Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

29/03/2024

မ​တွေးချင်​သော

3 mins read
Culture
History
18 Again
မ​တွေးချင်​သော's photo

အပိုင်း ၈ပါရှင့်
ရတီ့အိမ်​ရောက်​တော့မနက်၁၀နာရီ အကို့ကိုထပ်ဆက်ဖို့လုပ်တယ်
"ရနံ့ နင်​နေမ​ကောင်းဘူးလား နင်ဘာ​တွေလုပ်​နေတာလဲဟမ်အန်တီ့ဆီဆက်လိုက်ဦးစိတ်ပူ​နေတယ်"
ကျွန်မဆက်လိုက်ပါတယ်ဒါမယ့်အကိုဆီကိုဆက်လိုက်တာ ဖုန်းဝင်သွားတယ်
"ဟယ်လို ဘယ်သူလဲရှင့်"
မိန်းမအသံလား ကျွန်မဆက်နား​ထောင်​နေတယ်
"ဟယ်လို ကိုကိုဘသူလဲမသိဘူး ပြန်မ​ဖြေဘူး"
"ဟယ်....လို"
"ဟုတ်ဘသူလဲရှင့် ဘယ်ကိုဆက်တာလဲမသိဘူး"
"ကို ကိုမင်းဆက်​မောင်နဲ့​ပြောချင်လို့ပါ"
"ကိုကို ကိုကိုနဲ့​ပြောမလို့တဲ့ "
"....."
"ဟယ်လိုမမကိုကိုကမအား​သေးလို့နောက်မှပြန်ဆက်မယ်တဲ့ ဘသူလို့​ပြောလိုက်ရမလဲ "
"မစိမ်းရနံ့လို​ပြော​ပေးပါညီမ​လေး ပြန်​တော့​ခေါ်​ပေးပါ​နော်"
"ဟုတ်မမ ပြောလိုက်မယ်​နော်"
ကိုကိုတဲ့လား အင်း အကို့ညီမ​လေး​နေမှာပါ
"ရနံ့ ဟဲ့ဘာလို့ငို​နေတာလဲဘာဖြစ်တာလဲငါ့ကို​ပြောစမ်းပါ ဟယ်"
"ရတီ အကိုက​လေငါ့ဖုန်းကိုမကိုင်ဘူး ပြီး​တော့သူ သူငါ့ကိုမ​နေ့ကလာမ​တွေ့ဘူး ရတီငါဘာလုပ်ရမလဲ အခု​လေအခုသူ့ဖုန်းကိုလာကိုင်တာ​ကောင်မ​လေးတ​ယောက်ကိုကိုတဲ့ မဟုတ်ဘူးသူ့ညီမ​လေးလာကိုင်တာ သူငါ့ဖုန်းကိုမ​ဖြေဘူးရတီ"
ကျွန်မမှာရင်ဖွင့်စရာရတီတ​ယောက်ထဲရှိတာ ဒါမယ့်ရတီကို​တောင်အကိုဟာကျွန်မအ​ပေါ်ရက်စက်တဲ့အ​ကြောင်းမ​ပြောပြခဲ့ဘူး အကိုသာကျွန်မကိုသစ်စာ​ဖောက်သွားရင် ကျွန်မ​သေလိမ့်မယ်ထင်တယ် အခုလဲကျွန်မလက်မခံ​သေးဘူးအကို့ကိုမစွပ်စွဲချင်လို့
"ရနံ့ နင်ဟာငါဘာ​ပြောခဲ့လဲ နင်ကလူ​တွေကိုအရမ်းယုံလွယ်တာဘဲ"
ရတီမှားတယ်ကျွန်မကအကိုတ​ယောက်တည်းကိုယုံတာ အကိုရဲ့နှုတ်ကထွက်တဲ့စကားသာကျွန်မယုံမှာ
"ရတီငါဘာလုပ်ရမလဲဟင် ငါဟိုလူ့ကိုလက်မထပ်ချင်ဘူး အကိုနဲ့လဲမခွဲချင်ဘူးအကိုငါ့ကိုအခု"
"တိတ်​တော့ နင်ငို​နေလို့​ဖြေရှင်းလို့ရမှာလား ရမယ်ဆိုငိုငါမတားဘူး အခုအန်တီကိုငါဖုန်းဆက်လိုက်မယ် အန်တီဘယ်​လောက်စိတ်ပူ​နေလဲ နင်မ​တွေးဘူး​ ပေးနင့်ဖုန်း"
ကျွန်မကုတင်​ပေါ်မှာလှဲလိုက်တယ် ညကမအိပ်ခဲ့တာ့ကြောင့် ခန​လေးနဲ့​မှေးခနဲအိပ်​ပျော်သွားတယ် ပုခုံးပေါ်ကအေးစက်စက် အထိ​တွေ့​ကြောင့်လန့်နိုးလာခဲ့တယ် ဟင်အကို
"အကို ညီမဆီလာတာလား ညီမ​စောင့်​နေတာဘာလို့ခုမှလာတာလဲ အကို့ဖုန်းထဲက​ဖြေတဲ့​ကောင်မ​လေးကအကိုညီမ​လေးမလား အကို​မေး​နေတယ်​ဖြေ​လေ"
အကိုကကျွန်မကိုမကြည့်ဘူးထသွားတယ် စကားလဲမ​ပြောဘူး ပြီး​တော့အပြင်ထွက်သွားတယ် ကျွန်မအတင်းလိုက်​ခေါ်တယ်
"အကို အကို"
"ရနံ့ ရနံ့ ထထ​ရော့ရေ​သောက်လိုက် ဘာဖြစ်​နေတာလဲဟာ"
"ရတီ အကိုက"
ကျွန်မဟာအကို့ရဲ့လှည့်စားမှု​အောက်မှာကျရှုံးသွားခဲ့တာကြာလှပြီ​ပေါ့အကိုရယ် ဘာလို့ကျွန်မအ​ပေါ်စိုးမိုးနိုင်လွန်းရတာလဲ
"ရနံ့ရယ်ငါစိတ်ညစ်တယ် ခန​နေအန်တီလာမယ် နင်ပြန်လိုက်သွားနင့်ကိုငါဘယ်လိုလုပ်​ပေးရမှာလဲ"
??​ဟင် အကိုဖုန်းဆက်တယ်
"ဟယ်လို အကိုဘာလို့ခုမှဆက်တာလဲ ဘာလို့"
"ညီမ အကိုဆီဖုန်းထပ်မဆက်ပါနဲ့ အကိုအားမ​နေဘူး"
"ဟင် မရဘူးအကိုညီမအခု​တွေ့ချင်​တယ်အကိုဘယ်မှာလဲ "
"ဘာလုပ်မလို့လဲ မင်းငါ့မာန​တွေကိုရိုက်ချိုးတာများပြီစိမ်းရနံ့"
"ညီမဘာလုပ်မိလို့လဲ အကို့ကို​တွေ့ချင်တာပါခန​လေးပါဘဲ အကိုစိတ်​ကျေနပ်​အောင်ညီမဘာလုပ်​ပေးရမလဲဟင် ပြောပါအကို​ပြောပါ"
"ငါလား ဇွဲသက်ပိုင်ကိုငါ့ခြေဖဝါး​အောက်ချနင်းချင်တယ် မင်းလုပ်နိုင်လား လုပ်နိုင်ရင်ငါမင်းကိုပြန်လက်ခံ​ပေးမယ်"
"အကိုဘာ​တွေ​ပြော​နေတာလဲ သူကဘာလို့ပါလာရတာလဲ ညီမတို့၂​ယောက်အ​ကြောင်းကိုအခု​ပြော​နေတာ​လေ"
"ငါတို့၂​ယောက်ဆိုတာသူ့​ကြောင့်စခဲ့တာ​လေ မင်းကပညာတတ်​ပေမယ့်တကယ်ဦး​နှောက်မရှိတာဘဲ"
"အကိုဘာ​တွေ​ပြော​နေတာလဲ ညီမနားမလည်ဘူး ညီမကိုနားလည်​အောင်​​ပြောပြပါ ပြီး​တော့ခုနကဖုန်းလာကိုင်တဲ့​ကောင်မ​လေးကအကိုညီမ​လေးမလား ညီမကို​ပြောပါသူကဘာလို့အကို့ကို ကိုကိုလို့​​ခေါ်တာလဲ ညီမရင်​တွေပူလာပြီအကိုရဲ့"
"သမီး"
"ဟင် မေ​မေဘာလို့"
"သမီးဖုန်းကိုအခုချလိုက်စမ်း အဲ့လိုအကျင်မ​ကောင်းယုတ်မာတဲ့​ကောင်နဲ့ငါ့သမီးပတ်သက်စရာမလိုဘူး"
"မေ​မေဘာ​တွေ​ပြော​နေတာလဲ ဘာလို့အကို့ကိုအဲ့လို​ပြောတာလဲ မ​ပြောပါနဲ့သမီးမကြိူက်ဘူး"
"ပေးအခုအဲ့ဖုန်း "
မေ​မေကျွန်မဆီကဖုန်းကိုလုသွားတယ် ပြီး​တော့အကိုနဲ့​ပြော​နေတယ်ကျွန်မမသိတဲ့အ​ကြောင်းရာ​တွေ အမှန်မဟုတ်​လောက်တဲ့အ​ကြောင်း​တွေ
"မင်းဘာလို့ငါ့သမီးကိုဒီလိုလုပ်တာလဲ မင်းမှာမိန်းမရှိရဲ့သားနဲ့ ငါသမီးကိုကွာမင်းမို့ "
"ငါ​ပြောမယ် ကောင်​လေးအခုကစပြီးငါ့သမီးနဲ့​ဝေး​ဝေး​နေပါ"
"မေ​မေ ဘာလုပ်တာလဲ အကို့ကိုဘာ​တွေ​ပြောလိုက်တာလဲ မိန်းမရှိတယ်ဆိုတာက​ရောဘာ​တွေလဲသမီးကိုမလှည်းစားပါနဲ့ "
"သမီးနင့်ကိုနင်ပြန်ကြည့်စမ်း ဘယ်လိုဖြစ်​နေလဲဆိုတာ အဲ့လို​ကောင်ကိုနင်မို့လိူ့ သူမှာမိန်းမရှိတာနင်သိလား ဟမ်နင်ကြိုက်စရာ​ယောကျားအဲ့​လောက်ရှားလား"
ကျွန်မအကို့ကိုစိတ်ကုန်​အောင်သက်သက်​ပြော​နေတာ​မေ​မေက မဟုတ်တာ​တွေကို​မေ​မေမှမသိတာကျွန်မအတွက်အကိုကဘယ်လိုလူလဲဆိုတာ
"သား ညီမ​လေးကို​ခေါ်ခဲ့အန်တီပြန်​တော့မယ်သမီးရနံ့​ကျေးဇူးပါကွယ် "
"ကျွန်မကိုလွှတ် အကိုဆီသွားမှာမို့​မေ​မေ့ကိုအဲ့လို​ပြောလိုက်ပါ"
"ညီမ သူဒီမှာမရှိ​တော့ဘူးထွက်သွားပြီမ​နေ့ကတည်းက"
"ဘာ​တွေလာ​ပြော​နေတာလဲ ရှင်ပြန်ပါ​တော့ကျွန်မသွားစရာရှိတာသွားမယ်"
"အဲ့​လောက်သွားချင်ရင်အကိုလိုက်ပို့မယ်ညီမ"
ကျွန်မနဲ့သူအကို​နေတဲ့အ​ဆောင်ကိုလာခဲ့တယ် မ​နေ့ကမနက်က​ပြောင်းသွားပြီတဲ့ ဘယ်ကို​ပြောင်းသွားလဲဆိုတာမသိရဘူးသူတို့လဲမသိဘူးတဲ့ သံရုံးကိုလိုက်သွား​တော့အလုပ်ထွက်သွားတယ်တဲ့​နောက်ထပ်သိလိုက်ရတာက သူ့မှာတကယ်မိန်းမရှိတယ်ဆိုတာဘဲ သူဘာလို့များ
"ညီမ ကို​ပြောတာနား​ထောင်​​ပေးမလား"
"...."
"သူနဲ့အကို ကောလိပ်မှာစသိခဲ့တာ သူကအကို့ကိုစကားအရင်လာ​ပြောတာသူငယ်ချင်းဖြစ်ချင်တယ်လို့ ကိုလဲညီ​လေးတ​ယောက်ရသလိုမို့ညီ​လေးအရင်းလိုဘဲခင်ခဲ့ချစ်ခဲ့တယ် နောက်​တော့သူကအကို့ကို မနာလို​နေခဲ့တာကိုယ်ဘလိုသိခဲ့လဲဆို​တော့ ကိုယ့်ရဲ့​ရေကူးဝတ်စုံနဲ့အားကစားဝတ်စုံကို မီးရှို့တာ ကို​တွေ့ခဲ့တယ်ဒါတင်မက​သေးဘူး ကိုပြိုင်တဲ့ပြိုင်ပွဲတိုင်းသူပြိုင်တယ် ကိုထင်တာကကို့ကိုခင်လို့ လို့ထင်ခဲ့တာ တကယ်ကသူကအကို့ကိုပြိုင်​နေ​တာ ပြီး​တော့"
"တော်ပါ​တော့ ကျွန်မနားချင်ပြီ အိမ်ကိုပို့​ပေးပါ"
မေ​မေကအိမ်မှာ ကျွန်မကို​​စောင့်​နေတယ် ကျွန်မဘဝမှာဒီလိုဖြစ်တာကပထမဆုံးဘဲ အကိုက​လေ ကျွန်မဘဝကို​ပြောင်းပြန်လှန်နိုင်တယ် ပြောရရင်​တော့အကို့အ​ပေါ်ချစ်တဲ့ကျွန်မရဲ့အချစ်က တဇွတ်ထိုးနိုင်ခဲ့တာ​ပေါ့အချစ်ကြီးခဲ့တဲ့ကျွန်မ အကို့ကိုရှုံးသွားပါပြီ

နောက်အပိုင်းကဇာတ်သိမ်းပါရှင့်
ချစ်​သောreaders လေး​တွေ?

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ