Author's Profile Photo

Gatsby

11/12/2024

ငါကနီရိုးဘုရင်

1 min read
Creative
ငါကနီရိုးဘုရင်'s photo

ဒီအရေးအသားတွေထဲမှာ ဆမ်းမားဆတ်မွန်ရ် ရဲ့လွမ်းမိုးကအထင်းသားပါ။ ပါပီယွန်နဲ့ဆမ်းမားဆတ်မွန်ရ် ဆိုတာသီတဂူနဲ့ဂေါတမလို မနှိုင်းကောင်းနှိုင်းကောင်းပါ။ ငါပြောချင်တာက ဒီအရေးအသားတွေ ကိုပြောချင်တာ မြန်မာဂန္တဝင်တွေကိုဘီယာလိုရေငတ်ပြေသောက်ပြီး ကမ္ဘာ့ဂန္တဝင်တွေကို စတောက်ရ် ဝီစကီလို အရသာခံ ဖတ်နိုင်တဲ့လူတွေကတော့ ဖိုးသက်လေးရဲ့စာတွေကို အယ်လ်ကိုဟောရ် မပါတဲ့ ဘီယာလိုသဘောထားတာ ငါအသိဘဲ။ ငါ့အဆင့်နဲ့သူတို့ကို ဝေဖန်ခြင်းအမှုပြုဖို့ မစွမ်းသာပါ။ ငါ့မှာ စာဖတ်ခြင်းအမှူအတွက် ငါကိုယ်တိုင်သတ်မှတ်ထားတဲ့ စံ တွေရှိတယ်။ စံနှုန်းသတ်မှတ်ချက်တွေဆိုတာကလည်း ငါတို့လိုလူလတ်တန်းစားမိသားစုအတွင်းမှာဆိုရင် အပျော်အပါးအတွက်ငွေသုံးတာ က ဖြုန်းတီးရာကျသလို ငါတို့အပေါ်ကအသိုင်းအဝိုင်းတွေအတွက်ကတော့ လုပ်ကိုလုပ်ရမယ့် အခြေခံလိုအပ်ချက်လို့ သတ်မှတ်ထားကျသလိုပေါ့။ ကျားကြီးတော့ခြေရာကြီးပါတယ်။ နေရောင်ခြည်ကနေအစာမချက်နိုင်တဲ့ လူတွေအတွက်တော့ ဆန်အိုးထဲဆန်ရှိဖို့က အရေးအကြီးဆုံးမဟုတ်လား။ လူ့တန်ဖိုးနဲ့မူးရစ်ဆေးကလွဲပြီး အရာအားလုံး တန်ဖိုးကြီးမြင့်လာချိန်မှာ စာအုပ်တွေဆိုတာကလည်း ဇိမ်ခံပစ္စည်းဖြစ်မှန်းမသိ ဖြစ်ခဲ့ပေါ့။ ငါ့မိဘတွေ ငါ့လောက်စာမဖတ်ဖူးပါဖူး ဒါပေမဲ့ ငါစာအုပ်ထဲမှာတောင်မဖတ်နိုင်မဖတ်ချင်တဲ့ ဘဝမျိုးမှာ သူတို့လူငယ်ဘဝကို ဖြတ်သန်းကြခဲ့ရ ငါစိတ်ကူးတောင်မယဉ်နိုင်တဲ့ ငါကျော်ဖြတ်နိုင်မယ်လို့စိတ်တောင်မကူးခဲ့ဖူးတဲ့ လောကဒဏ်တွေကို ပင်လယ်ထဲကကျောက်ဆောင်တွေကို ကြံ့ကြံ့ခံနိုင်ခဲ့ကြ။ ငါက နီရိုး ဘုရင်ဘဲ။ နည်းနည်းတောင် မလိမ္မာခဲ့ဘူး။ ငါပေါက်ကရတွေလုပ်သမျှ သူတို့လိုက်ရှင်းပြီးတိုင်း နင်စာတွေဒီလောက်ဖတ်နေပြီး နင့်ခေါင်းထဲဘာမှမရှိပါလားဆိုတဲ့ ငါ့အမေရဲ့ပြစ်တင်စကားကို ငါပြန်ချေပနိုင်ဖို့အတွက် ငါအခုထိစကားမတွေ့။ ငါ့မိဘတွေက အိမ်ကိုဒုက္ခပေးတာနဲ့ ပေါက်ပန်းလေးဆယ် ဘဲပြောတက်တဲ့ စတော့ခ် တစ်ခုအပေါ် မျှော်လင့်ချက်ကြီးစွာနဲ့အများကြီးရင်းနှီးမြှပ်နှံထားကြ။ ဝမ်းနည်းစရာကောင်းတာက အဲ့စတော့ခ်က ပန်နီစတော့ခ် ဆိုတာ မသိတဲ့သူတို့ကို ငါဟားတိုက်ရယ်မောခဲ့။ ပန်နီစတော့ခ် မှန်းသိလျှက် ပျော်ပျော်ကြီး ရင်းနှီးမြှပ်နှံခဲ့ကြောင်းကိုမူ နှစ်ပေါင်း ၂၀ လုံးလုံး ဘုရင် နီရိုး မရိပ်မိခဲ့။

ကျွန်တော် ပုံထည့်သော်လည်း ထည့်မရဖြစ်နေလို့ လိုရင်းမရောက်ဖြစ်သွားခဲ့ရင် အားနာပါတယ်။

Keep Reading

အပြုံးတွေရဲ့နောက်ကွယ်စားသောက်ဆိုင်၊ ဆိုင်ခန်းတွေ လူစည်ကားစေဖို့နန်းကျဘုရင်" ဘဝထဲက သက်ပြင်းတွေ "တုန်ခါမှု ထ​ရော်မာ ပျောက်ကွယ်မသွားအမွေနှစ်များ....Book Reviewချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းငရဲတမျှ