင်းကပင်မေးလိုက်သည် ။ ဦးလျှံက
" မင်းကချစ်ဖို့မှမကောင်းတော့တာ "
ဟု မိမိစကားကို ပြန်တုံ့ပြန်လာသောကြောင့် မျက်လုံးပြူးသွားပြီး
" ဦးလျှံ "
ဟူ၍ ခေါ်လိုက်သည် ။ ဦးလျှံက
" အပြင်ထွက်လည်မှာဆိုရင်လည်းထွက်လည်တော့ ..... ဒါမှမဟုတ် အနားမှာနေမယ်ဆိုရင်လည်းငိုမနေနဲ့ ..... နားညည်းတယ် "
ဟု မိမိစကားကို ထပ်တုံ့ပြန်သဖြင့် မျက်ရည်လည်ရွှဲနှင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။
◾
အသံတိတ်ငိုကာ အောက်ထပ်သို့ပြေးဆင်းလာသောတူးပို့ကို မာမားက
" ဘာဖြစ်လာတာလဲ တူးပို့ "
ဟု လှမ်းမေးသဖြင့် မာမားကိုကြည့်လိုက်ပြီး
" ဦးလျှံက သားကိုမချစ်တော့ဘူးတဲ့ "
ဟူ၍ အဖြေပြန်ပေးလိုက်သည် ။ ဤစကားအဆုံးတွင် မာမားက ပြုံးစစမျက်နှာပေးနှင့်
" ဘာဖြစ်လို့မချစ်တော့တာလဲဆိုတာကို မေးမကြည့်ခဲ့ဘူးလား "
ဟု ထပ်မေးသည် ။ မမေးခဲ့ကြောင်း ခေါင်းခါပြလိုက်သောအခါ
" သားလျှံကမင်းကိုမဆူဖို့ပြောထားပေမဲ့ မာမားပြောပါအုံးမယ် ..... သားလျှ
Unlock to read this premium article with 10 points.