Author's Profile Photo

Moe

17/11/2024

ပြည်အလှတန်ဆောင်တိုင်ည

3 mins read
Culture
Art
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ပြည်အလှတန်ဆောင်တိုင်ည's photo


တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာနွယ် ၀င်တို့၏ ကိုးကွယ်အားထားမှီခိုဆည်းကပ်ရာ ဖြစ်သော ဘုရားရှင်သက်တော်ထင်ရှားရှိစဥ်အခါ သာ၀တ္ထိပြည်၊ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဥ်ကဖြစ်သည်။
ကောသလမင်းကြီးနှင့်ညီနောင်များဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီးအကြားရှိ သာကေတမြို့၌ဝါဆိုဝါကပ်ကြသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးခြိမ့်ခြိမ့်သဲသဲစည်းကားလှသည့်အခါသမယဖြစ်သည့် တန်ဆောင်မုန်းလသည် မြန်မာ 12ရာသီတွင်အဋ္ဌမမြောက်လဖြစ်ပြီး ထင်ရှားသောပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်းကပ်လှူသည့်ကထိန်ပွဲများ ကျင်းပခြင်းဖြစ်သည်။
တန်ဆောင်မုန်းလတွင် နက္ခတ်နှင့်ကြယ်တာရာ တို့သည်လနှင့်ယှဉ်ကာ ထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟုလည်းခေါ်သည်။
ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။
ရာသီရုပ်မှာ ကင်းမြီးကောက်အရုပ်ဖြစ်သည်။
တန်ဆောင်မှာ မီးရှူး၊မီးတိုင်၊ဆီမီးဟုအဓိပ္ပာယ်ရပြီး မှုန်း၏အနက်ဖွင့်ဆိုချက်များ မှတောက်ပစေသည်ဟူသော အနက်ကိုယူ၍ ဆီမီးတောက်ပစေသောလ၊ ဆီမီးထွန်းညှိသောလဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလ၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆီမီးထွန်းပွဲတော်၊ မီးပုံပျံပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များကို ကျင်းပလေ့ရှိကြသည်။

လှူဖွယ်ဝတ္ထုများစုံလင်စွာအလှဆင်


တန်ဆောင်တိုင်ပွဲတော် အခါသမယမှာ သံဃာတော်ကို လှူဒါန်းပါသည်။
တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပြီး ကျင်းပပါသည်။
ကထိန်ပွဲတော်ကို လှူဖွယ်ဝတ္ထုလှူပြီး ကျင်းပပါသည်။
ပဒေသာပင်များတွင် ဝတ္ထုငွေများကို ဗုဒ္ဓဘုရား၏ပုံတော်များ၊ ဘုရားစေတီတော်ပုံများ၊ ဘုံပြသာဒ်များ၊ ရဟန်းတို့အသုံးပြုသည့်ပရိက္ခရာရှစ်ပါးပစ္စည်း၊ ဘုန်းတော်ကြီးကျောင်းအတွင်း လိုအပ်မည့်လှူဖွယ်ဝတ္ထုများကို စုံလင်စွာအလှဆင်၍ မြိုလယ်လမ်းမများတွင် ခင်းကျင်းပြသထားသည်မှာ မြင်ရသူအဖို့ စိတ်နှလုံးအေးချမ်းကြည်နူးစေပါသည်။

ထိုဘုံကထိန်လှည့်သည့်နေရာတွင် ပဒေသပင်များကို မော်တော်ကားများအပေါ်အလှဆင်၍ မြိုလယ်လမ်းမတစ်လျှောက် အိုးစည်၊ ဒိုးပတ်များ၊ သံစုံတီဝိုင်းများ၊ ဆင်က၊ မြင်းကအလှအပများဖြင့်မြိုင်မြိုင်ဆိုင်ဆိုင် ပျော်ရွင်မြူးထူးစွာလှည့်လည်ကြပါသည်။
ကထိန်ပွဲကိုဈေးကထိန်၊ ကျောင်းပေါင်းစုံကထိန်၊ ရပ်ကွက်ကထိန်ကျင်းပကြပြီး လှူဖွယ်ပစ္စည်းများမှာလည်း စုံလင်လှပါသည်။

မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်း


မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲသည် မြတ်စွာဘုရားလက်ထက်တော်ကတည်းကပင်ရှိခဲ့သည်။
မသိုးသင်္ကန်းဟူသည် နေမကူး၊ရက်မကူးစေဘဲ တစ်ရက်အတွင်းအပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့်မသိုးသင်္ကန်းဟုခေါ်ဆိုရခြင်းဖြစ်သည်။
မိထွေးတော်ဂေါတမီအမှူးပြုသည့် နန်းတွင်းသူများသည် ဝါဂွမ်းမှအစချည်ငင်၊‌ ဆေးဆိုး၊ ရက်ကန်းစင်ရက်လုပ်၊ သင်္ကန်းချုပ်ခြင်းလုပ်ငန်းတို့ကို ညတွင်းချင်းအပြီးဆောင်ရွက်ခဲ့ကြသည်။
နံနက်ငါးနာရီမထိုးမီ မြတ်ဗုဒ္ဓအား မသိုးသင်္ကန်း (ကထိန်သင်္ကန်း) ဆက်ကပ်လှူဒါန်း နိုင်အောင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကထိန်ကာလ၏နောက်ဆုံးညဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း14ရက်နေ့ညနေပိုင်းတွင်မှ စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာကပ်လှူကြပါသည်ကိုတွေ့ရပါသည်။
နေ့ကူးသွားလျှင် ရက်လုပ်ထားသော ထိုသင်္ကန်းကို မသိုးသင်္ကန်းဟုမခေါ်ဆိုနိုင်တော့ပေ။
ထို့ကြောင့် ရက်ကန်းရက်လုပ်သည့်လှပျိုဖြူလေးများသည် ချွေးတလုံးလုံးဖြင့် တစ်ညလုံးမမောမပန်းရက်လုပ်ကြရသည်။

တန်ဆောင်တိုင်ပျော်ပွဲရွင်ပွဲ


တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ်တစ်နေ့ပင်ဖြစ်ပါသည်။
အကြောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့၌ကျင်းပလေ့ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့်ပွဲတော်ဖြစ်သကဲ့သို့ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရသည့် နောက်ဆုံးနေ့လည်းဖြစ်သည်။

တန်ဆောင်တိုင်သည် ဆီမီးထွန်းညှိပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ၊ မုန့်များကို ဝယ်ယူပြီး သက်ကြီးရွယ်အို အဘိုးအဘွားများကို ကန်တော့ကြရပါသည်။
တန်ဆောင်တိုင်မရောက်ခင် အကြိုနေ့ထဲက မဏ္ဍပ်ဆောက်လုပ်ပြီး သီချင်းသီဆိုကာ ပျော်ပါးကြပါသည်။
ဓမ္မာရုံကတရားတွေကို မနက်ပိုင်းဖွင့်ကြပါသည်။
မဏ္ဍပ်ကSound box သီချင်းတွေကို ညဘက်ဖွင့်ကြပါသည်။
တန်ဆောင်တိုင်ည၏ပွဲဈေးက အလွန်စည်ကားပါသည်။
ညဘက်မှာပဲဖွင့်သည်။
ပွဲဈေးက အစားအသောက်များ၊ ပစ္စည်းများ၊ မုန့်များ စုံစုံလင်လင်ရှိပြီးလူအုပ်တွေလည်း အများကြီးဖြစ်နေပါတယ်။

တန်ဆောင်တိုင်ညတွင် ရပ်ကွက်မြို့ရွာတို့တွင် သီချင်းသံများမြူးနေကြပါသည်။
ကျွန်ုပ်သည်လည်းညဘက်တွင် မဏ္ဍပ်မှာပိုက်ဆံလှူဒါန်းခဲ့ကြပါသည်။
နိဗ္ဗာန်ဈေးပွဲတော်သည်လည်း အလွန်စည်းကားလှပါသည်။
နိဗ္ဗာန်ဈေးပွဲတော်မစခင် သီချင်းသံ၊ လူတွေလည်းစကားပြောသံ၊
Sound box အသံဖြင့်ဆူညံနေပါသည်။
ထို့နောက် မဲနံပါတ်ပြား သွားယူဖို့ တန်းစီရပါသည်။
ပွဲစသောအခါ မဲနံပါတ်ပြားယူပြီး လူအုပ်ကြားထဲမှာ မုန့်တွေလိုက်ယူရပါသည်။
ကထိန်ကသီချင်းများလည်း ကြားရပါသည်။
နေ့လယ်ဘက်တွင် ကားဖြင့်သီချင်းဖွင့်ပြီး လှည့်လည်ကြပါသည်။
ညဘက်တွင်လည်း အိမ်ဘေးက sound boxနဲ့ သီချင်းဖွင့်ကြပါသည်။

ဘုရားရှင်လက်ထက်တော်အချိန်မှစ၍ ယနေ့အချိန်အထိ တန်ဆောင်တိုင်ပွဲတော်ရှိနေပါတယ်။

တန်ဆောင်မုန်းလပြည့်ဆေးပေါင်းခသည့်ည


တန်ဆောင်မုန်းလပြည့်ည၌ မဲဇလီပင်သည် ဆေးပေါင်းခသည်ဟုလည်းယုံကြည်ယူဆလျက် မဲဇလီဖူးသုပ်ကာဝေငှအလှူအတန်းကြသည်။
တစ်အိမ်နှင့်တစ်အိမ်အပြန်အလှန် ဝေငှစားသောက်ကြသည်မှာ မြန်မာတို့၏ချစ်စရာဓလေ့ ပင်ဖြစ်သည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်ည 12နာရီတိတိအချိန်ကို ဆေးပေါင်းခသည်ည၏ အစွမ်းထက်ဆုံး၊အမြင့်မားဆုံးအချိန်အဖြစ်သတ်မှတ်ကာ မြန်မာတိုင်းရင်းဆေးဆရာကြီးများသည် ဆေးဝါးမျိုးစုံ ဖော်စပ်လေ့ရှိကြသည်ဟုဆိုသည်။
မြန်မာတိုင်းရင်းသားများသည် တန်ဆောင်မုန်းလပြည့်ညတွင် ပံသကူပစ်ပွဲ အလှူဒါနများကိုလည်း ပြုလုပ်ကြသည်။
ပံသကူပစ်ခြင်းသည် ပစ္စည်းဥစ္စာပြည့်စုံသူများက ချို့တဲ့သူများ၊ မပြည့်စုံသူများ အတွက်ရည်ရွယ်ကာ ပုဂ္ဂိုလ်စွဲမထားဘဲ လိုအပ်သလိုအသုံးပြုစေနိုင်ရန် လှူဒါန်းခြင်းပင်ဖြစ်ပေသည်။
တန်ဆောင်တိုင်မှာပျော်ရွင်ပါစေ။
ကြည်ကြည်လင်လင် ပန်းလေးတွေလိုအေးမြပါစေ။
ပျော်ရွင်ခြင်းတွေလည်း နှစ်ကြာကြာလေး ရှိနိုင်ပါစေ။
ချစ်ခြင်းမေတ္တာတွေဟာ ပန်းတွေလိုမွှေးပျံပါစေ။
လုပ်သမျှ အဆင်ပြေပါစေ။
မြင်တွေရုံနဲ့ကြည်လင်ပါစေ။
ထိတွေ့ရုံနဲ့အေးမြပါစေလို့ စာဖတ်သူလေးတို့အတွက် ဆုတောင်းပေးရင်နိဂုံးချုပ်လိုက်ပါပြီးရှင့်။

#Moe
#Sarphat

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ