Author's Profile Photo

Azro

11/11/2024

ကြောက်မနေပါနဲ့ ရင်ဆိုင်လိုက်ပါ

1 min read
Business
Entrepreneurship
Career & Job Market
ကြောက်မနေပါနဲ့ ရင်ဆိုင်လိုက်ပါ's photo

စီးပွားရေးလောကမှာ တကယ်တမ်းပြိုင်ဆိုင်ကြပြီဆိုရင် ဘယ်သူမှအထာထားမနေတော့ဘူး

အဲ့တော့ မပြိုင်ခင်ကတည်းကနိုင်အောင် ကိုယ်ကကြိုတင်ပြင်ဆင်ထားဖို့လိုတယ်

ရေရှည်အတွက် Branding ကောင်းမှအဆင်ပြေမယ်

ကြော်ငြာတဲ့အခါမှာလည်း တချို့က စီးပွားရေးသာ လုပ်နေကြတာ လူတွေမကြိုက်တဲ့ဒဏ်ကို မခံနိုင်ဘူး

ဒီလိုလေးစဥ်းစားကြည့်

လူတိုင်းကြိုက်တဲ့ Product မျိုးက ရှိရဲ့လားပေါ့

ကျွန်တော်သိသလောက်တော့မရှိဘူး

အဲ့တော့ ကိုယ့် Product ကို လူတိုင်းမကြိုက်နိုင်ဘူးဆိုတာ သေချာသိရင် ကြော်ငြာတဲ့အခါ ကိုယ့်ကြော်ငြာကို လူတိုင်းကြိုက်ဖို့အတွက် လုပ်မနေပါနဲ့

ကိုယ့် Product ကို တကယ်ကြိုက်တဲ့ တကယ်ဝယ်နိုင်တဲ့ လူတွေအတွက်ပဲ Focus ထားပြီး သေချာဖန်တီးပါ

လူတိုင်းကြိုက်ဖို့ မကြိုးစားတာကောင်းတယ်

ကိုယ်မှကိုယ်ဖြစ်နေစေမယ့် Market တစ်ခုကို သေချာတည်ဆောက်ထားဖို့လိုတယ်

တချို့ဆိုရှိတယ်

စီးပွားရေးလောကမှာ တကယ်တမ်းပြိုင်ဆိုင်ကြပြီဆိုရင် ဘယ်လောက်ကြမ်းတမ်းတယ်ဆိုတာ သေချာနားမလည်ပဲ ပေါ့ပေါ့လေးတွေးတတ်ကြတယ်

Branding ကို သေချာမတည်ဆောက်ထားဘူး

စျေးကွက်တစ်ခုရအောင် သေချာမဖန်တီးထားကြဘူး

လူတိုင်းကြိုက်ဖို့ကိုပဲ ဦးစားပေးနေတယ်

Content idea ဘယ်လောက်ကောင်းကောင်း လူတွေဝေဖန်ခံရမယ်လို့ထင်ရင် အဲ့ဒီ Content ကို မတင်တော့ဘူး

လူတွေရဲ့အထင်တွေ အမြင်တွေကို လိုက်ဂရုစိုက်ပြီး ကိုယ်လုပ်သင့်တာကို မလုပ်ဖြစ်တော့တာ

သေချာစဥ်းသားကြည့်ရင် တကယ်တမ်း ကိုယ်ပဲနစ်နာရတာပါ

လူတိုင်းကြိုက်ဖို့ကို အရမ်းကြီးကြိုးစားမနေပါနဲ့ ပင်ပန်းတယ်

တကယ်ဝယ်နိုင်ခြေရှိတဲ့ လူတွေကိုပဲ အာရုံစိုက်ပါ

ပြီးတော့ရှိသေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် တချို့က စီးပွားရေးလုပ်နေပြီး ပြိုင်ဆိုင်ဖို့ မဖြစ်မနေ လိုအပ်လာတဲ့အချိန်မျိုးမှာတောင် Business battle ထဲကို မဝင်ရဲကြဘူး

ပြိုင်ဘက်တွေကို အရမ်းဂရုစိုက်လွန်းတယ်

Market ထဲ ဂယက်ထသွားမှာမျိုး မလိုလားဘူး

တည်ငြိမ်နေတာမျိုးပဲလိုချင်တယ်

Adventure လိုဟာမျိုး ထပ်မလုပ်ချင်ကြတော့ဘူး

အဲ့တော့ Market value ကလည်း တက်မလာတော့ဘူး

ဒီလို Mindset မျိုးနဲ့ဆိုရင် အစကတည်းက စီးပွားရေးလောကထဲ ဝင်ကိုမလာသင့်တာ

ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးလုပ်ပြီဆိုကတည်းက တစ်နေရာတည်းမှာ ငြိမ်နေလို့ မရတော့ဘူး

Market က အခြေအနေအမျိုးမျိုးကြောင့် အမြဲပြောင်းလဲနေတာ

Market trend ပေါ်လိုက်ပြီး ကြော်ငြာနိုင်မှ ရေရှည်အဆင်ပြေမယ်

ခေတ်ရေစီးကြောင်းပေါ်မှာ လှိုင်းစီးသလိုနေနိုင်တဲ့သူမှ ရေရှည်ရပ်တည်နိုင်မယ်

ကျောက်ဆောင်တစ်ခုလို ငြိမ်ငြိမ်လေးပဲနေတဲ့သူက အချိန်တန်ရင် မြုပ်သွားမှာပဲ

Business battle ထဲမှာ ပုန်းမနေပါနဲ့

ရပ်ကြည့်နေရင်လည်း အမြတ်မရှိပြန်ဘူး

မဖြစ်မနေပြိုင်မှရမယ့် အခြေအနေမျိုးနဲ့ကြုံလာတဲ့အခါ ကိုယ်ကအနိုင်ရချင်ရင် ပြိုင်ဘက်ကတော့ ရှုံးမှဖြစ်မယ် မဟုတ်ရင် ကိုယ်ကအရှုံးပေးလိုက်

တစ်ခုခုတော့ Choice မှရမယ်

စီးပွားရေးလောကမှာ ဘယ်သူတွေဘာပဲပြောပြော တိရစ္ဆာန်တွေလို ကြီးနိုင်ငယ်ညှဉ်းဝါဒကိုပဲ သုံးနေကြတာ

ကိုယ်က အားကြီးတယ်
( လုံးဝ ) အရှုံးမပေးတတ်ဘူး
မနိုင်ရင် သေစရာအကြောင်းကို မရှိဘူး
လူတွေရဲ့အထင်တွေ အမြင်တွေကိုလည်း
( လုံးဝ ) $ ဂရုမစိုက်ဘူးကွာ
ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်မယ်ဆိုတဲ့ သားရဲတစ်ကောင်လို စိတ်ဓာတ်မျိုးနဲ့မှ အသက်ရှင်ရပ်တည်နိုင်မယ်

မဟုတ်ဘူး အလကားနေ ခေါင်းပွတ်ခံချင်နေတယ် မဖြစ်မနေလိုအပ်လာတဲ့အချိန်မျိုးမှာတောင် ဘယ်သူနဲ့မှ မပြိုင်ရဲဘူး ချောင်ထဲမှာပဲကုတ်နေချင်တဲ့ သားကောင်တစ်ကောင်လို စိတ်ဓာတ်မျိုးနဲ့ဆိုရင်တော့ ရဲတဲ့ကောင်က စားမှာပဲ

အဲ့တော့ သားကောင်တစ်ကောင်လိုနေမလား သားရဲတစ်ကောင်လိုနေမလားဆိုတာ ကိုယ်ကရွေးချယ်ရမယ်

ကိုယ်ကမရွေးချယ်ဘူးဆိုရင် တခြားသူက ရွေးချယ်ပေးသွားပါလိမ့်မယ်

မဖြစ်မနေပြိုင်မှရမယ့် ပွဲမျိုးမှာ ရွှေပြည်အေးတရားတွေ နာနေလို့မရတော့ဘူး အရှုံးပေးရင် နှလုံးအေးတယ်ဆိုတာမျိုးတွေ လုပ်လို့မရတော့ဘူး နိုင်မှကိုရမယ်

တွေးစရာတစ်ခုရမယ်လို့ထင်ပါတယ်

#Azro

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾