Jace
လူတစ်ယောက်က သူရဲ့အတွေးတွေကို ကလိထိုးပြီး ရှာဖွေနေတာလို့ ကျွန်တော် ဖြေမိမယ်ထင်တယ်
ကလိထိုးတာလို့ဘာလို့ သုံးနှုန်းလဲဆိုရင် Content တစ်ပုဒ်ကိုဖန်တီးရတဲ့နေရာမှာဘက်ပေါင်းစုံကနေ
ထောင့်စေ့နေအောင်ရေးရမှာမို့ကိုယ့်ရေးမဲ့Contentနဲ့သက်ဆိုင်တဲ့ information တွေကိုတစ်ချက်ခြင်းဆွဲထုတ်ပြီးအချိန်အတော်ကြာ စဉ်းစားပြီးအပြီးသတ်ရတာမို့ပါ ကျွန်တော့်တီချယ် ပြောခဲ့တဲ့စကားကိုသွားသတိရမိတယ် ကျွန်တော်စစချင်းContent writing သင်တန်းတက်တုန်းက ဦးနှောက်စားတာခံချင်ရင် ခေါင်းစားခံချင်ရင် ဆက်တက်ပါတဲ့ အဲ့လိုဖြစ်တာမကြိုက်ရင်အခုကတည်းကဆက်မတက်တာအကောင်းဆုံးပါဘဲတဲ့ ပထမဆုံးရက်မှာတော့အဲ့စကားကဘာကိုဆိုလိုမှန်းမသိခဲ့ဘူး တစ်ပတ်နှင့်တစ်ပတ်သိလာတာက ညတိုင်း အလူးအလဲ တီချယ် ချပေးတဲ့Content ခေါင်းစဉ်နဲ့ပက်သက်ပြီး ကိုယ့်မှာရှာရ ရေးရ ဘယ်နေရာမှာဘယ်လိုရေးရမလဲတွေးရ နဲ့အလုပ်ရှုပ်နေခဲ့တဲ့ညတွေပေါ့ ကိုယ့်ရေးတဲ့content ကဘယ်လောက်ပဲကောင်းနေကောင်းနေ အရေးအသားနဲ့စကားလုံးသုံးပုံတွေကရိုးရှင်းနေရင် ပျင်းစရာကြီးဗျ လူစိတ်၀င်စားဖို့ရေးရတာမို့ဂရုတစိုက်သုံးနှုန်းရတာပေါ့ အဲ့လိုနဲ့ ကျွန်တော်ဘဝမှာ ပထမဆုံး လေးနက်စွာ လိုချင်မိခဲ့တဲ့ Content writer certificate ကိုရရှိခဲ့ပါတယ်
လူတွေဆဲတာမခံချင်ရင်ဒီအလုပ်ကိုမရွေးဖို့အကြံပေးပါရစေ ကျွန်တော်သူငယ်ချင်းတွေနဲ့စုပြီးpage ဖွင့်ဖူးပါတယ် အဲ့တုန်းက ဖွင့်ဖွင့်ချင်းမို့စမိတ်ဆက်တာ မိတ်ဆက်တဲ့စာမှာအရေးအသားတစ်ခုမှားနေလို့ကျွန်တော်အစ်ကိုက ၀င်ကြည့်ပြီး ( ဟျောင့်မင်းဆဲခံရမယ်နော်တဲ့ ပထမဆုံးရခဲ့တဲ့မိုတီပါ ) page နာမည်ကို carnation blooms ဆိုပြီးပေးခဲ့တယ် carnation ပန်းတွေပွင့်လန်းလာသလိုပဲ လူငယ်တွေရဲ့ဖန်တီးမှုလမ်းကြောင်းကလည်း တိုးတက်လာရမည် ဆိုပြီး အဲ့လိုဓိပ္ပာယ်သတ်မှတ်ချက်နဲ့ ချပြခဲ့တာပါ လောလောဆယ်တော့ ခနနားထားပါတယ် page ကိုဦးစီးနေတဲ့ကျွန်တော်အပါအ၀င် လူငယ်သူငယ်ချင်းနောက်နှစ်ယောက်လုံးက ကျွန်တော်တို့ရဲ့ အဓိကလမ်းတစ်ကွေ့ကိုကျော်ဖြတ်နေရတာမို့page နဲ့ပက်သက်တဲ့ကိစ္စမှန်သမျှရပ်နားထားခဲ့ရတာပေါ့
page ဖွင့်တာကိုလွယ်တယ်လို့ထင်ကြလား??
Unlock to read this premium article with 10 points.