Author's Profile Photo

ကျော်ဇောအောင် (ဆုထူးပန်)

6/11/2024

ငှက်များနည်းတူ လူတို့အား လွတ်လပ်စွာ ပျံသန်းစေချင်။

1 min read
Psychology
ငှက်များနည်းတူ လူတို့အား လွတ်လပ်စွာ ပျံသန်းစေချင်။'s photo

တနေ့က ညနေပိုင်းမှာ အိမ်ရှေ့ဝရံတာ ထွက်ပြီး အပြင်ကို ငေးကြည့်ရင်း တွေးမိခဲ့တာလေး တစ်ခုရှိတယ်။ (အချိန်က နေဝင်ချိန် ငှက်တွေ အိပ်တန်းတက်တဲ့ အချိန်‌။)

အဲ့ဒီအချိန်မှာ ငှက်တွေကို ကြည့်ရင်း တွေးမိတာက ...

" ဪ ... သူတို့ဟာ သူတို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ လွတ်လပ်စွာ ပျံသန်းရင်းနဲ့ အသက်ရှင်‌ နေထိုင်ကြတယ်။ "

" ဒို့လူတွေလည်း ဒီငှက်တွေနည်းတူ ဒီကမ္ဘာကြီးမှာ လွတ်လပ်စွာ ဖြတ်သန်းရင်းနဲ့ ရှင်သန်နေထိုင်ကြတာပဲ။ "

" သူတို့နဲ့ လူတွေကြားမှာ ဘာကွာခြားမှု ရှိနေလဲ။ ကွာခြားတာက သူတို့က ကောင်းကင်မှာ ပျံသန်းကြတယ်။ (သစ်ပင်တွေ အပေါ်မှာ အသိုက်ဖွဲ့ပြီး နေထိုင်ကြတယ်။) "

" ဒို့လူတွေက မြေပေါ်မှာ အိမ်ဆောက်နေတယ်၊ လမ်း‌လျှောက်တယ်။ " ဒါပဲ ကွာတယ်။ [ဒီအကြောင်း/ရာကိုလည်း အရွယ်ရောက်ပြီး (စဉ်းစားတတ်တဲ့) ဘယ်လူသားမဆို ဆင်ခြင်တွေးတောနိုင်ကြမှာပါပဲ။]

ငှက်တွေမှာ စားဖို့နေဖို့ ရှိသလို လူတွေမှာလည်း စားဝတ်နေရေးအတွက် ရှာကြတာပဲ။ (အဲ့ဒီလို စားဝတ်နေရေး ရှာကြတာချင်း အတူတူ တစ်ခုရှိတာက ငှက်တွေက လွတ်လပ်စွာ နေနိုင်တယ်။)

ထို့အတူပဲ လူသားတွေလည်း လွတ်လပ်စွာ နေကြတယ်။ (စိတ်ထဲ လွတ်လပ်မှုထားတာချင်းတော့ ကွာခြားပါလိမ့်မယ်။)

ငှက်တွေဟာ သူတို့ကိုယ်သူတို့ လွတ်လပ်တယ်လို့ သိတဲ့ဉာဏ်ရှိချင်မှ ရှိမယ်။ (လူတွေမှာတော့ ဒီဉာဏ်ရှိတယ်။)

ဒို့တွေရဲ့ စိတ်ကို ငှက်တွေ ကောင်းကင်မှာ ပျံသန်းသလို ဒီကမ္ဘာကြီး အပေါ်မှာ ဖြန့်ကျက်ပြီး ရွက်လွှင့်ကြည့်မယ်။ (ဘာကြောင့် ဒီလို စိတ်ကို ရွက်လွှင့်ကြည့်ခိုင်းတယ်လို့ ထင်လဲ။)

စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာရှိတယ်။ (ကိုယ့်ရဲ့စိတ်ကို ကောင်းကင်တစ်ခုလို သဘောထားပြီး နေကြည့်ပါတဲ့။)

အခု အပေါ်မှာ ပြောသလို ဒို့လူတွေ ကိုယ့်စိတ်ကို ကောင်းကင်ကြီးလို သဘောထားမယ်ဆိုရင် အင်မတန်မှ စိတ်ကျေနပ်စရာကောင်းပြီး ကျယ်ပြန့် လွတ်လပ်နေမှာပဲ။

ကိုယ့်စိတ်ကို ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းတဲ့ ငှက်လို သဘောထားနိုင်သူဟာ သူ့စိတ်ထဲ ဘာပဲဝင်လာလာ (လောဘ၊ ဒေါသနဲ့ မောဟဖြစ်စေတဲ့ အရာတွေပဲ ဝင်လာဝင်လာ) သူ့ရဲ့စိတ်ဟာ လွတ်လပ်နေသည့်အတွက် ကောင်းတာနဲ့ မကောင်းတာကို လက်ခံနိုင်စွမ်း ရှိသွားမယ်။

ဒီထက်ပိုပြီး ကျယ်ပြန့်နက်ရှိုင်းစွာ တွေးကြည့်မယ်ဆိုရင် (ကိုယ့်စိတ်ဟာ ကောင်းကင်ကြီးလို ကြီးမားကျယ်ပြန့်လို့နေမယ်)၊ ကောင်းခြင်း၊ မကောင်းခြင်းဆိုတဲ့ (ကုသိုလ်၊ အကုသိုလ်) ကိုလည်း ကွဲကွဲပြားပြား ခွဲခြားနိုင်တဲ့ ဉာဏ်စွမ်းရှိမယ်ဆိုရင် ကိုယ့်ဘဝထဲမှာ ဘာပြဿနာပဲ ကြုံလာကြုံလာ ထိရောက်တဲ့ နည်းနဲ့ ဖြေရှင်းနိုင်စွမ်းရှိမှာ အမှန်ပဲ။ (ဘာကြောင့် အခုလို ပြောရသလဲ။)

ဘာကြောင့်လဲဆိုတော့ ခုနကအပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ့်စိတ်က ကျယ်ဝန်းတဲ့ ကောင်းကင်ပြင်ကြီးလို ကြီးမားလာတဲ့အခါ ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင် ရင်ဆိုင်ပြီး ဖြေရှင်းရမယ့် (ပြဿနာက သေးပြီး၊ ထိုပြဿနာကို ဖြေရှင်းတဲ့ ကိုယ့်ဉာဏ်က ထိုပြဿနာထက် ကြီးမားနေ) လို့ပါပဲ။

ဒါကြောင့် ဒို့တွေဟာ ဒို့တွေရဲ့အ‌တွေးကို ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းတဲ့ ငှက်လို သဘောထားကြည့်ရမယ်။

ဒီလို သဘောထားကြည့်ရင် ဒို့တွေရဲ့ ဘဝထဲမှာ ဘယ်လိုပြဿနာပဲ ကြုံလာကြုံလာ ဖြေရှင်းနိုင်စွမ်းရှိမှာ ဖြစ်တယ်လို့ တထစ်ချ ယုံကြည်ထား‌စေချင်တယ်။

ဒါကြောင့် ဒို့တွေရဲ့ အတွေးကို ကောင်းကင်မှာ ပျံသန်းတဲ့ ငှက်တွေလို သဘောထားပြီး ဒို့တွေရဲ့ စိတ်ဓာတ်ကိုတော့ အ‌ပြောကျယ်လှတဲ့ ကောင်းကင်ပြင်ကြီးလို သဘောထားကာ နေခြင်းနဲ့ သေခြင်းကြား ကြုံရတဲ့ ပြဿနာတွေကို စိတ်ဓာတ်ခွန်အား ကြီးမားစွာနဲ့ ဖြေရှင်းဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ်။

Photo edit with Chatgpt application.

Keep Reading

ကိုယ့်ပျော်ရွှင်မှုတွေကို တခြားသူဆီကနေ မျှော်လင့်မိတဲ့အခါ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’အစိမ်းတစ္ဆေရှိသလားGaslighting ဆိုတာ?သိစိတ်ဟူသည်...အချိန်က အရာရာကို မကုစားပါကျေးဇူးတင်စိတ်နှင့် အသိအမှတ်ပြုခြင်း (Gratitude & Appreciation)‘ဘဝကြိုးတန်းပေါ်မှာ ဟန်ချက် မပျက်စေဖို့’တစ်ရက်တာအတွက်သာ ရှင်သန်ပါ….ပူဆွေးသောကများကို ရင်ဆိုင်ခြင်း