Nway Oo Maung
လူသားတစ်ဖြစ်လာတာဟာ ကံအရင်းခံရှိခဲ့လို့ဖြစ်ပါတယ်။ လူသားဖြစ်ဖို့ကံဟာ အရင်ဘဝတွေကကောင်းမှုရှိခဲ့လို့ဖြစ်၏။လူလားမြောက်ပြီးနောက် လူတန်းစေ့နေနိုင်ဖို့၊ ပညာတတ်မြောက်ပြီး လူ့ဘဝကိုပျော်ရွှင်စွာဖြန်သန်းနေနိုင်ဖို့ကြတော့ "ကံ"တစ်ခုတည်းနဲ့ မရတော့ဘူး။ ဝီရီယနဲ့ ဉာဏ်ဟာလိုအပ်လာတယ်။ကျိုးစားမှုနဲ့ ဉာဏ်အမြော်အမြင် ဆင်ခြင်တုံးတရားတို့၏ ကူညီမှုမရရှိခဲ့ရင် "ကံ"တစ်ခုတည်းနဲ့တင် ဘဝပြည့်စုံမှု, အောင်မြင်မှုဆိုတာ မဖြစ်နိုင်ဘူး။
ကံ,ဉာဏ်,ဝီရိယ, သုံးခုက အဓိကလိုအပ်ချက်တွေဖြစ်၏။ နောက်တစ်ဆင့်တက်ပြီး ဘဝတစ်ခု၏ပြည့်စုံမှု,ဝါသနာပါတဲ့ နယ်ပယ်မှာအောင်မြင်ဖို့အတွက် ကာလ, ဒေသ,ပုဂ္ဂိုလ်,ကိုရွေးချယ်တတ်ဖို့လိုလာပြန်၏။
၁။ကာလ
ကာလဆိုတာ ကာလဆိုး, ကာလကောင်း, နှစ်မျိုးရှိ၏။ မင်းဆိုးမင်းညစ်အုပ်စိုးတဲ့အချိန်ကာလ,စစ်ဖြစ်နေသောအချိန်ကာလ,တွေဟာ မကောင်းသောကာလဖြစ်၏။ ထိုကာလမှာ ကိုယ်ရဲ့ ကံ,ဉာဏ်,ဝီရိယတို့ သိပ်အရာမထင်နိုင်ဘူး။
နိုင်ငံတိုးတက်သာယာဝပြောတဲ့အချိန်,စစ်ပွဲကင်းတဲအချိန်တွေဟာ ကောင်းသောကာလဖြစ်၏။ ထိုကာလမျိုးမှာ ကံ,ဉာဏ်ရှိပြီး ကြိုးစားသလောက် အောင်မြင်မှု့ရဖို့များ၏။
၂။ဒေသ
ကိုယ်က အနုပညာဝါသနာပါလို့ အနုပညာဘက်မှာ အောင်မြင်မှုရချင်တယ်ဆိုရင် အနုပညာရှင်တွေအနေများတဲ့ ဒေသကိုရွေးချယ်ရမှာပေါ့။စီးပွါးရေးသမားဖြစ်ချင်
ရင်တော့ စီးပွါးရေးသမားတွေနေတဲ့အရပ်ဟာ သင့်လျော်တဲ့အရပ်ဖြစ်၏။
၃။ပုဂ္ဂိုလ်
ပုဂ္ဂိုလ်ကတော့ ကိုယ်သွားမဲ့ လမ်းကြောင်း,နယ်ပယ်နဲ့ဆိုင်တဲ့ တတ်ကျွမ်းပညာရှင်၊ ပညာရှင်မဟုတ်တောင် နည်းလမ်းပြပေးနိုင်သောသူကို ဆိုလိုတာဖြစ်၏။
ရည်မှန်းချက်အောင်မြင်ဖို့(သို့မဟုတ်)ဖြစ်ချင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ ကံ,ဉာဏ်,ဝီရိယအပြင် ကာလ,ဒေသ, ပုဂ္ဂိုလ်ဟာ အရေးပါတယ်။
ကာလ,ဒေသ,ပုဂ္ဂိုလ်သုံးမျိုးထဲမှာ ကာလနဲ့ဒေသကအလွယ်သိနိုင်ပေမဲ့ ပုဂ္ဂိုလ်ကတော့ အပေါ်ယံကြည့်ပြီးမသိနိုင်ဘူး။
ဒီလူဟာ တကယ်အရည်းအချင်းရှိသူ,အတွင်းစိတ်ပုတ်တဲ့သူ,အတ္တကြီးသူ,စိတ်သဘောထားပြည့်ဝသူ,ဆိုတာတွေက ခဏပေါင်းကြည့်ယုံနဲ့သိဖို့ခက်တယ်။ရေရှည်ပေါင်းကြည့်ပြီး လေ့လာနိုင်မှ သိနိုင်မှာဖြစ်၏။
တချို့သူတွေရှိတယ် ကံသိပ်ကောင်းကြတော့ ဉာဏ်နှင့်ဝီရိယကို အားမကိုးတော့ဘူး။ ကံကြောင့်ဖြစ်နိုင်တယ်လို့ပဲတွေးကြတယ်။ "ကံကိုယုံ ဆူးပုံမနင်းနဲ့" လို့(ကံကိုယုံ မီးပုံအတွင်မသက်ဆင်းရာ လို့လည်းရှိသည်) မြန်မာစကားပုံရှိတယ်၊ ကံကောင်းတယ်ဆိုတိုင်း ဉာဏ်မပါဘဲ လုပ်ချင်ရာ လုပ်လို့မရဘူး၊ ဆူးပုံနင်းရင်တော့ သေချာပေါက်ဆူးစူးမှာပဲ။ ဆိုလိုတာကတော့ "ကံ"တစ်ခုတည်းနဲ့ ဘဝမှာအောင်မြင်မှု, ချမ်းသာကြွယ်ဝမှု,တွေမရနိုင်ဘူး။ကြိုးစားမှုနဲ့ ဉာဏ်အမြော်အမြင်ရှိဖို့လည်းလိုအပ်တယ်။
အတွေးအခေါ်နည်းတဲ့သူတွေကြတော့ ကံ,ဉာဏ်,ဝီရိယ,သုံးခုလုံးကို မယုံကြည့်ဘူး။ စာမေးပွဲအောင်ဖို့ ပွဲထိုးတယ်၊နိုင်ငံခြားသွားရ
ဖို့ပွဲထိုးတယ်၊ ကံတွေကောင်းအောင် ဗေဒင်မေးပြီးယတြာချေတယ်၊ မကြိုးစားပဲ ဘာမှဖြစ်မလာနိုင်ဘူး။
Keep Reading