Author's Profile Photo

Zin Zin

25/11/2024

ပထမဆုံးအကြိမ်အဖြစ် ဖူဂျီတောင်ရဲ့နှစ်ပေါင်း၁၃၀အတွင်း ? ပုံမှန်မဟုတ်ပဲ နှင်းတွေကျဆင်းခြင်းမရှိဘဲ စံချိန်တင်နှောင့်နှေးမှုဖြစ်စေခြင်း အကြောင်းအရင်း❔

2 mins read
Health
Education
General Knowledge

ရာသီဥတုပြောင်းလဲမှုက generation Z လို့ခေါ်တဲ့ ဒီခေတ်လူငယ်တွေရဲ့ ကျန်းမာရေးအတွက် ချိန်းခြောက်မှုတစ်ခုဖြစ်ပြီး  အရေးကြီးဆုံးပြဿနာတွေ ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အချိန်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ များစွာဖြစ်ပေါ်နေတဲ့ထဲကမှ မကြာသေးခင်လပိုင်းလောက်က ဖြစ်ပေါ်ခဲ့တဲ့ ပထမဆုံးအကြိမ်အဖြစ် ဖူဂျီတောင်ရဲ့ ပုံမှန်မဟုတ်ပဲ နှင်းတွေကျဆင်းခြင်းမရှိဘဲ စံချိန်တင်နှောင့်နှေးမှုဖြစ်စေခြင်းကို နှစ်ပေါင်း၁၃၀ အတွင်း ယခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ m?

ပုံမှန်ဆိုရင်အောက်တိုဘာလအစောပိုင်းမှာ နှင်းတွေနဲ့အပြီးဖုံးလွှမ်းနေသည့် ဒီအထင်ကရ တောင်ထိပ်မှာ အောက်တိုဘာလနှောင်းပိုင်းထိ ဆီးနှင်းများဖုံးလွှမ်းမှုမရှိခြင်းမှာ ကမ္ဘာ့ အပူချိန်မြင့်တက်လာခြင်းရဲ့အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြနေဟန်နဲ့ တူပါတယ်။ ဒီလို သက်ရောက်မှုတွေကို ကျွန်မတို့ မြင်တွေ့နေရပြီးနောက်မှာ အဆိုပါ သက်ရောက်မှု တွေကို အရေးယူ လျော့ပါးလုပ်ဆောင်ဖို့ရာ လူသားတိုင်း ပူပေါင်းရန် လိုအပ်ပါတယ်။ အဲ့လို လုပ်ဆောင်ဖို့အတွက်ဆိုရင်လည်း ရာသီဥတုပြောင်းလဲမှုရဲ့ အကြောင်းရင်းတွေကို ဖြေရှင်းနည်းနဲ့တကွ ကျွန်မတို့ သိထားဖို့လိုအပ်ပါမယ်။ ဒါဆို ရှုစားလိုက်ရအောင်…

ရာသီဥတုပြောင်းလဲမှု၏အကြောင်းရင်းများ


လူတွေကြောင့်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းများစွာရှိပါတယ်။ အကြောင်းအရင်းတစ်ချို့ကတော့


(၁)သစ်တောပြုန်းတီးမှုနှင့် မြေယာအသုံးပြုမှု ?

သစ်ပင်တွေက ကာဗွန်ကို စုပ်ယူပေးပြီး အောက်ဆီဂျင်ကို ပြန်လည် ထုတ်လုပ်ပေးတဲ့ အတွက် အလွန်အရေးပါတဲ့ နေရာကနေ တည်ရှိပါတယ်။ သူတို့ကို ခုတ်လှဲခြင်း ဒါမှမဟုတ် မီးရှို့တဲ့အခါမှာ သိမ်းဆည်းထားသော ကာဗွန်ကို ထုတ်လွှတ်တတ်ပါတယ်။ လူသားတွေရဲ့ လုပ်ဆောင်မှုကြောင့် ကာဗွန်ကို ပြန်လည်ထုတ်လွှတ်လိုက်တဲ့အတွက် လေထုအရေအသွေးကိုအလွန်ကျဆင်းစေပါတယ်။

(၂)အမှိုက်စီမံခန့်ခွဲမှုု

များသောအားဖြင့် ရွာတွေမှာ အမှိုက်တွေကို မီးရှို့ပစ်ကြတာများပါတယ် အမှိုက်တွေကို စွန့်ပစ်ဖို့ တိကျသတ်မှတ်ထားတဲ့ နေရာမရှိတာကတစ်ကြောင်း၊ စာရေးသူတို့ရွာမှာဆို ၃ရက်မှတစ်ခေါက် အမှိုက်ကားလာရောက်ခြင်းကြောင့် တစ်ရက်စာအမှိုက်တွေကို ပုံထားရာမှ အနံ့အသတ်တွေမကောင်းတာတွေ ဖြစ်တတ်တာကြောင့် နေရပ်လူတွေက အလွယ်တကူပဲ မီးရှို့ပစ်ကြတာများပါတယ်။ဒီလိုပြုလုပ်ခြင်းဟာ CO₂ ကာဗွန်ဒိုင်အောက် ဆိုဒ် နဲ့ အခြားသော ညစ်ညမ်းမှုများကိုလည်း ထုတ်လွှတ်ပြီး ရာသီဥတုပြောင်းလဲမှုကို အထောက်အကူပြုရာ ရောက်ပါတယ်။

(၃)ရေဖြုန်းတီးခြင်း။ ??

ရေကို စုပ်ထုတ်ဖို့ရာ စက်စွမ်းအင်များစွာလိုအပ်တာကြောင့်ယင်းကို သွယ်ဝိုက်ဖြုန်းတီး ခြင်းက စက်ကနေထုတ်လွှတ်တဲ့CO₂ကာဗွန်ကို တိုးစေပါတယ်။ ရှည်လျားတဲ့ရေချိုး ခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

(၄)နောက်ဆုံးတစ်ချက်ကတော့ကျွန်မတို့တွေ သတိလက်မဲ့ ပြုလုပ်မိနေတဲ့ အချက်လေးတွေ ပါ။ အချိန်ကြာကြီးမလိုအပ်ပဲ မီးဖွင့်ထားခြင်း၊ အီလက်ထရွန်းနစ် ပစ္စည်းတွေကို ပလပ်ထိုးထားခြင်း ဒါမှမဟုတ် အပူပေးခြင်း/အအေးပေးစနစ်များကို အလွန်အကျွံအသုံး ပြုခြင်းက စွမ်းအင်ကို ဆုံးရှုံးစေနိုင်ပါတယ်။

ဖြေရှင်းနည်းများ


(၁)သစ်တောပြန်လည်ထူထောင်ရေး ပံ့ပိုးမှု??

သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်များတွင် ပါဝင်ပါ။ ပတ်ဝန်းကျင်ရှိ တဲ့အပင်လေးတွေကိုတတ်နိုင်လောက် ရှင်သန်လှပအောင် ကြိုးစားကြည့်ပါ။ မိတ်ဆွေဒီလိုပြုလုပ်ခြင်းကရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ပေးတဲ့ အောက်ဆီဂျင်စုဆောင်းခြင်းကို ကူညီပေးနိုင်ပါတယ်။

(၂)အမှိုက်စီမံခန့်ခွဲမှုt♻️?

လျှော့ချ(reduce)၊ ပြန်သုံး(reuse)၊ ပြန်လည်အသုံးပြုခြင်း (recycle)- (3R)နည်းကိုအသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေကို အလွယ်တကူ တွေ့ရာနေရာမှာ  ပစ်ခြင်းကိုရှောင်ကြဉ်ခြင်း၊ ပစ္စည်းတွေကို ပြန်လည်အသုံး ပြုခြင်းက အမှိုက်ကို လျှော့ချဖို့ရာ ဦးစားပေးလုပ်ဆောင်နိုင်ပါတယ်။ မိတ်ဆွေခုလိုမျိုး ပြန်လည် အသုံးပြုခြင်းက စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ဆွေးမြေ့ဖို့ကြာရှည်တဲ့ ပလတ်စတစ်တွေကို အမှိုက်ပုံကနေ ဖယ်ရှားစေပြီး အနံဆိုးထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။

အဓိကအနေနဲ့ မြို့ပြလူနေထိုင်မှုမှာဆိုရင် အိမ်ရာအနီးအနားနောက်ဖေးလမ်းကြား နေရာတွေမှာ များသောအားဖြင့်စားကြွင်းစားကျန်များနဲ့ အမှိုက်တွေကိုစွန့်ပစ်တတ် ပါတယ်။ ဒါကြောင့်မို့ အကျိုးဆက်အနေနဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအရရောရောဂါ များစွာ ထူပေါပြီး သက်တမ်းတိုခြင်းကိုတွေ့ကြုံရတာဖြစ်ပါတယ်။ ဒီလိုမျိုး အလွယ်တကူ ပြုလုပ်ခြင်းကိုရှောင်ရှားခြင်းကလည်း လေထုညစ်ညမ်းစေတဲ့ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးပါတယ်။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)