Author's Profile Photo

the IX

6/12/2024

Oh my Husband (BL)

7 mins read
Fiction
Entertainment
Creative
Oh my Husband (BL)'s photo

♥ Oh my Husband ♥

Pt/1

1.

ခေါင်းအုံးအောက်တွင်ရောက်နေသောဖုန်းက မကိုင်မချင်းဆက်တိုက်မြည်နေမည့်ပုံပေါက်နေသောကြောင့် လင်း အိပ်ချင်မူးတူးနှင့်ပင်ဖုန်းကိုကိုင်လိုက်ကာ

" ဟုတ်ကဲ့ ..... အမိန့်ရှိပါခင်ဗျာ "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင်

" အမိန့်ရှိပါလုပ်မနေနဲ့ အလင်းရေ ..... Facebook ပေါ်တက်ကြည့်အုံး "

ဟူသော မိမိ၏အတွင်းရေးမှုးဂျူးလီ၏အသံက ထွက်ပေါ်လာသည် ။ ဤကဲ့သို့သောမနက်ခင်းမျိုးကိုကြုံတွေ့ဖူးသည်မှာ ယခုကပထမဦးဆုံးအကြိမ်မဟုတ်သောကြောင့်

" အွန်း ..... ရာစုသစ်ရဲ့နောက်ထပ်သတင်းတစ်ခုပဲမဟုတ်လား ..... ထုံးစံအတိုင်းသာကြည့်ရှင်းလိုက်တော့ လီလီရေ "

ဟု မိမိဆုံးဖြတ်ချက်ကိုပြောလိုက်ပြီး ဖုန်းကိုခပ်လှမ်းလှမ်းသို့ပစ်လိုက်ကာ ပြန်အိပ်လိုက်သည် ။

မည်မျှကြာအောင် အိပ်ပျော်သွားမိသည်မသိ ။ ဗိုက်ထဲကတဂွီဂွီမြည်ကာ အစာအိမ်ကဆန္ဒပြလာသောအခါမှ နိုးလာသည် ။ ထို့‌‌ကြောင့် အိပ်ချင်မူးတူးနှင့် လက်တွင်ပတ်ထားသောနာရီကိုကြည့်လိုက်သည် ။ နာရီလက်တံအတိုက ရောမအက္ခရာတစ်ကိုညွှန်ပြနေပြီး အရှည်ကသုံးကိုညွှန်ပြနေသောကြောင့် အိပ်ရာမှလူးလဲထကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည် ။

2.

" ရာစု ..... အပြင်မှာသတင်းထောက်တွေအများကြီးရောက်နေတယ် ..... ကြည့်ရတာ ..... မနေ့က Facebook ပေါ် ရောက်သွားတဲ့ ရာစုနဲ့ဟိုမင်းသမီးသတင်းကြောင့်ထင်တယ် "

ဟူသော စကားကို မန်နေဂျာဖြစ်သူဧက,ကပြောလာသောကြောင့် ရာစု ဧကကိုကြည့်လိုက်ပြီး

" သက္ကရာဇ်လင်းက အခုထိဘာမှမလုပ်ဘူးလား "

ဟု မေးလိုက်သည် ။ ဧက,က

" ကိုလင်းကဖျက်ခိုင်းလို့ သတင်းတွေကတော့ပျက်သွားပေမဲ့ ..... ဟို ..... ပုံကပျံ့တာအရမ်းမြန်သွားတော့ ..... "

ဟု စကားစလာသောကြောင့် လက်ကာပြလိုက်ပြီး

" ရပြီ ..... အဓိက,က သက္ကရာဇ်လင်းစိတ်အနှောက်အယှက်ဖြစ်သွားဖို့ပဲ ..... သူစိတ်အနှောက်အယှက်ဖြစ်သွားရင်ရပြီ "

ဟူ၍ ပြောလိုက်သည် ။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး

" သွားမယ် "

ဟု ပြောလိုက်သည် ။ မိမိစကားကို ဧက,က နားမလည်ဟန်ဖြင့်

" ဗျာ "

ဟူ၍ ရေရွတ်သောကြောင့် ခါးထောက်လိုက်ပြီး

" Shooting ရှိတယ်မဟုတ်ဘူးလား ..... သွားမယ်လို့ "

ဟု ပြောလိုက်သည် ။ ထိုအခါမှ ဧက,က

" ဟုတ် ..... ဟုတ်ကဲ့ "

ဟု ပြောကာ ရိုက်ကွင်းအတွက်လိုအပ်သည့်ပစ္စည်းများထည့်ထားသောအိတ်ကို ပြေးယူသည် ။

3.

လင်း မနက်စာစားရန်အောက်ထပ်သို့ဆင်းလာသောအခါ အလုပ်သမားခေါင်းဆောင်ဖြစ်သည့်ဦးညီက

" အစ်ကိုလေး ..... မနက်စာသုံးဆောင်တော့မလား "

ဟု မေးသည် ။ ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး

" ဧည့်ခန်းထဲပဲလာပို့လိုက် ဦးညီ "

ဟု ပြောကာ ဧည့်ခန်းထဲသို့လျှောက်လာခဲ့လိုက်ကာ တီဗီကိုဖွင့်လိုက်သည် ။ ဤသို့ တီဗီကိုဖွင့်လိုက်သည်နှင့် ရာစု၏ရေမွှေးကြော်ငြာကို ရှေးဦးစွာမြင်ရသောကြောင့် ခေတ္တသတိလွတ်သွားပြီး ရာစု၏မျက်နှာချောချောကို ငေးမိသွားသည် ။

သို့သော် ..... ထိုအချိန်သည် ခေတ္တသာဖြစ်ပြီး ချက်ချင်းအခြားလိုင်းသို့ပြောင်းလိုက်ကာ အနားသို့ရောက်လာသောဦးညီကို

" ဦးညီ ..... ရာစုသစ်ဘယ်အချိန်ကအပြင်ထွက်သွားတာလဲ "

ဟု မေးလိုက်သည် ။ ဦးညီက

" အစ်ကိုလေးရာစုက မနေ့ညကတည်းကအိမ်ပြန်မလာတာပါ "

ဟု ပြန်ဖြေသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည် ။ ပြီးမှ ဦးညီကို

" ကျေးဇူးပဲ ဦးညီ "

ဟု ပြောကာ စားပွဲခုံပေါ်တွင်တင်ထားသောကြိုးဖုန်းနှင့် ရာစု၏မန်နေဂျာဖြစ်သူဧကထံသို့ခေါ်လိုက်သည် ။

4.

ရာစုကိုသိသည့်လူတိုင်းက ရုပ်ရှင်သရုပ်ဆောင်အဖြစ်မွေးဖွားလာသူဖြစ်သည်ဟု မှတ်ချက်ပေးကြသလို ကိုယ်တိုင်ကလည်း သရုပ်ဆောင်ရမည်ဆိုလျှင် ထမင်းမေ့ဟင်းမေ့ပင်ဖြစ်သောကြောင့် သက္ကကိုစိတ်ဒုက္ခပေးထားသည်ကိုပင်မေ့သွားပြီး ယနေ့ရိုက်ရမည့်ကြော်ငြာရိုက်ကွင်းကို အဆင်ပြေပြေချောချောမွေ့မွေ့နှင့်ရိုက်ကူးပြီးစီးခဲ့သည် ။ ထို့ကြောင့်

" တော်တယ် ရာစု "

" ရာစုကတော့ ရာစုပါပဲ "

ဟု ဝိုင်း၍ချီးကျုးကြသောရိုက်ကူးရေးအဖွဲ့သားများကို ကြည်လင်စွာပြုံးပြလိုက်ပြီး

" အားလုံးဝိုင်းကူညီပေးကြလို့အခုလိုအဆင်ပြေပြေနဲ့ပြီးသွားတာပါ "

ဟူ၍ စကားကိုပြန်တုံ့ပြန်လိုက်ပြီး ဧကကိုလှမ်းကြည့်လိုက်သည် ။ ဧက,က ခပ်လှမ်းလှမ်းတွင်ရပ်ကာ ဖုန်းပြောနေသောကြောင့် ပြုံးလိုက်ပြီး ဧကအနားသို့လျှောက်သွားလိုက်သည် ။ ဧက,က မိမိကိုမြင်သည်နှင့်

" ဒါဆို ..... ကျွန်တော်ဖုန်းချလိုက်တော့မယ်ခင်ဗျ "

ဟု ပြောကာ ဖုန်းကိုလျင်မြန်စွာချလိုက်သဖြင့်

" ဘယ်သူလဲ ..... သက္ကရာဇ်လင်းလား "

ဟူ၍ မေးလိုက်သည် ။ မိမိမေးခွန်းကို ဧက,က

" မဟုတ်ဘူး..... 11Days Media က ဆက်တာ ရာစု "

ဟု ပြန်ဖြေသောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး

" သက္ကရာဇ်လင်းကရော ..... ဖုန်းဆက်မလာဘူးလား "

ဟူ၍ မေးလိုက်သည် ။ ဧက,က

" မဆက်လာဘူးဗျ "

ဟု ပြန်ဖြေသောကြောင့် ပို၍စိတ်အလိုမကျဖြစ်သွားပြီး

" စိတ်ကဘယ်သူ့ဆီကိုရောက်နေပြန်လို့ ဖုန်းတောင်မဆက်နိုင်တော့တာလဲ "

ဟူ၍ မကျေမနပ်ရေရွတ်လိုက်မိသည် ။

5.

ရာစု ပုံမှန်အချိန်ဆိုလျှင် သက္ကနှင့်မတည့်ပဲအမြဲရန်ဖြစ်နေလေ့ရှိသော်လည်း မည်မျှပင်ရန်ဖြစ်သည်ဖြစ်စေ သက္ကက မိမိရှာသမျှပြသနာများကို ငွေထုတ်ပိုက်ကာအနောက်မှလိုက်ရှင်းပေးကာ ထိုပြသနာများနှင့်ပတ်သတ်ပြီး မိမိအားပြန်၍ပြသနာလုပ်လေ့ရှိသော်လည်း ယနေ့တွင်မူ ငြိမ်ချက်သားကောင်းနေသည် ။ ထို့ကြောင့် မနေတတ်မထိုင်တတ်ဖြစ်ကာ သက္က၏အတွင်းရေးမှုးများစွာထဲက တစ်ယောက်ဖြစ်​ပြီး မိမိနှင့်အဆင်အပြေဆုံးဖြစ်သည့် ခန့်ညားထံသို့ ဖုန်းဆက်ကြည့်လိုက်သည် ။ ခန့်ညားက သက္ကယနေ့ကုမ္ပဏီသို့မလာကြောင်းပြောသဖြင့် စိတ်အနည်းငယ်ပူမိသွားကာ ရိုက်ကွင်းမှအိမ်သို့တန်းပြန်လာခဲ့လိုက်သည် ။

အိမ်သို့ရောက်သောအခါ မိမိထင်ထားသလို သက္ကကပြသနာတစ်ခုခုဖြစ်မနေပဲ ဧည့်ခန်းထဲတွင်ရှိသောစန္ဒယားခုံတွင်ထိုင်ကာ စန္ဒယားထိုင်တီးနေသဖြင့် ရင်ထဲမှအလုံးကြီးကျသွားသည် ။

သို့သော် ..... မိမိစိတ်ပူသည်ကို သက္ကသိပါက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေအုံးမည်ဖြစ်သောကြောင့် အိမ်အဝင်ဝအားကျောခိုင်းထားသောသက္က၏ကျောပြင်ကို ငေးကြည့်နေမိသည် ။ ဤသို့ငေးကြည့်ရင်း စိတ်အစဥ်တို့က လွန်ခဲ့သောသုံးနှစ်ဆီသို့ ပြန်ရောက်သွားသည် ။

6.

လွန်ခဲ့သောသုံးနှစ်မတိုင်ခင်က သက္ကနှင့်ရာစုသည် အလွန်ခင်မင်ရင်းနှီးကြသည့် အချစ်ဆုံးသူငယ်ချင်းများဖြစ်ခဲ့ကြသည် ။ နှစ်ယောက်စလုံးက ချမ်းသာကြွယ်ဝသောအသိုင်းအဝိုင်းမှမွေးဖွားလာကြသူများဖြစ်သည့်အပြင် မိမိ၏မိဘများကလည်း သက္ကနှင့်ရင်းနှီးကြသောကြောင့် မိမိတို့ဝါသနာပါသည့်အနုပညာအလုပ်များကို နှစ်ယောက်အတူ လုပ်ခဲ့ကြသည် ။

သို့သော် ..... အချိန်ကြာလာသည်နှင့်အမျှ သက္ကအပေါ်တွင်ရှိသော မိမိ၏အဖြူရောင်သူငယ်ချင်းသံယောဇဥ်က တဖြည်းဖြည်းနှင့်အရောင်စွန်းလာသည် ။ ဤကိစ္စကို သက္ကသိသွားပါက မိမိကိုရွံရှာကာမုန်းတီးသွားမည်ကိုစိုးရိမ်သောကြောင့် မိမိ၏စိတ်ကို သက္ကမသိအောင်ဖုံးကွယ်ရန် မိန်းကလေးရည်းစားများစွာထားခဲ့သည် ။ ထိုကိစ္စနှင့်ပတ်သတ်၍ သက္ကက မိမိနာမည်ပျက်မည်ကိုစိုးရိမ်ကာတားခဲ့သော်လည်း သက္က၏စကားကိုနားမထောင်ခဲ့ ။ ထိုအစား သက္ကကိုလိမ်ညာ၍ ကားပေါ်သို့တင်ကာခိုးပြေးခဲ့သည် ။ သက္ကအပေါ်တွင်စိတ်ရှိနေကြောင်းသိသော မိမိ၏မိဘများက သက္ကကိုမိမိခိုးပြေးသည့်ကိစ္စနှင့်ပတ်သတ်ပြီး မကန့်ကွက် ။

" မင်းဇာတ်လမ်းကိုမင်းနိုင်အောင်ကနိုင်ရင်ရပြီ "

ဟူ၍သာပြောပြီး မိမိကိုလွှတ်ထားပေးသဖြင့် တစ်ကောင်ကြွက်တစ်မျက်နှာသူဌေးပေါက်စလေး သက္ကကို မိမိနှင့်လက်ထပ်ရန်အတင်းအကြပ်တောင်းဆိုကာ လက်ထပ်ယူခဲ့ခြင်းဖြစ်သည် ။ ဤသို့လက်ထပ်လိုက်သည့်အတွက် သက္ကနှင့်မိမိကြားထဲမှသူငယ်ချင်းသံယောဇဥ်သည်လည်းပျက်စီးသွားပြီး သက္ကနှင့်မိမိကြားထဲတွင် သာယာသောအိမ်ထောင်ရေးဖြစ်တည်မလာပဲ အမုန်းတို့ကသာက

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်းအဆိပ်

Unlock to read this premium article with 10 points.