Author's Profile Photo

Aung Thu Ya Kyaw

15/11/2024

အကျိုးဆောင်လောကရဲ့ ယဉ်ဆိုင်စရာများ

4 mins read
Business
Book Review
Entrepreneurship
အကျိုးဆောင်လောကရဲ့ ယဉ်ဆိုင်စရာများ's photo

ဆယ်စုနှစ် တစ်ခုအတွင်းမှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းဟာ တော်တော်လေးကို တိုးတက်လာခဲ့ပါတယ်။ မြင်သာအောင် လတ်တလော အခြေအနေကို ပြောရရင် မြောက်ဒဂုံမှ မြေကွက်တွေဟာ ကိုဗစ် မတိုင်ခင်မှာ သိန်း တစ်ထောင်/နှစ်ထောင် ဝန်းကျင်ဟာ သိန်းပေါင်း တစ်သောင်း ဝန်းကျင်ထိ ဖြစ်သွားတာမျိုးပါ။ နေရာ၊ စာရွက် ပေါ်လိုက်ပြီး အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။

သို့ပေမယ့် အကျိုးဆောင်တွေ အတွက်ကတော့ ဒီလောက်ထိ တိုးတက်လာတဲ့ အခြေအနေ မဟုတ်ပါဘူး။ အကျိုးဆောင် တွေအတွက် စိန်ခေါ်စရာ အခက်အခဲ ပေါင်းစုံ ရှိပါတယ်။ ဟိုး.. ဥပဒေ ကနေ စပြီးတော့ နည်းပညာပိုင်း ထိ အကျိုးဆောင် တော်တော်များများ အားနည်းနေသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

(တကယ်လို့ ထင်သာ မြင်သာ ရှိရှိ သိချင်တယ်ဆိုရင် Mg Mg & 80’s 90’s page လေးမှာ မြောက်ဒဂုံ အိမ်ခြံမြေ နဲ့ ပက်သက်ပြီး ရိုက်ကူးတင်ပြပေးထားတာတွေ့ရမှာပါ။ ထို Video လေးထဲမှာတော့ အကျိုးဆောင်တွေရဲ့ အလုပ်လုပ် လုပ်ပုံကိုင်ပုံ ပုံပန်းသွင်ပြင်လေးတွေကို လေ့လာနိုင်ပါတယ်။)


၁။ စည်းမျဉ်းစည်းကမ်း နှင့် ဥပဒေ

အရေးကြီးဆုံးနဲ့ ရင်ဆိုင်ရဆုံး ပြဿနာကို ပြောပါဆိုရင်တော့ မြေယာ ပိုင်ဆိုင်မှုနဲ့ ပက်သက်တဲ့ ဥပဒေ တွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ရှုပ်ထွေးနေတယ်၊ မတိကျတာနဲ့ လုပ်ရ ကိုင်ရခက်ခဲ တာမျိုးတွေရှိပါတယ်။ 

ဥပမာ ပြောရမယ် ဆိုရင် ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေက မှတ်တမ်းတွေကို လွယ်လွယ်ကူကူ Up-to-date မဖြစ်နေတာ၊ ပါမစ်ကို ဂရန် လျောက်ထားပြီး ပါမစ် တစ်ယောက် ဂရန်တစ်ယောက် တစ်ရွက်စီ ရောင်းမိလို့ ပြဿနာဖြစ်နေတာ၊ ပါမစ်တွေကို ဂရန် ချပေးရာမှာ တစ်မြို့နယ် နဲ့ တစ်မြို့နယ် မတူနေတာ၊ အရင် အဆက်ဆက် မြေယာ ပိုင်ဆိုင်မှု နဲ့ ပက်သက်ပြီး Record အဟောင်းတွေ မရှိတော့တာ၊ ပျောက်ကုန်တာ စသဖြင့် ပြောမကုန်အောင် ရှိနေတာပါ။

ဒါကြောင့် မို့ အကျိုးဆောင် တွေအနေနဲ့ Local-Law-Firms တွေနဲ့ ချိတ်ဆက်ဆောင်ရွက် သင့်ပြီးတော့ အတူတူ တွဲလုပ်ခြင်းဟာ မြေယာနဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေ ရဲ့ စည်းမျဉ်း၊ စည်းကမ်း တွေ ဥပဒေတွေကို သိရှိ နားလည် နိုင်မှာ ဖြစ်ပါတယ်။


၂။ ဈေးကွက် လှုပ်ခတ်မှု နှင့် စီးပွားရေး မတည်ငြိမ်မှု 

မြန်မာ့ စီးပွားရေးဟာ မတည်မငြိမ် ဖြစ်ခြင်း၊ အတက်အကျ ဖြစ်ခြင်း တို့ကို တော်တော်လည်း ရင်ဆိုင်နေရပါတယ်။ ဒီလို ရင်ဆိုင်ရခြင်းဟာ ဈေးကွက် ရဲ့ လိုအပ်ချက်ကို တော်တော်လေး ထိစေပါတယ်။ ငွေးကြေး မတည်ငြိမ်မှု၊ ငွေဖောင်းပွမှု နှင့် အတိုးနှုန်း မြှင့်တက်လာမှုတို့ဟာ ဈေးကွက်တန်ဖိုးနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို လွှမ်းမိုးနိုင်ပါတယ်။ 

လက်ရှိနိုင်ငံရေး အခြေတွေကဟာလည်း မတည်ငြိမ်မှုကို ဖြစ်ပေါ်နေပြီးတော့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမဲ့ သူတွေ အတွက် တော်တော်လေး စဉ်းစားစရာ ဖြစ်ပါတယ်။ ရှိတာတွေကို အကုန်ရောင်း နိုင်ငံခြား ထွက်မလား ဆိုတဲ့ တွေးနေတဲ့ သူတစ်ချို့နဲ့ ဒီအချိန်အခါကို စောင့်ပြီးတော့ ပြစ်ဝယ်မဲ့ သူတို့ကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပါတယ်။ 

ဒီကြားထဲမှာ သက်သာဖို့ အကျိုးဆောင် တွေအနေနဲ့ရော ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ရော ဈေးကွက် အပိုင်းပိုင်းတွေကို ခွဲပြီးတော့ အာရုံစိုက်ရပါတော့မယ်။ ဆိုလိုတာကတော့ Residential မှာပဲ ဖြစ်ဖြစ် Commercial မှာပဲဖြစ်ဖြစ် Industrial မှာပဲ ဖြစ်ဖြစ် ကိုင်ထားနိုင်ဖို့၊ သိနေဖို့ အရေးကြီးပါတယ်။


၃။ နည်းပညာနဲ့ ပက်သက်တဲ့ အခြေခံတွေ မရှိနေတာ

ဈေးကွက်တစ်ခုဟာ ပိုပြီးတော့ တိုးတက်အဆင့်မြှင့်တင်လာဖို့ အတွက်ဆိုရင် MLS (Multiple Listing Service) လို့ခေါ်တဲ့ အရောင်းတွေတင်လို့၊ ကြည့်လို့ ရတဲ့ Website, Application တွေ Open Source ဖြစ်ဖြစ် လိုအပ်နေတာပါ။

သို့သော်လည်း မြန်မာနိုင်ငံမှာက ဒီလို Platform တွေနဲ့ ပက်သက်ပြီး သုံးတတ်တဲ့ အကျင့်၊ သုံးနေတဲ့ လူ၊ ဒေသ ဒါတွေက ဖွံ့ဖြိုးမှု တော်တော်လေး အားနည်းနေပါသေးတယ်။ ဒီလိုမျိုး ကြည့်လို့ရတဲ့ Platform တွေ ရှိလာပြီ ဆိုရင်တော့ ဈေးကွက် သုံးသပ်ရာမှာ တော်တော်လေး အဆင့်မြင့်တင်လာပါလိမ့်မယ်။

နောက်တစ်ခုကတော့ အဝယ်တွေ၊ အရောင်းတွေကို စီမန့်ခန့်ခွဲဖို့ CRM (Customer Relationship Management ) စနစ်တွေဆိုတာ ဘာလဲ မသိသလို လိုက်မလုပ်တဲ့ သူတွေက များပါတယ်။ လိုင်းပေါ် တင်လိုက်တယ်။ ဝယ်တဲ့ သူဖုန်းဆက်ရင် ကိုင်လိုက်တယ်၊ ဖြေလိုက်တယ်၊ ဘယ်နလ နေရင် ဘာပို့ရမယ်၊ ဘာပြောရမယ် ဆိုတဲ့ Plan အစီအစဉ် တကျ မရှိနေပါဘူး။ 

တော်တော်များများက အရောင်းတွေ တင်တဲ့ အခါမှာလည်း Social Media တွေဖြစ်တဲ့ အဓိက Facebook တစ်ခုတည်းကို သာ အားကိုးနေပြီးတော့ ဒီလို အသုံးမပြုနိုင်ခြင်းဟာ လုပ်နိုင်စွမ်းအား နှင့် ဗဟိုအချက်အခြာ ရှိမနေပါဘူး။

 ဥပမာ - အခြား နိုင်ငံက MLS တွေဖြစ်တဲ့ Zillow, Realtor.com, Redfin, Trulia, LoopNet, MLS.com တို့ဟာ ထင်ရှားတဲ့ MLS Website တွေကနေ လေ့လာနိုင်ပါတယ်။


၄။ ကျွမ်းကျင်မှု ကွာဟ ခြင်းနှင့် လေ့ကျင့်သင်ကြားမှု ကန့်သတ်မှုရှိခြင်း

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ အကျိုးဆောင် တော်တော်များများဟာ ဟိုးအရင်ကတည်းက လုပ်နေတဲ့ “မူလလက်ဟောင်း” ပညာရပ်တွေကြားမှာ ပိတ်မိနေတာ အတော်ကြာနေပါပြီ။ 

ကိုယ်တိုင်သင်ယူမှု နှင့် လေ့ကျင့်ရေး သင်တန်းတွေဟာလည်း လုံလောက်မှု မရှိပါဘူး။ အထူးသဖြင့် သင်ကြားနေတာတွေကို ကြည့်လိုက်ရင် ဂရန်က ဘာလဲ? ပါမစ်က ဘာလဲ? ဘာတွေကွာလဲ? အမွေဆိုင် ဖြစ်လာရင် ဘယ်သူက အမွေကို လက်ခံရမလဲ? ဆိုတဲ့ စာရွက်စာတမ်း ဥပဒေ သင်တန်းကျောင်းတွေကတော့ ပလူ ပြန်နေတာပါပဲ။
အကျိုးဆောင် တစ်ယောက် အတွက် အရေးကြီးတဲ့ လူမှုဆက်ဆံရေး အတတ်ပညာ၊ မိတ်ဖက် ဆောင် ရွက်နည်း အတတ်ပညာ၊ တွေ့စုံညှိုနှိုင်း တတ်တဲ့ ပညာ၊ Digital Marketing ပညာ နှင့် Lead Generation နဲ့ ပက်သက်တဲ့ သင်တန်းတွေ ရှိမနေခြင်းဟာ အခြား နိုင်ငံက သူတွေနဲ့ ယှဉ်မယ်ဆိုရင် တတ်မြောက်မှုက တော်တော်လေး ကွာဟနေပါတယ်။ ဒါကို ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်များအရ ပြောတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီလို သင်ကြားပေးနိုင်တဲ့ သင်တန်းကျောင်းတွေ၊ ပညာရမဲ့ လုပ်ငန်းတွေကို ရှာပါ၊ မြို့နယ်တွေမှာ အိမ်ခြံမြေ ဗဟုသုတ နဲ့ ပက်သက်တဲ့ ဟောပြောပွဲတွေ တက်ပါ။ ဒါတွေက အကျိုးဆောင် တစ်ယောက် အတွက် အဓိက အရေးကြီးတဲ့ အခြေခံတွေကို လေ့လာသင်ယူနိုင်စေမှာ ဖြစ်ပါတယ်။


၅။ အကောင်းမမြင်တတ်တဲ့ ပတ်ဝန်းကျင်

ပွဲစားလို့ ပြောလိုက်တာနဲ့ လူတွေက နှခေါင်းရှုံ့ စရာ အဖြစ်မြင်ကြတာများပါတယ်။ မြန်မာနိုင်ငံမှာက တစ်ခုခု ဆို VPN ကခံနေရသလိုပေါ့။ ဥပမာ ကညနမှာ ယဉ်မောင်း လိုင်စင်လုပ်ဖို့ ဆိုရင် အရင်ဆုံး ဘယ်သူ့ကို အရင်ဆက်သွယ်ရမလဲ ဆိုတာ သိမှာပါ။ ဒီလို ကြားခံ ဆောင်ရွက်ပေးသူတိုင်းကို “ပွဲစား” လို့ခေါ်လေ့ရှိပြီးတော့ အလိမ်အညာ မိသွားတဲ့ သူတွေကလည်း များတော့ “ပွဲစား” ဆိုရင် မကြိုက်ကြပါဘူး။

မယုံရင် ငယ်ငယ်က “သား.. ကြီးလာရင် ဘာလုပ်မလဲ” ဆရာမ က မေးရင် “သား.. ကြီးလာရင် အိမ်ခြံမြေ ပွဲစား” လုပ်မယ် လို့ ပြောကြည့်။ ဆရာမ က ဘာပြောမလဲ ဆိုတာ။ ဒီလို အလုပ်ကိုလုပ်မို့လား? ဆရာဝန် တို့ အင်ဂျင်နီယာ တို့ လုပ်ပါ သားရယ်.. ဆိုပြီး အပြောခံရမှာ အသေအချာဖြစ်ပါတယ်။

မိဘတွေကလည်း အားမပေးကြသလို၊ မျိုးဆက်သစ်လူငယ် အကျိုးဆောင် တွေ အနေနဲ့ကလည်း ဒီလုပ်ငန်းက အသက်ကြီးမှ လုပ်လို့ရမယ်၊ ပိုက်ဆံရှိမှ ရမယ်၊ အနာဂတ်အတွက် မကျိန်းသေတဲ့ ရည်မှန်းချက်ကြီးပါ ဆိုပြီး စိတ်မဝင်စားကြပါဘူး။ 

ဒီလို အကောင်းမမြင်တတ်တဲ့ ပတ်ဝန်းကျင်က လူတွေကြောင့် လူငယ်နဲ့ လူကြီးတွေဟာ စ ရဲဖို့အတွက် မ စ သလို၊ လုပ်ရင်လည်း ဆုံးရှုံးနိုင်ချေများတယ် ဆိုပြီး လက်လျော့ သွားကြတာ များပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အကျိုးဆောင် လုပ်မယ်လို့ ပြောတုန်းက အိမ်က မိဘတွေ၊ ညီအစ်ကို မောင်နှမ တွေ အမျိုးမျိုး တားခဲ့ပါသေးတယ်။ 


၆။ ပြိုင်ဆိုင်မှု ပြင်းထန်နေခြင်း

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ လုပ်ငန်းဟာ ဆိုရင် အဓိက မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် နှင့် မန္တလေးမြို့တွေဟာ တော်တော်လည်း ဈေးကွက် အရ တိုးတက်မှု ပိုမြန်ပါတယ်။ ဈေးကွက် တိုးတက်မှု ပိုမြန်လေ ဒီမြို့တွေမှာ အကျိုးဆောင် လုပ်ရတဲ့ အကျိုးဆောင်တွေကလည်း တော်တော်လေး များပါတယ်။ 

အထူးသဖြင့် ဒီနိုင်ငံမှာက ကွမ်းယာ ရောင်းနေရင်း အိမ်ဝယ်ဖို့ လာစုံစမ်းလို့ တိုးရင် အဝယ်လိုက်ပြလိုက်တာနဲ့ အရောင်းအဝယ်ဖြစ်ပြီဆိုရင် အကျိုးဆောင် ခ လွယ်လွယ်ကူကူရနေလို့ပါပဲ။ သေချာ စည်းစနစ်တကျ လိုင်စင်တွေ လုပ်ပေးမယ်၊ ဖျက်ဖောက်သူတွေကို သိမ်းတာ မျိုးတွေ၊ အပြစ်ပေးတာမျိုးတွေ၊ မဆိုင်သူတွေ ဝင်ယူတာမျိုးတွေဟာ ပျောက်ပျက်သွားရင်တော့ စည်းစနစ်ကျတဲ့ အသိုက်အဝန်း တစ်ခုကို တည်ဆောက်နိုင်သွားမှာပါ။

ဒီလို ပြင်းထန်နေတဲ့ကြားက ကိုယ်က ယှဉ်ပြိုင်ရပြီဆိုရင် တစ်မြို့နယ်ထဲက ဈေးကွက် အသွားအလာတွေကို လေ့လာထားရုံသာမက အခြားမြို့နယ်တွေပါ သုံးသပ်ထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အကျိုးဆောင်ပညာ ရပ်ကိုလည်း အမြဲ မပြတ်လေ့လာသင်ယူသွားဖို့ ကလည်း အရေးကြီးပါသေးတယ်။


ဒီလိုမျိုး Challenges ဖြစ်စရာတွေ ဖြစ်နေပါသော်ငြားလည်းပဲ အကျိုးဆောင်တွေအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ် နဲ့ အညီ လိုက်လျော်ညီထွေမှု ရှိအောင် နေတတ်တာ၊ အသစ်သစ် ပြောင်းလဲ နေတတ်ဖို့ အရေးကြီးပါတယ်။ ပြောပြပေးသွားတာကတော့ ယခုရင်ဆိုင်နေရတဲ့ အခက်အခဲနှင့် ဘယ်လို ရင်ဆိုင် ကျော်ဖြန်ရမလဲ ဆိုတာ နည်းမောင်းထိုး ပြပေးသွားခဲ့တာ ဖြစ်ပါတယ်။ လေ့လာ သင်ယူချင်စိတ် ပြင်းထန်တဲ့သူ တစ်ယောက် အတွက် အမြဲတမ်း ထိပ်ဆုံးမှာ ရှိနေမှာပါ။

ကျေးဇူးတင်ပါတယ်။ 
(ဦးအောင်သူရကျော်)

Keep Reading

လူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချမ်းသာဖို့အတွက် ဘာလိုသလဲချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလား