Author's Profile Photo

Aung Kyaw Soe

19/11/2024

Home

1 min read
Parenting & Family

ကျောင်းတုန်းက အင်္ဂလိပ်စာသင်တဲ့ဆရာမပြောတာလေးသတိရတယ်
Home နဲ့ House မတူဘူးတဲ့
Home ဆိုတာ မိသားစုတွေစုနေကြတဲ့အိမ်ဆိုတာထက် အဓိပ္ပာယ်ပိုလေးနက်တယ်တဲ့
ကိုယ့်အတွက် လုံခြုံမှု နွေးထွေးမှု ကြည်နူးရမှုတွေ အပြည့်ရတဲ့နေရာ
Home ဆိုတာ ပြောရရင် နွေးထွေးမှုရပ်ဝန်းတစ်ခု

House ဆိုတာတော့ အိမ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ
လူတွေနေဖို့ဆောက်ထားတဲ့အိမ် ဒါပဲပေါ့

ကိုယ်ကတော့ ငယ်ငယ်ကမိသားစုနဲ့နေခဲ့တဲ့ House လေးဟာ Homeနဲ့ ထပ်တူကျတာ တွေးမိတော့ ကိုယ့်ဘဝကိုယ် ကျေနပ်မိတယ်
ဒီအမေ ဒီသားတွေသမီးတွေ အဒေါ်တွေ နဲ့ ကိုယ့်ရဲ့ Home လေးက တကယ့်နွေးထွေးမှုရပ်ဝန်းတစ်ခုဖြစ်ခဲ့ပါတယ်

ဒါနဲ့ဆက်စပ်ပြီး ဂျက်ကီချန်း ပြောတာလေး သဘောကျတယ်
မိသားစုဆိုတာ ဆွေမျိုးတော်စပ်မှ မဟုတ်ဘူးတဲ့
ကိုယ်နဲ့ နှလုံးသားချင်းဖလှယ်လို့ရတဲ့လူ ကိုယ့်ခံစားချက်တွေနားလည်ပေးနိုင်တဲ့ ရင်ဘတ်ချင်းနီးတဲ့လူမှန်သမျှ မိသားစုပါပဲတဲ့
ဪ...မိသားစု

အိမ်နဲ့ဝေးခဲ့တဲ့ နေ့စွဲတွေမှာလည်း မိသားစုလို့ ခံစားခဲ့ရတဲ့ လူတွေနဲ့ကြုံတွေ့ခဲ့ရသလို ဘဝမှာ ကြုံရုံလေးသာကြုံခဲ့ပြီး ရင်ဘတ်ချင်းမဆုံခဲ့တဲ့ လူတွေနဲ့လည်း ဖြတ်သန်းခဲ့ရပါတယ်
မိသားစုဆိုတဲ့ ခံစားချက်လေး အသက်ဝင်စေခဲ့တဲ့သူတိုင်းကို ကျေးဇူးပါ
အထူးသဖြင့် သူငယ်ချင်းဆိုတဲ့ လူတစ်ချို့ပေါ့
အသက်အရွယ်တစ်ခုရောက်မှ ဆုံမိကြပေမယ့် ညီအစ်ကိုလို ခံစားချက်မျိုးပေးခဲ့တာ သူငယ်ချင်းတွေပါပဲ
ခက်ခဲတဲ့အချိန်တွေကို အတူတူဖြတ်ကျော်ခဲ့ကြပြီး အလွမ်းအဆွေးတွေအတူတူဝေမျှခဲ့ကြတာလည်း သူငယ်ချင်းတွေပါပဲ
အတူတူရှိခဲ့ကြတဲ့အချိန်တွေမှာ အရမ်းမသိသာပေမယ့် အချိန်တစ်ခုရောက်လို့ တစ်နေရာစီခွဲခွာကြရတဲ့အချိန်ကျတော့ ရင်ထဲကနေ သတိတရနဲ့ တမ်းတမိတာ သူငယ်ချင်းတွေပါပဲ
သူငယ်ချင်းများ နေကောင်းလို့ ကျန်းမာပါလေစ
ဘေးအန္တရာယ်ကင်းလို့ လိုရာခရီးရောက်နိုင်ကြပါစေ
ပြန်ဆုံဖြစ်တဲ့တစ်နေ့ တစ်ချိန်ကအပြုံးတွေကို အရင်လိုပဲ ကြည်ကြည်လင်လင်နဲ့ မြင်ချင်ပါသေးတယ်

Keep Reading

ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောတဲ့ ဓလေ့ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာစံသတ်မှတ်ချက်တွေကအချစ်ပေါ့စေသလား?"ကျွန်တော်သာ မိဘနေရာရောက်ခဲ့ရင်"Relationship ရှိသူများအတွက် သတိပြုစရာ။မိဘမဲ့မနှိုင်းယှဥ်ပါနဲ့ အတုယူတတ်ပါစေအချောမသပ်ရသေးတဲ့ ချည်စောင်လေးတစ်ထည် (ဝတ္ထုတို)"ကြောက်ရွံခြင်း ဒီဂရီ။"မပိုင်ဆိုင်ရခြင်းဟာ ပိုလွတ်လပ်ပါတယ်