Author's Profile Photo

နိုင်း - nine

8/12/2024

အတ္တနဲ့ချစ်ခြင်းတရား

1 min read
General Knowledge
Psychology
အတ္တနဲ့ချစ်ခြင်းတရား's photo

လူသားတွေဆိုတာ အတ္တတွေနဲ့ဖွဲ့စည်းထားတာပါ။ လူတစ်ယောက်ဖြစ်လာပြီဆိုတည်းက အတ္တဆိုတာပါလာပါတယ်။ လူတိုင်းမှာအတ္တရှိပါတယ်၊ နည်းတာနဲ့များတာရယ်၊ ကိုယ်ချင်းစာစိတ်ရှိမရှိဆိုတာရယ်မှာ ကွာခြားသွားတာပါ။

ကိုယ်ချင်းစာစိတ်ဆိုတာလည်း အတ္တတမျိုးပဲပြောရင် နည်းနည်းများလွန်သွားမလား။ လူမှန်ရင် အကုန်လုံးကကိုယ့်အတွက်ကိုကြည့်ကြတာကြီးပါပဲ။ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုကောင်းတဲ့သူတစ်ယောက်လို့ သတ်မှတ်ချင်တဲ့ အတ္တကနေလာတာပဲ။ ဒါပေမယ့် တဘို့တည်းသမားတွေထက်စာရင်တော့ ကိုယ်ချင်းစာစိတ်ရှိတာက ပိုကောင်းတာပေါ့လေ။

ထားပါတော့ ရေးနေရင်းနဲ့ topic လွဲတော့မယ်၊ ဒီမှာ ကျွန်တော်ပြောသွားမယ့် ကြောက်ဖို့ကောင်းတဲ့ egoဆိုတာက ကိုယ့်ကိုယ်ကိုအလွန်အကြူးချစ်ခြင်းကနေ လာတာ။ ဘာကိစ္စပဲဖြစ်လိုက်ဖြစ်လိုက် ကိုယ်ဖြစ်ချင်တာပဲသိတဲ့ အတ္တသမားတွေဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်။

လူတိုင်းက ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့သူနဲ့တွေ့ရင် ကိုယ့်အတ္တတောင် ချိုးနှိမ်ထားပါတယ်ဆိုတာ အ့တာအလကားဗျ၊ အမှန်တကယ်က ကိုယ်ချစ်တဲ့သူကိုကိုယ့်နားမှာရှိစေချင်တဲ့ အတ္တကြောင့်ပဲ အ့ဒီအရာကဖြစ်တည်လာတာ။

မိဘနဲ့သားသမီးကြားက ချစ်ခြင်းတွေမှာလည်း ကျွန်‌ေတာ်တို့အာရှဘက်မှာကြည့်ရင် ကလေးတွေကိုချုပ်ထိန်းလွန်းကြတာမြင်ဖူးတွေ့ဖူးကြမှာပါ။ အ့ထဲမှာလည်း ကြောက်ဖို့ကောင်းတဲ့ မိဘတွေရဲ့အတ္တတွေပါတယ်။ ကိုယ့်ရင်သွေးမို့ အသက်ထက်ချစ်ရတဲ့သူမို့လို့ပေမယ့် ကိုယ့်ခံစားချက်တစ်ခုတည်းပဲကြည့်ပြီး ဘယ်သူနဲ့မှစိတ်မချ၊ ဘယ်သူနဲ့မှသဘောမတူ ကိုယ့်အနားမှာပဲအတင်းဆွဲထားတဲ့ မိဘတွေရဲ့အတ္တတွေပေါ့။

နောက်ဆုံး သူငယ်ချင်းဆက်ဆံရေးတွေ သမီးရည်းစားဆက်ဆံရေးတွေမှာပါ အတ္တဆိုတာရှိတာပဲ။ ကိုယ့်ပဲဦးစားပေးစေချင်တာ၊ သူတို့အနားမှာ ကိုယ်တစ်ယောက်ပဲရှိနေချင်တာ၊ တစ်ဖက်လူက အဆင်ပြေမှန်းမသိ အနားမှာရှိချင်မှန်းမသိ အတင်းဆွဲထား၊ အတင်းကပ်နေတဲ့သူမျိုးတွေပေါ့။

တကယ်တော့ ၅၂၈မေတ္တာပဲဖြစ်ဖြစ်၊ ၁၅၀၀မေတ္တာပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဆိုတာ အတ္တပါတဲ့ခံစားချက်တစ်ခုပါပဲ။ ကျွန်တော်တို့လုပ်နိုင်တာက အ့ဒီအတ္တကို လိုတာထက်ပိုမသွားအောင်ပဲ လုပ်ဆောင်နိုင်စွမ်းရှိတာပါ။ လူမှန်ရင် အတ္တရှိတာမို့လို့ ကိုယ့်ကိုယ်ကိုအတ္တမရှိတဲ့လူသားပါလို့ မညာချင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုညာတယ်ဆိုတာကလည်း အတ္တပဲလေနော်?

နိုင်း

#ego
#cappynine

Telegram - https://t.me/cappynine
Facebook - https://www.facebook.com/share/p/19bWVRQDf5/

Keep Reading

မုန်းခိုင်းတိုင်း မုန်းမှာလား ရွာရိုးကိုးပေါက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ