Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

27/03/2024

!!သမိုင်းထဲက နာမည်ကျော်April fool ဖြစ်ရပ်များ

1 min read
General Knowledge
History
!!သမိုင်းထဲက နာမည်ကျော်April fool ဖြစ်ရပ်များ's photo

?မကြာခင် ဧပရယ်လ(၁)ရက်နေ့မှာကျရောက်တော့မယ့် April foolစနောက်ကျီစယ်ခြင်းပွဲတော်ကြီးမှာ ဘယ်လိုသူတွေက ဘယ်လိုပုံစံမျိုးတွေနဲ့ အရူးလုပ်ခံရမလဲဆိုတာကတော့ တကယ်ကိုစိတ်ဝင်စားစရာပါပဲ။ ဒီနေ့မှာလည်းမိတ်ဆွေတို့ကို ကမ္ဘာတစ်လွှားက နာမည်ကျော်April foolတွေထဲကမှ အထင်ရှားဆုံးဖြစ်ရပ်(၂)ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးဖြစ်ရပ်တစ်ခုကတော့ New Zealand က ကားကုမ္ပဏီကနေ April foolလုပ်ခဲ့တဲ့အကြောင်းရာလေးပါ။ ဒီကုမ္ပဏီက သတင်းစာထဲမှာ "April Fool's Day Special"ဆိုတဲ့ခေါင်းစဉ်လေးနဲ့ "သူတို့showroomဆီကို ကားအဟောင်းနဲ့ ပထမဦးဆုံးလာရောက်တဲ့သူတစ်ဦးကို BMW ကားbrandအသစ်ကြီးကို လဲလှယ်ပေးမယ်"ဆိုပြီး ကြေညာလိုက်ပါတယ်။

?ခေါင်းစဉ်မှာကိုက April foolဆိုပြီးပါနေတော့ လူတွေအားလုံးကလည်း တမင်နောက်ထားတာပါလို့တွေးပြီး ကားshowroomဆီလည်း မသွားခဲ့ကြပါဘူး။ အဲ့ဒီထဲကမှ ရှားရှားပါးပါး Tianna Marshလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ (၁၅)နှစ်သက်တမ်းရှိတဲ့ ကားအဟောင်းတစ်စီးကိုမောင်းပြီး showroomဆီကို ဒီအတိုင်းပြန်စနောက်တဲ့သဘောနဲ့ သွားခဲ့ပါတယ်။ ဒါမယ့် ဟိုလည်းရောက်ရော အဲ့ဒီကပိုင်ရှင်တွေက သူတို့ကြေညာထားတဲ့အတိုင်း တကယ်ကို ကားအသစ်တစ်စီးနဲ့ လဲလှယ်ပေးသွားခဲ့ပါတယ်။

?နောက်တစ်ခု‌ဖြစ်ရပ်လေးကတော့ radio station တစ်ခုက သူတို့ရဲ့နာမည် "KRUD"ဆိုတဲ့ စာလုံး(၄)လုံးကို နဖူးပေါ်မှာတက်တူးထိုးတဲ့ ပထမဦးဆုံးလူကို ဒေါ်လာ(၂)သိန်းခွဲပေးမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒါကြောင့် ဒီသတင်းကိုကြားလိုက်ရတော့ Mr.Bellလို့ခေါ်တဲ့ အမျိုးသားကလည်း အရမ်းကိုစိတ်လှုတ်ရှားသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Mr.Bellရဲ့အဖေက အလုပ်ပြုတ်ထားတာကတစ်ကြောင်း၊ သူတို့မိသားစုရဲ့အိမ်ကိုလည်း ဆုံးရှုံးထားရတာကြောင့် သူ့အတွက်က ဒီပိုက်ဆံတွေကို တကယ်ကိုလိုအပ်နေခဲ့တာပါ။ အစကတော့ သူလည်းသံသယနည်းနည်းဝင်ခဲ့ပါတယ်။ ဒါကြောင့်radio stationကို ဖုန်းဆက်မေးကြည့်လိုက်တဲ့အခါမှာ သူတို့ဘက်ကအတည်ပေါက်ကြီးနဲ့ ဟုတ်မှန်ကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။

?ဒီလိုနဲ့ Mr.Bellတစ်ယောက်လည်း တက်တူးဆိုင်ကိုအပြေးသွားပြီးတော့ နဖူးပေါ်မှာ တက်တူးထိုးလိုက်ပါတော့တယ်။ နောက်တော့ radio station ကိုသွားပြီး ပိုက်ဆံလာရောက်ထုတ်ယူတာဖြစ်ကြောင်း ပြောလိုက်တော့ အားလုံးက သူ့ကိုဝိုင်းလှောင်ခဲ့ကြပါတယ်။ တကယ်တော့ အဲ့လိုကြေညာထားတဲ့postလေးအောက်မှာ linkတစ်ခုရှိပြီးတော့ အဲ့ဒီlinkထဲကိုဝင်သွားကြည့်လိုက်မှ April foolဆိုပြီး စနောက်ထားတာကိုတွေ့ရတာပါ။ ဒါမယ့်Mr.Bellက မျက်စိမှုန်ဝါးတဲ့သူတစ်ယောက်ဆိုတော့ အဲ့ဒီlinkသေးသေးလေးကိုလည်း သူက သတိမထားမိခဲ့ပါဘူး။ ဒီလိုနဲ့ radio ဌာနကတာဝန်ရှိသူတွေကလည်း ဒါက စနောက်ထားတာဖြစ်ကြောင်းနဲ့ သူ့ကိုလည်းပိုက်ဆံ‌မပေးနိုင်ကြောင်း ပြောလိုက်ပါတယ်။

?ဒါမယ့်Mr.Bellခမျာ ဒီလိုနဖူးမှာတက်တူးထိုးလိုက်လို့ အလုပ်လည်းပြုတ်သွားသလို၊ ကောင်မလေးကလည်း သူ့ကိုထားသွားခဲ့ပါတယ်။ ဒါကြောင့်Mr.Bellဟာ အဆုံးထိလက်မလျော့ဘဲနဲ့ အဲ့ဒီradioဌာနကို ဒေါ်လာ(၅)သိန်း(၁)သောင်းပေးရမယ်ဆိုပြီး တရားစွဲဆိုလိုက်ပါတယ်။ အခုလိုနဲ့ နှစ်ဦးနှစ်ဖက် အချေအတင်ဖြစ်သွားပြီးနောက်ဆုံးမှာတော့ တရားသူကြီးက တာဝန်ရှိသူတွေကို Mr.Bellတောင်းဆိုတဲ့ပိုက်ဆံပမာဏ အပြည့်ပေးရမယ်ဆိုပြီး အမိန့်ချမှတ်လိုက်ပါတယ်ရှင်။ မိတ်ဆွေတို့အားလုံးလည်း အခုပြောပြလိုက်တဲ့ နာမည်ကျော်April fool prank လေးတွေကို ဖတ်ရှုလိုက်ရလို့ ကျေနပ်သွားကြမယ်ထင်ပါတယ်။

*ညီမရဲ့ဆောင်းပါးလေးတွေက ဗီဒီယိုအတွက်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် စကားလုံးအသုံးနှုန်းလေးတွေဖတ်ရှုရတာ အဆင်မပြေခဲ့ရင် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်ရှင်..
အကောင့်လေးကိုလည်း follow လုပ်သွားပေးခဲ့ပါဦးနော်..?

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels