Author's Profile Photo

Vily

6/11/2024

ပျော်ရွှင်စရာတွေပဲ ဝေမျှပါ

1 min read
Book Review
ပျော်ရွှင်စရာတွေပဲ ဝေမျှပါ's photo

ဆရာSint Nyi ရေးထားတဲ့hope စာအုပ်ထဲက စာပိုဒ်လေးပါ....☕️☕️☕️


ကိုယ့်ပြသာနာကို သူများတွေကို သွားပြောပြလို့ အရေးတယူလုပ်ပြီး လိုက်ခံစားမယ့်လူက ၁၀ % ပဲရှိတာ။ ကျန်တဲ့ ၉၀ % က ကြိတ်ဝမ်းသာမယ့် အဖွဲ့ရယ် ၊ အတင်းပတ်ပြောမယ့်အဖွဲ့ရယ်။ အဲဒါတွေကြုံဖူးလို့ FB မှာ personal တွေ မတင်ဖြစ်ဘူး။
ဒါဆို တင်တာတွေက ညာတာလားဆိုတော့ မဟုတ်ဘူး။ ပြချင်တဲ့ အစိတ်အပိုင်းပဲပြမယ်။ ဟာသလေးမြင်လို့ ခဏတာ အမောပြေသွားရင်ရပြီး။
အပူက ကူးစက်ပါတယ်။ ကိုယ့်ဟာကိုယ် ဘယ်လောက်ပဲ အေးချမ်းအောင်နေနေ ပူလောင်နေတဲ့သူက ရောက်လာရင် ကိုယ်ပါရောပြီး မပျော်တော့ဘူး။အရာရာတိုင်း ကိုယ်ချင်းစာပြီး လိုက်ခံစားပေးတတ်တဲ့သူဆိုရင် ပိုပြီး လောင်တာပေါ့။
တချို့ကအားကျတယ်။ စာရေးသူ အမြဲပျော်နေတာပဲ။ ခရီးတွေသွားတယ်။
လူတွေကို ကူညီတယ်။ ကြည့်လိုက်ရင် အမြဲပြုံးရွှင်နေတာပဲတဲ့။
မဟုတ်ဘူး။ အဆင်ပြေတဲ့အပိုင်းပဲ ထုတ်ပြတာပါ။ လူတိုင်း သူ့ပြသာနာနဲ့သူပါ။ ကျွန်တော်က ကိုယ့်အပူကို ထုတ်မပြချင်တဲ့လူဖြစ်လိူ့ ပျော်စရာတွေပဲ ထုတ်ပြတာပါ။ ပြသာနာကြောင့် ထိုင်စိတ်ညစ်နေလို့ရော ဘာထူးမှာလဲ။ ထိုင်စိတ်ညစ်နေလို့ အရာအားလုံး အရင်ကလို့ ပြန်ဖြစ်သွားရင် တစ်နေကုန် ထိုင်ညစ်နေမှာပေါ့။

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်