Author's Profile Photo

SarPhat Author

25/06/2025

အပြုံးတွေရဲ့နောက်ကွယ်

1 min read
Life Style
General Knowledge
Creative

လူဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုကြရတယ်။ အမှီသဟဲပြုပြီး နေထိုင်ရတဲ့ သတ္တဝါဖြစ်တယ်။

ပူလောင်မှုတွေ ကိုယ်စီကိုယ်စီ ရှိနေကြပေမဲ့ ကိုယ့်စီကအပူဒဏ်ကြောင့် တခြားသူတွေ မထိခိုက်စေဖို့၊ မညှိုးနွမ်းစေဖို့ ဆင်ခြင်နေထိုင်ကြရတဲ့ လူသားတွေသာ ဖြစ်တယ်။

အမြဲတမ်းပျော်ရွှင်တက်ကြွနေတာပဲ ဆိုတဲ့ Ever Smile တွေမှာလည်း ကြိတ်မှိတ်ဖြေရှင်းနေရတဲ့ပြဿနာတွေ၊ အခက်အခဲတွေ၊ ထိလွယ်ရှလွယ် အစိတ်အပိုင်းတွေ ရှိနေတတ်ပါတယ်။

တစ်ခါတလေ လွယ်လွယ်ဝေဖန်ပြီး ပြောလိုက်မိတဲ့ စကားတစ်ခွန်း၊ မဆင်ခြင်ဘဲလုပ်လိုက်မိတဲ့ အပြုအမူတစ်ခုလေးကနေ တဖက်သူအတွက် နစ်နာသွားစေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။

အဲ့ဒါကြောင့် မနက်ဖြန် ဘာဆက်ဖြစ်မလဲမသေချာတဲ့ကမ္ဘာမှာ ချစ်ရသူတွေအတွက်၊ ကိုယ့်အနာဂတ်အတွက် အားတင်းပြီး ရှေ့ဆက်နေကြရတဲ့ လူသားတွေအချင်းချင်း

တတ်နိုင်တဲ့ဘက်ကနေ မျှဝေရင်း၊ ဖေးမရင်း နေထိုင်ကြမယ်ဆိုရင် ကမ္ဘာကြီးက ထင်ထားသလောက် အကျည်းမတန်နိုင်တော့ဘူးမဟုတ်လား။

Kiwi's Little Word

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုအချိန်ဆွဲတာကိုကုစားမယ် ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်