အက္ခရာ - Haruki
ပုစဉ်းတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၀၀ ကတည်းက ကမ္ဘာပေါ်မှာနေထိုင်လာတဲ့ အင်းဆက်မျိုးစိတ်တွေဖြစ်ကြပြီးတော့ ရှေးအကျဆုံးတိရစ္ဆာန်စာရင်းမှာပါဝင်ပါတယ်။
ဒီနေ့ညမှာတော့ စာဖတ်သူလေးတို့ကို ပုစဉ်းတွေနဲ့ပတ်သက်ပြီး လူတွေသိပ်မသိကြသေးတဲ့အကြောင်းအရာတွေကို ဖော်ပြပေးသွားပါမယ်ခင်ဗျာ။
? - သားကောင်ဖမ်းယူခြင်း
ပုစဉ်းတွေဟာ လေပေါ်မှာပျံနေရင်းနဲ့ပဲ သားကောင်ကို ဖမ်းယူနိုင်ကြပါတယ်။ ပုစဉ်းတွေဟာ အင်းဆက်လောကမှာ အတော်ဆုံးအမဲလိုက်သမားတွေဖြစ်ပြီးတော့ အမဲလိုက်မှု အောင်မြင်နှုန်းက ၉၅ ရာခိုင်နှုန်းအထိရှိပါတယ်။
? - ပျံသန်းခြင်း
သူတို့ရဲ့ပျံသန်းနိုင်စွမ်းဟာလည်း ဘယ်သတ္တဝါမှယှဉ်လို့မရလောက်အောင် ကောင်းမွန်ပါတယ်။ တောင်ပံလေးခုပါဝင်ပြီး အဲ့ဒီတောင်ပံတွေအကုန်လုံးကို လွတ်လပ်စွာလှုပ်ရှားနိုင်တာကြောင့် လေထဲမှာ ကြိုက်တဲ့အနေအထားနှင့်ပျံသန်းနိုင်ပါတယ်။
? - မျက်လုံး
ပုစဉ်းတွေရဲ့မျက်နှာမှာ မျက်လုံးဟာ ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကြီးမားတဲ့မျက်လုံးတွေဟာ ၃၆၀ ဒီဂရီလှည့်နိုင်မြင်နိုင်တဲ့ မျက်လုံးတွေဖြစ်တဲ့အပြင် အဲ့ဒီမျက်လုံးကြီးတွေကို မျက်လုံး အသေး လေးသုံးထောင်ကျော်လောက်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
? - သားပေါက်
ပုစဉ်းဖြစ်လာမယ့်သားပေါက်တွေဟာ ရေအောက်မှာ ၂ နှစ်လောက်နေထိုင်ရတတ်ပါတယ်။ သားလောင်းဘဝနဲ့ ရေအောက်မှာနေထိုင်မှုဟာ မျိုးစိတ်ကိုလိုက်ပြီး ၆ နှစ်အထိတောင်ကြာရှည်တတ်ပါတယ်။
ဒီလိုနေထိုင်ရတဲ့အတောအတွင်းမှာ ပုစဉ်းတွေဟာ ရေအောက်ဘဝကို ကျွမ်းကျင်စွာနေထိုင်တတ်ကြပါတယ်ခင်ဗျာ။
mmload ( Rewrite by Haruki )
? - https://t.me/Wonderful_Knowledge_by_Haruki
Haruki
Keep Reading