Author's Profile Photo

မြူ

14/11/2024

“စိတ်ညစ်စရာတွေ မတွေးပါနဲ့”

1 min read
General Knowledge
Creative


စိတ်ညစ်စရာတွေတွေးနေလို့ မင်းရဲ့အဆင်မပြေမှုတွေက ပျောက်သွားလိမ့်မယ်လို့ မင်းထင်လား။ သေချာပြန်စဉ်းစားကြည့်ပါ။ မင်းစိတ်ညစ်နေလို့ ကောင်းတာတွေဖြစ်မလာဘူး။ အဆင်မပြေလို့ ထိုင်ပြီး စိတ်ညစ်နေမယ့်အစား ပြသာနာတွေအတွက် ဖြေရှင်းနည်းရှာလိုက်။ ထိုင်ပြီးစိတ်ညစ်နေလို့ အလကားပဲ။ မင်းရဲ့မိဘတွေက မင်းကိုလူ့လောကကြီးမှာပြသာနာတွေနဲ့ရင်ဆိုင်လာရင် စိတ်ညစ်တတ်ဖို့ပဲမွေးပေးခဲ့တာမဟုတ်ဘူး။ ဖြေရှင်းနည်းကိုရှာ။ စိတ်ညစ်တာက မင်းအတွက် ဘယ်အရာမှကောင်းလာမှာမဟုတ်ဘူး။ လောကကြီးက မင်းကို သံပရာသီး ပေးလာခဲ့တဲ့အခါ မင်းက သံပရာရည်ဖျော်သောက်တတ်အောင် ကြိုးစားပါ။ လောကကြီးက ကောင်းတာတွေပဲပေးနေမှာမဟုတ်တဲ့အတွက် အဆင်မပြေတာလေးတွေ့တာနဲ့ ထိုင်ပြီးစိတ်ညစ်မနေနဲ့။ မင်းမှာ သွားရမယ့် လမ်းတွေရှိသေးတယ်။ ပန်းတိုင်တွေရှိသေးတယ်။ မင်းရဲ့အတွေးနဲ့ မင်းကိုယ်မင်း ဆွဲမချမိစေနဲ့။
ဘဝက ပန်းခင်းလမ်းမဟုတ်တဲ့အတွက် စိတ်ညစ်မနေပဲ ဖြစ်လာသမျှကို ရင်ဆိုင်ရဲအောင်ကြိုးစားပါ။ ။





-မြူရိပ်သွင်



#yeik
#motivations
#peace_channel

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels