Author's Profile Photo

My Life's Corner

7/12/2024

Social Skill?

1 min read
General Knowledge
Social Skill?'s photo

စကားဆိုတာ ကျွံရင် နှုတ်လို့မရဘူးဆိုတာ
နားလည်ခဲ့ရတယ်။

မှန်နေတိုင်းလဲ မပြောသင့်ဘူးဆိုတာ
ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။

အခြေအနေနဲ့ အချိန်အခါ
ဘယ်လိုချိန်မှာ ဘယ်လိုစကားပြောရမလဲဆိုတာ
လိမ္မာပါးနပ်စွာ သိတာဟာလဲ skill တစ်ခုပါပဲ။

လူတွေရဲ့ စိတ်ဟာ အရမ်း ရှုပ်ထွေးပွေလီတယ်၊
ပေါင်းကြည့်မှ အကြောင်းသိတယ်ဆိုတာ အမှန်။
လူတောတိုးပြီး လူရာဝင်ဖို့ဆိုတာ သိပ်ခက်လာတယ်။
ကိုယ့်ကို လူတိုင်းမကြိုက်နိုင်ဘူးဆိုတာ သိလာရတယ်။
လူတိုင်းအကြိုက်ကို လိုက်နေရတာ ပင်ပန်းတယ်။

တခါတလေ အဖြူရောင် မုသားတွေက အလုပ်ဖြစ်ပြန်တယ်။ ဒါပေမယ့် ကိုယ့်မုသားက အဖြူစစ်စစ်ဖြစ်နေဖို့ လိုအပ်ပြန်တယ်။ မဟုတ်ရင် သူများကို လိမ်ညာ လှည့်စားရာ ကျနေပြန်တယ်။

လူတွေနဲ့ လိုက်လျော ညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်ဖို့ အရင်ကြိုးစားပါ။ ဒါကလဲ လောကရဲ့ တတ်ထားသင်တဲ့ skillတစ်ခုပါပဲ။


တစ်ယောက်တည်း အမြဲမနေပါနဲ့။
လူတောတိုးကြည့်ပါ၊ လူတွေအကြောင်း သင် စာအုပ်တစ်အုပ် ဖတ်လိုက်ရသလို သိသွားပါလိမ့်မယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်း