Author's Profile Photo

အက္ခရာ - Haruki

29/03/2024

ပျောက်ကွယ်လာပြီဖြစ်တဲ့ ပိုးစုန်းကြူးလေးများ

1 min read
General Knowledge
Culture
ပျောက်ကွယ်လာပြီဖြစ်တဲ့ ပိုးစုန်းကြူးလေးများ's photo

ညအမှောင်မှာ အစိမ်းအဝါ အလင်းရောင်လေးတွေထုတ်လွှင့်ပေးတတ်ကြတဲ့ ပိုးစုန်းကြူးလေးတွေဟာ အခုနောက်ပိုင်းမှာတဖြည်းဖြည်းအတွေ့နည်းလာပါတယ်။

ဒီလိုအကောင်ရေကျဆင်းသွားရတဲ့အကြောင်းရင်းကတော့ အလင်းရောင်ညစ်ညမ်းလာမှုနဲ့ နေထိုင်စရာရှားပါးလာမှုတို့ကြောင့်ဖြစ်ပါတယ်။

ပိုးစုန်းကြူးတွေဟာ ?

သစ်ဆွေးတွေ ရေသေအိုင်တွေနဲ့စမ်းချောင်းဘေးနားကမြေဆီလွှာတွေမှာ သားလောင်းဖြစ်ကြတဲ့အကောင်တွေပါ။

လူဦးရေတိုးတက်လာတာနဲ့အမျှ မြို့တွေများပြားလာတာကြောင့် ပိုးစုန်းကြူးတွေရဲ့နေထိုင်ပေါက်ဖွားစရာနေရာတွေရှားပါးလာပါတယ်။

ဒါ့အပြင် ‼️

ပိုးစုန်းကြူးတွေဟာ ညအမှောင်မှာ သူတို့ကိုယ်ပိုင်အလင်းရောင်တွေနဲ့မိတ်လိုက်ဖို့ကြိုးစားတတ်ကြတဲ့အကောင်တွေဖြစ်ပါတယ်။

လျှပ်စစ်မီးပေါ်ပေါက်လာတာကြောင့် သူတို့လေးတွေဟာသူတို့ ကိုယ်ပိုင်အလင်းရောင်ကို ထင်သာအောင်ထုတ်လွှင့်နိုင်ခြင်းမရှိတော့ဘဲ အရင်ကထက်ပေါက်ဖွားနှုန်းနည်းပါးလာတာဖြစ်ပါတယ်။

ဒါ့အပြင် ?

လူသားတွေရဲ့စူးစမ်းလိုစိတ်နဲ့ ပိုးစုန်းကြူးတွေကိုပိတ်လှောင်ထားတာ၊ သူတို့ကိုယ်ပိုင်နေရာတွေကို ကျူးကျော်ဝင်ရောက်တာဟာလည်း အကောင်ရေနည်းပါးလာ စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

Haruki

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels