Author's Profile Photo

Sandi Cho

6/11/2024

အချိန်သိပ်ပေးစရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့‌ကောင်းတဲ့စာအုပ်၅အုပ်⏳

2 mins read
Book Review
အချိန်သိပ်ပေးစရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့‌ကောင်းတဲ့စာအုပ်၅အုပ်⏳'s photo


Healthy Relationship(ပန်းခြံနဲ့ ဥယျာဉ်မှူး)_နေဗလ်?


ချိူအတွေးတွေကို အများကြီးပြောင်းလဲသွားစေတဲ့ စာအုပ်ပဲ။ကိုယ်ကအချစ်နဲ့ပတ်သတ်ပြီး ပိုသိချင်တယ်၊ဒါမှမဟုတ်အချစ်ကြောင့် နာကျင်ဖူးခဲ့တဲ့သူဆို မဖြစ်မနေဖတ်ကြည့်သင့်ပါတယ်။ဒီစာအုပ်ထဲမှာ အသဲကွဲနေတဲ့သူတွေအတွက် healingဖြစ်စေတဲ့ စာတွေပါသလို အချစ်ရူးလေး‌‌တွေအတွက်healthyဖြစ်ဖြစ် ဘယ်လိုချစ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေပါပါတယ်။ချိုရဲ့Favouriteတွေထဲကတစ်အုပ်ပါ။

ကံကောင်းခြင်းတံခါးလာခေါက်တဲ့အခါ_နိုင်းနိုင်းစနေ?

ကံကောင်းခြင်းဆိုတာဘယ်လိုမျိုးလဲ။လူတွေအများကြီးထဲကမှ ကံတရားရဲ့ရွေးချယ်ခြင်းကို ခံလိုက်ရတဲ့သူက ကံကောင်းတဲ့သူပေါ့။ဒီစာအုပ်မဖတ်ခင်ထိ ချိုစိတ်ထဲမှာအဲလိုပဲတွေးမိခဲ့တယ်။ဒီစာအုပ်ဖတ်ပြီးသွားတဲ့အခါမှာတော့ ကံကောင်းခြင်းဆိုတာ ဘက်မလိုက်ပဲ လူတွေအားလုံးကို မျက်နှာသာပေးတတ်ပေမယ့် ခံယူတတ်တဲ့သူကတော့ ကံကောင်းတဲ့သူလေးဖြစ်လာဆိုတာကိုပိုသဘောပေါက်လာစေပါတယ်။ပုံပြင်လိုလေးနဲ့ ရေးပြထားတဲ့အတွက် စိတ်၀င်စားဖို့လည်း ကောင်းသလို နောက်ဆုံးမှာ တွေးစရာလည်း အများကြီးရပါတယ်။

အချစ်နဲ့အိမ်မက်ဆုံမဲ့ရက်_နေဗလ်?

လောကကြီးထဲစ၀င်လာတဲ့ လူငယ်တွေမှာကြုံရဆုံရတဲ့ အရာနှစ်ခုရှိတယ်။အဲဒါက အချစ်နဲ့အိမ်မက်ပေါ့။ဒီစာအုပ်ထဲကကောင်မလေးကတော့ အိမ်မက်ဆိုတာမရှိ ၊ဦးတည်ရာဆိုတာမရှိတဲ့ အရောင်မဲ့ကမ္ဘာထဲမှာ နေထိုင်လာတဲ့ကောင်မလေး။အဲလိုကောင်မလေးက အချစ်တဲ့ထိတွေ့လိုက်ရတဲ့အခါမှာတော့ သူမရဲ့ အိမ်မက်ကိုတဖြည်းဖြည်းချင်းရှာတွေ့လာခဲ့တယ်။သူမရဲ့ဘ၀ဟာလည်း အရောင်ပိုစုံလာခဲ့တယ်။

အချစ်ကပေးတဲ့ နာကျင်ခြင်းကို ခွန်အားအဖြစ်အသုံးချခဲ့တယ်။ဒီစာအုပ်လေးကို အသဲကွဲနေတဲ့လူလေးတွေဖတ်ကြည့်သင့်တယ်လို့ထင်တယ်။လူတစ်ယောက်ကိုယ့်ဘ၀ထဲက ထွက်သွားရင်တောင် ကိုယ်အတွက် လောကကြီးက ထပ်ချစ်ဖို့ လူတစ်ယောက်ထပ်ပြီးစေလွတ်ပေးဦးမယ်ဆိုတဲ့အကြောင်းလေးကို သဘောပေါက်လာတယ်။‌အေးချမ်းအောင် ဘယ်ချစ်ရမလဲဆိုတာ သဘောပေါက်လာတယ်။အဆုံးသတ်လေးကလည်း ကြည်နူးဖို့ကောင်းပါတယ်။

သူ့လိုမိန်းမ_ဂျာနယ်ကျော်မမလေး?

စာအုပ်ပါးပါးလေးပေမယ့် စာသားတွေကတော့ ရင်ထဲထိလောက်ပါတယ်။ဒီစာအုပ်လေးကတော့ အထူးသဖြင့် အားငယ်တတ်တဲ့ အမျိုးသမီးလေးတွေ၊ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတဲ့ အမျိုးသမီးလေးတွေ အဓိကဖတ်ကြည့်သင့်တယ်။ဒီစာအုပ်ထဲက အဓိကဇာတ်ဆောင် မမြတ်လေးကို ချိုအရမ်းသဘောကျမိတယ်။ထက်မြတ်ပြီးတော့ သိက္ခာရှိစွာနဲ့ဘ၀ကပေးလာတဲ့ ကံဆိုးမှုတွေကိုလည်း အပြုံးလေးနဲ့ရင်ဆိုင်ခဲ့တယ်။

စာအုပ်ရဲ့ ဇာတ်လမ်း အချိုးအကွေ့လေးကိုလည်း အတော်သဘောကျမိတယ်။အဲနေရာရောက်မှာ မမြတ်လေးကို ပိုလေးစားသွားရတယ်။ချိုမိန်းကလေးဖြစ်ရတာကို မကြိုက်တဲ့အချိန်တွေရှိခဲ့ဖူးတယ်။ဒါ‌ပေမယ့်ဒီစာအုပ်ကိုဖတ်ပြီးချိန်မှာတော့ မိန်းမဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာမြင်လာတယ်။မိန်းကလေးတစ်ယောက်က တန်ဖိုးရှိအောင်နေထိုင်ရင် သူကိုတန်ဖိုးထားတဲ့သူဆိုတာ ပေါ်လာစမြဲဆိုတာ လက်ခံလာပါတယ်။

၀င်ခွင့်မရမြို့_သိုးဆောင်း⭐

ဒီစာအုပ်လေးကတော့ စာအုပ်မပြီးခင်ထိ လက်ကချလို့မရတဲ့ စာအုပ်ကောင်းလေးပါ။တစ်ချို့အကြောင်းအရာလေးတွေက ချိုတို့မစဉ်းစာမိတဲ့အရာလေးတွေပါတယ်။ရသစာအုပ်ထက်Thinkingစာအုပ်လို့ပြောရင် ပိုမှန်လိမ့်မယ်။မိုးတွေ သဲလွန်းတဲ့ညတစ်ညမှာ လုခ်အဘိုးအိုတို့ဆရာတပည့်နှစ်ယောက်တည်းနေတဲ့ ဇရပ်လေးဆီကို ချစ်သူနှစ်ဦးရောက်လာကြတယ်။ကောင်မလေးရဲ့အကိုတွေက သဘောမတူလို့ လိုက်ခွဲနေတဲ့ကြားကနေ ချစ်သူနှစ်ဦးဟာ အရဲစွန့်ပြီး ချစ်သူလက်ကို ဆုပ်ကိုင်လို့ ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

အဲကနေ အဘိုးအိုညွှန်းလိုက်တဲ့ ၀င်ခွင့်မရမြို့ကို ဘယ်လိုသွားကြမလဲ..?

အဲမှာရော ဘယ်လိုအဖြစ်အပျက်တွေကြုံရမလဲ..?

သူတို့ကို လမ်းညွှန်လိုက်တဲ့အဘိုးအိုကရော ဘယ်သူလဲ..?

ကောင်မလေးရဲ့အကိုတွေကရော သူတိူ့ကိုရှာတွေ့သွားမှာလားဆိုတာ ရင်တထိပ်ထိပ်နဲ့ဖတ်ရှုရမှာပဲဖြစ်ပါတယ်။စကားထာလိုမျိုးလေးတွေ စဉ်းစားရတဲ့ စကားလုံးလေးတွေအများကြီးပါပြီး စိတ်၀င်စားဖို့ကောင်းတဲ့ ၀တ္ထုလေးပါ။
             
ဒီစာအုပ်လေးတွေကို pdf fileနဲ့ဖတ်ချင်တယ်ဆိုရင် ဒီtele channelလေးကို joinပြီးဖတ်လို့ရပါတယ်။

https://t.me/tips_by_bee_J

Review by Sandi Cho?

#SandiCho
#Book_review

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါမေတ္တာမဏ္ဍိုင်အင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမား