Author's Profile Photo

Tawtawti

9/11/2024

ရန်ကုန် ချွေတာရေး ထမင်းဆိုင်များ

5 mins read
General Knowledge
Marketing
Food


-ရန်ကုန်မြို့အတွင်းမှာ စျေးသက်သာစွာနဲ့ စားသုံးနိုင်မယ့် ထမင်းဆိုင်များ-
..................................................

မင်္ဂလာပါ။
ယနေ့မှာတော့ ရန်ကုန်မြို့ထဲက ဘတ်ဂျက်
ချွေတာနိုင်မယ့် တန်ဖိုးသင့် ထမင်းဆိုင်များကို ရည်ညွှန်းတင်ဆက်သွားမှာပါ။ ရှားရှားပါးပါး အခမဲ့ဆိုင်ကနေ စျေးအများဆုံး လွန်လှ ( ၅၀၀၀ )ကျပ်တန် ထမင်းပွဲအထိ ပါဝင်မှာဖြစ်ပါတယ်။ အများစုကတော့ ၃၅၀၀ကျပ်တန် ဆိုင်လေးတွေပါ။ ငွေ၁၀၀၀ကျပ်တည်းနဲ့ ဗိုက်ပြည့်နိုင်တဲ့ ဆိုင်လေးတွေလည်း ရှိပါတယ်။
ကြည့်လိုက်ကြရအောင်ဗျား။

............................................


*"အခမဲ့"ထမင်းဆိုင်*

ရန်ကုန်မြို့၊ ၃၅လမ်းနဲ့ကုန်သည်လမ်း
ထောင့်မှာ ရှိပါတယ်။

နေ့စဥ် နံနက် ( ၁၀ ) နာရီကနေ နေ့လယ် ( ၁၂ )နာရီအထိ ဖွင့်တာပါ။
ပဲဟင်း၊ ငါးပိရည်၊ အတို့အမြုပ်တခုနဲ့ကျွေးပါတယ်။

စနေ၊ တနင်္ဂနွေတော့ ပိတ်ပါတယ်။

..............................................

*"Ngwe Laa Wonn" ( ငွေလဝန်း ) ထမင်းဆိုင်*

ရန်ကုန်၊ ကျောက်မြောင်း၊
နိဂျောဓလမ်းနဲ့ ဓမ္မာစိန္တာလမ်းထောင့်မှာ တည်ရှိပါတယ်။

ထမင်းဖြူတပွဲကို ၅၀၀ကျပ် ပါ။
ဟင်းတမျိုးကို ၅၀၀ကျပ်ပါ။
ကြက်၊ ဝက်၊ ငါး၊ အသီးအရွက်၊ ငါးခြောက်၊ ဂုံး၊ ခရု စသဖြင့် ဟင်းအမယ်
ဆယ်မျိုးမှ ဆယ့်သုံးမျိုးအထိရရှိနိုင်ပါတယ်။

ထမင်း၊ ဟင်းတမျိုး၊ အရည်သောက်၊ ငပိရည်၊ တို့စရာနဲ့ တယောက်စာ ဇလုံထမင်းကတော့ ၉၀၀ပါ။

နံနက် ( ၈ )နာရီကနေ ညနေ ( ၅) အထိ
ဖွင့်ပါတယ်။ ရောင်းအားပေါ်မူတည်ပြီး ဆိုင်ပိတ်ချိန်က မှန်လေ့တော့မရှိပါဘူး။ အရောင်းသွက်တာများလို့ပါ။

Ph: 09266002005ကိုဆက်သွယ်ပြီး
အလှူပွဲများလည်းအော်ဒါတင်နိုင်ပါတယ်။

Ngwe Laa Wonn
ဆိုင်ခွဲအနေနဲ့ တောင်ဒဂုံမြို့နယ်ထဲမှာလည်း ရှိပါတယ်။

...........................................

*"တန်မှတန်" မိသားစုထမင်းဆိုင်*

အမှတ် (၈၆)၊ ၉၂လမ်း။
ကန်တော်ကလေးအရှေ့ ပိုင်းရပ်ကွက်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မှာ တည်ရှိပါတယ်။

ဝက်နဲ့အမဲက လွဲပြီး ဟင်းအမယ်အတော်များများ ရနိုင်ပါတယ်။

Ph: 09979684090ကို ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန် နေ့လယ် ဆယ့်တနာရီခွဲဖြစ်ပြီး
မွန်းလွဲ နှစ်နာရီလောက်အထိပါ။

...........................................

*"သူဗား" ထမင်းဆိုင်*

မဟာဗန္ဓုလလမ်း( ဘားလမ်း) ( အလယ် ) မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံရှေ့၊ ဆူးလေ အနီးမှာ တည်ရှိပါတယ်။

ငွေကျပ် တထောင်၊ တထောင့်ငါးရာနဲ့လောက်ငအောင် စားလို့ရပါတယ်။

ချိုသာစားကောင်းတဲ့
ဘတ်ဂျက်ဟင်းလေးတွေရှိပါတယ်။

ဆန်ပြုတ်၊ ဟင်းချိုလည်းရပါတယ်။

မနက် ( ၆ ) နာရီကနေ ညနေ ( ၆ ) အထိနေ့စဥ်ဖွင့်ပါတယ်။

..............................................

*"ပေါချောင်ကောင်း"ထမင်းဆိုင်*

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ (၅၅) ရပ်ကွက်၊ ပုဂံလမ်းပေါ်မှာ တည်ရှိပါတယ်။

ဆီပြန်အသားဟင်း ( ဝက်၊ ကြက်၊ ကြက်ဥ၊ ငါးကြော်နှပ် စသဖြင့်)
တမျိုး၊ မျှစ်ချဥ်ပေါင်ကြော်၊ သီးစုံဟင်းအရည်သောက်၊ ထိုဟင်း (၃) မျိုးနှင့်ထမင်းတပွဲ ဝမ်းဆက်ကို (၁၂၀၀) ကျပ်ပါ။

ထမင်းလိုက်ပွဲတပွဲ ငါးရာပါ။
ငါးပိရည်၊ တို့စရာပေးပါတယ်။

ဟင်းအမယ် 18 မျိုးခန့်ရပါမယ်။
သီးသန့် ထူးရှယ်ဆိုပြီး ဟင်းချည်းသက်သက် တပွဲ ( ၁၈၀၀ ) ရောင်းတာလည်းရှိပါတယ်။

နေ့စဥ်ဖွင့်ပါတယ်။

............................................

*"မင်းကြီးကြိုက်" ထမင်းဆိုင်*

အောင်မင်္ဂလာ အဝေးပြေးကားဝန်းအတွင်း၊ ရန်ကုန် မှာတည်ရှိပါတယ်။

ထမင်းနဲ့ဟင်း၊ ငါးပိရည်၊ အတို့အမြုတ်နဲ့
အဝစား ၁၂၀၀ကျပ်ပါ။

တနေ့ကို ငါးသိန်းဖိုးလောက်ရောင်းနေရတဲ့ဆိုင်ပါ။
..............................................

*"ကေကေ"မြန်မာထမင်းဆိုင်*

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်း မြေညီထပ်၊ အမှတ် ( ၄၄ )မှာ တည်ရှိပါတယ်။

ထမင်းတခါပြင် ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာပါ။ ထမင်းတပွဲမှာ အသားဟင်း၊ အရံဟင်းနဲ့ ငပိရည်တို့စရာ၊ အရည်သောက်တို့ အစုံအလင်ပါဝင်ပါတယ်။
............................................

*ကျောက်မြောင်း "ဂွတ်ရှယ်"ထောပတ်ထမင်းကြော်ဆိုင်*

အမှတ် (၃၀)၊ သတိပဌာန်လမ်းမပေါ်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။

ထောပတ်ထမင်းကြော်ကို ဘဲဥဟင်း(တလုံး)နဲ့ တပွဲကို(၁၂၀၀) ကျပ်၊
တခြားသော အသားဟင်းတွေနဲ့ဆိုလည်း တပွဲ (၁၅၀၀) / (၁၈၀၀) ကျပ်သာ ရှိလို့ လူတန်းစားမရွေး စားသုံးလို့ အဆင်ပြေစေမှာပါ။
.............................................

*"ဒေါ်ချို"ထမင်းဆိုင်*

ရန်ကုန်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်၊
စိန်ပန်းကျောင်းအနား၊ ရွှေနံသာရပ်ကွက်၊ ဗဟန်း( ၃ ) လမ်းအလယ်ခန့် ( ပိုက်လုံးလမ်း ) ထဲမှာ တည်ရှိပါတယ်။

၁၅၀၀ကျပ်ကနေ ၃၅၀၀ကျပ်တန်
အထိ ဟင်းအမျိုးပေါင်း ၃၀ ကျော် ရပါတယ်။

ဟင်းလက်ရာကောင်းပြီး သန့်ရှင်းမှုကြောင့် စားသုံးသူများတဲ့ ထမင်းဆိုင် ဖြစ်ပါတယ်။ နေ့စဥ်ဖွင့်လှစ်ပြီး နှစ်ပေါင်း ၁၆ နှစ်ကျော် သက်တမ်းရှိပါပြီ။

............................................



*"On Time" ထမင်းဆိုင်"

အမှတ် (၄၄) ၊ (၁၅၂)လမ်းနှင့် ဗဟိုလမ်းထောင့်၊ တာမွေမြို့နယ်၊ ရန်ကုန်မှာ တည်ရှိပါတယ်။

ဇလုံထမင်းဖြစ်ပြီး ငွေကျပ် (၂၀၀၀) မှ စပြီး ကိုယ်ရွေးချယ်တဲ့ ဟင်းပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။

ဟင်းမျိုးစုံ၊ တို့စရာအစုံရှိပါတယ်။
ဆိုင်ရဲ့ကိုယ်တိုင်တည် ပဲတီချဉ်မွှေးမွှေးလေးက စိတ်ကြိုက်လိုသလောက်အကြိုက်စားလို့ရမှာပါ။

နေ့စဥ်ဖွင့်ပါတယ်။
............................................

*ဟင်းပွဲတွေအစုံတင်ပြီး ကားလေးနဲ့ရောင်းတဲ့ "Light Truck" ထမင်းဆိုင်လေး*

ကင်းဝန်မင်းကြီးလမ်းနဲ့ ခရေပင်လမ်းထောင့်၊ ဒဂုံမြို့နယ်မှာရှိပါတယ်။

ဒီဆိုင်လေးမှာတော့ နေ့လယ်စာ ထမင်းစားချိန်ဆို တက္ကစီသမား၊ ရုံးသမားတွေနဲ့ တိုးမပေါက်အောင် လူကျနေပါပြီ။ ဟင်းပွဲတွေက ဈေးနှုန်းသင့်တင့်ပြီး ဆန်နဲ့ ငါးပိရည်တို့စရာကောင်းလို့ အခုလို လူကြိုက်များနေတာပါ။
ဟင်းပွဲစျေးနှုန်းက ၅၀၀ကျပ်ကနေ ၃၀၀၀ အတွင်းရှိပါတယ်။

..........................................

*"လုပ်သား" ချစ်တီးထမင်းဆိုင်*

တောင်ဥက္ကလာပစက်မှုဇုန်၊ (၈) ရပ်ကွက် (၆) လမ်းနဲ့ (၂) လမ်းထောင့်၊ ရန်ကုန်မှာ တည်ရှိပါတယ်။

အသားဟင်းတွေအနေနဲ့ ကြက်သား၊ အသည်းအမြစ်၊ ဆိတ်သား၊ ငါး၊ ဘဲဥနဲ့ ငါးဖယ်တို့ရနိုင်ပြီး ဆိတ်ကို အသားအစုံရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ဈေးအများဆုံး ဆိတ်သားနဲ့ တပွဲကို (၃၈၀၀) ကျပ်၊ ဆိတ်ဦးနှောက်နဲ့ဆိုရင် (၅၀၀၀) ကျပ်ဖြစ်ပါတယ်။ ဈေးအနည်းဆုံး ဘဲဥတလုံးနဲ့ဆိုရင်တော့ (၁၄၀၀) ကျပ်ပါ။

မနက်ခင်းက စတင်ဖွင့်လှစ်ပြီး
ညနေ (၄)နာရီခွဲဆိုရင် ကုန်ပါပြီ။

...........................................

*"ရွှေသင်း"ထမင်းဆိုင်*

ရန်ကုန်၊ သန်လျင်မြို့ စည်ပင်ရုံးရှေ့မှာ တည်ရှိပါတယ်။
သန်လျင်မြို့မမှတ်တိုင်မှာဆင်းရင် ရပါတယ်။
အိမ်ချက်လက်ရာအတိုင်းစားရမယ့် လမ်းဘေးထမင်းဆိုင်လေးပါ။
ကြက်၊ အမဲ၊ ဆိတ်နဲ့ပတ်သက်တာတွေအဓိကရပါမယ်။
ငါး၊ ဘဲဥ၊ အသီးအရွက်ကြော်ရပါ့မယ်။
ငံပြာရည်ချက်နဲ့တို့စရာလည်း ပါဝင်မှာပါ။
ဟင်းပွဲစျေးနှုန်းကတော့ ၁၀၀၀ကျပ်ကနေ ၅၀၀၀ကျပ်အတွင်းပါ။

ဟာလာဆိုင်ဖြစ်ပြီး
နေ့စဥ် 12နာရီဝန်းကျင်မှ ညနေအထိဖွင့်ပါတယ်။

............................................

*"မွှေး"မိသားစုထမင်းဆိုင်*

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊
(၄)ရပ်ကွက်၊ စာဂ ၁၉လမ်းမှာ ဖွင့်လှစ်ထားပါတယ်။

ကြိုက်နှစ်သက်ရာ အသားဟင်းတမျိုးကို
အရံဟင်း အနည်းဆုံး ၃မျိုးနဲ့ ထမင်းအဝစားကို ၅၅၀၀ ကျပ်ပါ။

ကြိုက်နှစ်သက်ရာ အသားဟင်းတစ်မျိုးနဲ့ အရံဟင်းတွေပါဝင်မယ့် ၃၅၀၀ ကျပ်တန်လည်း ရောင်းချပေးနေပါတယ်။

နံနက်အဆာပြေအတွက်လည်း ကချင်ပြည်နယ်ရဲ့ နာမည်ကြီး မျှစ်ချဥ်ခေါက်ဆွဲနဲ့ အခြားစားသောက်ဖွယ်ရာတွေ စိတ်ကြိုက်ရွေးစားနိုင်အောင် ပြင်ဆင်ထားပါတယ်။

Ph:09400012811
..............................................

*"လက်ဆုံ" ပုံစားထမင်းဆိုင်*

ပြည်လမ်းမပေါ်၊ မြေနီကုန်းမီးပွိုင့်အနီး၊ Red Hill Tower ဘေးက ဆန်းသီရိလမ်းသွယ်ထဲမှာရှိပါတယ်။

ထမင်းတခါပြင်ကို (၂၂၀၀) ကျပ်ကျသင့်ပြီး အသားဟင်း၊ အရံဟင်း၊ အရည်သောက်နဲ့ ငါးပိရည် တို့စရာတို့ အစုံအလင် ပါဝင်ပါတယ်။

တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေဆို ဆိုင်ပိတ်ပါတယ်။
...........................................

*"ရွှေညာသူ" ထမင်းဆိုင်*

အမှတ်(၆၃) ကွင်းကျောင်းလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မှာတည်ရှိပါတယ်။

အညာလက်ရာ ထမင်း၊ ဟင်းစစ်စစ်ကို စားရမှာပါ။
ထမင်းအဝစားဆိုင်ဖြစ်ပြီး
ဟင်းအမျိုးအစားအလိုက် ၃၅၀၀တန်နဲ့ ၄၀၀၀တန်ဆိုပြီး ရှိပါတယ်။

အရံဟင်း ( သို့မဟုတ် ) အသုတ်တပွဲကိုတော့ ၁၀၀၀ ကျပ်ပါ။

ချဥ်ရည်ဟင်း၊ ငါးပိထောင်း၊ တို့စရာပေးပါတယ်။

နေ့စဥ် နံနက် ( ၆ ) နာရီကနေ ( ၈ ) နာရီအထိဖွင့်ပါတယ်။
.............................................

*"အောင်ကောင်း"
ချစ်တီးထမင်းဆိုင်*

ကုန်သည်လမ်းနဲ့ ၄၅ လမ်းတောင့် မှာရှိပါတယ်။
၃၅၀၀ကျပ်လောက်နဲ့ မြိန်နိုင်ပါတယ်။

နေ့စဥ် နေ့လယ် ၁၀ ခွဲနာရီခွဲခန့်ကစပြီး ဟင်းအမယ် စုံပါပြီ။
....................................:........


*"နန်းလက်ရာ"မိသားစု(အိမ်ချက်)ထမင်းဆိုင်*

ခြံအမှတ်(၃)၊မဂ္ဂင်လမ်းနှင့် သီရိလမ်းထောင့်
အမှတ်(၁၄)ရပ်ကွက်၊ ကျောက်ကုန်း ရန်ကင်းမြို့နယ်၊ ရန်ကုန်မှာ တည်ရှိပါတယ်။

ရရှိနိုင်သော Menu များကတော့

"အသားဟင်း/ဆီပြန်ဟင်းများ"

-ကြက်သားကြော်(အချို)
-ကြက်ကဖောင်းကြော်(ကြက်ပင်စိမ်း)
-ကြက်သားကာလသားချက်
-၀ကျသားအခြိုဆီပွနျခကြျ
-ဝက်ကလီစာချက်
-ငါးဖယ်ငါးဆုပ်ဆီပြန်ချက်
-ငါးနီတူကြော်(အစပ်)
-ဘဲဥချဉ်ရည်ဟင်း

"အရံဟင်း၊အကြော်များ နှင့်အသုပ်များ"

-ပဲလိပ်ပြာနှပ်
-ခဝဲသီးကြော်
-မျှစ်ပဲပြုတ်ကြော်
-ကန်စွန်းရွက်ကြော်
-ဂေါ်ရခါးသီးဘဲဥကြော်
-ခရမ်းချဉ်သီးငပိချက်

ဟင်းရည်သောက်အနေဖြင့်
"ပဲနီလေးကြာဇံဟင်းချို "ရပါမယ်။

ဈေးနှုန်းများအနေဖြင့်

အသားဟင်း/ဆီပြန် တပွဲ - ၃၅၀၀ကျပ်
အသီးအရွက်ကြော်တပွဲ -၁၅၀၀ကျပ်

ထမင်းဖြူ(ရွှေဘိုပေါ်ဆန်းမွှေး)
စားပွဲတပွဲ- ၁၀၀၀ကျပ်/
လိုက်ပွဲတပွဲ- ၅၀၀ကျပ်

ဟင်းရည်သောက် တပွဲ - ၁၅၀၀ကျပ်

ငပိရည်+အတို့အမြုပ်တစ်ပွဲ -၁၀၀၀ကျပ်

ဖြစ်ပါတယ်။

Ph-09775575153

ထမင်းနဲ့အသားဟင်း ၄၅၀၀ကျပ်
ထမင်းနဲ့အရွက်ကြော်၂၅၀၀ ကျပ် ဖြစ်တာကြောင့် မဆိုးဘူးပြောလို့ရပါတယ်။
.............................................

ယခု အချက်အလက်တွေကိုတော့ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်သတင်းအချက်အလက်တွေကနေ ကိုးကားစုစည်းတင်ပြထားခြင်း ဖြစ်ပါတယ်။

လူတန်းစားမရွေး စားသုံးမှုအဆင်ပြေနိုင်စေဖို့ ရည်ရွယ်ပါတယ်။

အစားအစာနှင့်အဟာရပြည့်ဝ ကျန်းမာကြပါစေ။

-တော်တော်တည်




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း