Author's Profile Photo

Chitsu

29/06/2025

" ဘဝထဲက သက်ပြင်းတွေ "

1 min read
Life Style
Creative


ရှင်သန်ရတဲ့ ကာလကြာလေ သိလာတာက ဘယ်သူတစ်ဦးတစ်ကြောင့်မှ စိတ်အပင်ပန်း မခံချင်တော့ဘူး ။ ထွက်သွားမယ့်သူကလည်း ဘယ်လောက်မြဲအောင် ဆွဲထား ဆွဲထား ထွက်သွားတတ်ကြသလို
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းဧည့်သည် တချို့လည်း ရှိတတ်ကြသေးတာမလား ။

ဒီတော့ တွေ့ကြုံရတဲ့ သူတွေ များလာလေ ၊ ရင့်ကျက်သလိုနဲ့ အေးစက်လာပါလေရော ။ အရင်တုန်းက ရယ်မောခဲ့တာတွေက တချိန်ကျတော့ ခပ်ပြုံးပြုံးလေး နှုတ်ဆိတ်သွားပြီး ကျေးဇူးဆိုတဲ့ စကားလုံး နှစ်လုံး ပြောထွက်ဖို့ လွယ်သလောက် ပြန်ပေးဆပ်ဖို့ကျ သိပ်ခက်ခဲတာကလည်း လူ့သဘာဝပဲမလား ။

ဘာမှ မမျှော်လင့်ဘဲ ဆက်ရှင်သန်သွားဖို့ကျ လူမပီသရာကျလွန်းတယ် ။ ဒါပေမဲ့ လူလူချင်းဆီကတော့ မျှော်လင့်ချက်တွေ မထားပါနဲ့ ။မေတ္တာပေးရင် မေတ္တာပြန်ရတယ် ဆိုတာ တီလေးတွေမွေးမှ သိတော့တယ် ။

" လူတွေက သူတို့လောက်တောင် နှလုံးသား မရှိကြဘူးလေ "

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်းအထက်တန်းစားနှင့်အောက်တန်းစားအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဉာဏ်နှင့်ပညာဆင်းရဲသားလေး ဂျက်လန်ဒန်