Dagon Aung Myint
ကလောင်အမည် - ဒဂုန်အောင်မြင့်
စာပေအမျိုးအစား - ဝတ္ထုတို
( ၁ )
“ အော်အီးအီးအွတ်… ”
ကြက်တွန်သံဖြင့်ကျွန်တော်နိုးခဲ့သည်။
“ ဒီကြက်ကတော့အမြဲဆူညံနေတာပဲ ”
ကျွန်တော့်တနေ့တာကတော့ရိုးရှင်းပါသည်။ အိပ်ယာကထမယ်။ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့တစ်ဖက်ရွှာက မစာဥ ဆီသို့သွားရမည်။
“ အမေ မနက်စာဘာချက်ထားလဲ ”
အမေ့အားလှမ်းအော်မေးလိုက်သည်။
“ဘာမှမချက်ရသေးဘူး။ဒေါ်ခင်ကြည်တို့အကြော်ဆိုင်ကအကြော်ဝယ်ပြီးညကကျန်တဲ့ထမင်းကြမ်းနဲ့စားလိုက်”
“ ဟုတ်ကဲ့အမေ ” ကျွန်တော်လဲဒေါခင်ကြည်တို့အကြော်ဆိုင်ဆီသို့ခြေလှမ်းစတင်ခဲ့တော့သည်။
“ အဒေါ်ဘာတွေရနေပြီလဲ ” ကျွန်တော်ဒေါ်ခင်ကြည်အားမေးလိုက်သည်။
“အခုမှစဖွင့်တာဆိုတော့အကြော်တော့မစုံသေးဘူး။ ဘူးသီးကြော်တော့ရနေပြီ မောင်ရင်ကဘာစားမလို့လဲ”
ကျွန်တော်ဘူးသီးကြော်နဲ့ပဲစားမယ်လို့ဆုံးဖြတ်လိုက်တယ်။အကြော်စုံဖို့ဆိုရင် နောက်ထပ်စောင့်နေရအုန်းမယ်။ လူကစောင့်နိုင်ပင်မဲ့ အစာအိမ်ကရွာထိပ်ကလော်စပီကာကြီးလိုဖြစ်နေတော့ဘူးသီးကြော်ပဲဝယ်လာခဲ့မယ်လို့ဆုံးဖြတ်ချက်ချလိုက်ရချင်းဖြစ်ပေတည်း။
“ ဒါဖြင့်ကျွန်တော့်ကို ဘူးသီးကြော် ၅၀၀ ဖိုးလောက်ထည့်ပေးပါ အပိုထည့်ပေးအုန်းနော်အဒေါ် အချည်ရည်လဲများများထည့်ပေးပါထမင်းနဲ့စားမှာမလို့ ”
“အေးပါမောင်ရင်းရယ်ဒေါ်ကြီးပိုထည့်ပေးမယ် ”
ကျွန်တော်လဲ အကြော်ထုပ်ကိုယူလာပြီး အိမ်ဆီသို့ခြေဦးပြန်လှည့်တော့သည်။ လမ်းမှာအကြော်ထုပ်ထဲကအကြော်ကိုတစ်ခုချင်းရေတွက်လိုက်ပါသေးတယ်။
“ တစ်ခုကို ၅၀ စုစုပေါင်းဆိုရင် ၁၂ ခုရတယ်ဆိုတော့ အပို ၂ ခုတောင်ရတယ် ဒေါ်ခင်ကြည်က သဘောကောင်းလိုက်တာ ”
ကျွန်တော်အကြော်ကိုရေတွက်နေတုန်းမှာပဲတစ်ခုကိုသတိရသွားတယ်။
“ ဟာသွားပြီ အချည်ရည်မေ့ခဲ့ပြီ “
ကျွန်တော်လဲခြေလှမ်းကိုရပ်ပြီးအနောက်ပြန်လျောက်ကာ ဒေါ်ခင်ကြည်တို့ဆိုင်နားအရောက်တွင်ရပ်သည်။
“ အဒေါ်ရေ အကြော်က ၁၂ ခုတောင်ထည့်ပေးလိုက်တယ်နော် ”
“ ဟုတ်တယ်လေ မောင်ရင်ပဲအပိုတောင်းပြီးတော့ ခုနက မောင်ရင်ထွက်သွားလိုက်တာများ ရွှေခါးပတ်ရတဲ့လက်ဝှေ့သမားတစ်ယောက်လိုပဲ အချည်ရည်တောင်မေ့ခဲ့တယ် ”
“ ဟုတ်တယ်အဒေါ်ကျွန်တော်လဲအချည်ရည်မေ့ခဲ့လို့
ပြန်လာယူတာ ”
“ ဒေါ်ကြီး အဆင်သင့်လုပ်ပေးထားတယ် ယူသွားအုန်း ”
“ ဟုတ်ကဲ့အဒေါ် ”
“မောင်တင်လှိုင်ကတော့အမြဲတလွဲလုပ်လိုက်ရမှာကိစ္စ
တစ်ခုပြီးတယ် ”
ကျွန်တော်ကတော့ ရွာမှာ အားကိုးအားထားပြုအရတဲ့လူတစ်ယောက်ပါ။
အလုပ်လုပ်တဲ့နေရာမှာလဲ အရမ်းစေ့စပ်သေချာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်ရွာလုံးကကျွန်တော့်ကိုအားကိုးအားထားပြုနေရသည်။အိမ်ပြန်ရောက်ရင်အမေနဲ့အတူမနက်စာစားရမယ်။ မနက်စာစားပြီးရင်လဲတစ်ဖက်ရွာက မစာဥဆီကိုအပြေးကလေးသွားတွေ့ရအုန်းမယ်။ မစာဥကိုဒီနေ့ရည်စားစကားပြောရမယ်သူကျွန်တော့်ကို
ပြန်ချစ်ရင်လက်ထပ်ကြမယ်လို့ပြောမယ်။
“ ဟဲ့ကောင်လေး ဒေါ်ကြီးပြောတာမကြာဘူးလား မင်းအမေဆူနေအုန်းမယ် မပြန်သေးဘူးလား ”
“ ဟင် ” ကျွန်တော်အတွေးပင်လယ်ထဲမှအဒေါ်ခင်ကြည်၏
အသံနှင့်အတူနိုးထလာခဲ့သည်။
“ ဗျာအဒေါ် ဘာဖြစ်လို့လဲ ”
“ မောင်ရင့်အမေစောင့်နေတယ်မလားနောက်ကျရင်ဆူ
အုန်းမယ်လို့ပြောတာ ”
အဒေါ်ခင်ကြည်၏စကားကြောင့်ကျွန်တော်လန့်သွားကာအတွေးပင်လယ်ထဲရောက်နေသည်ကိုသတိပြုမိသွားသည်။
“ သေပါပြီ ငါအတွေးပင်လယ်ထဲရောက်နေတာပဲ နောက်ကျရင်အမေ့ဖိနပ်ပျံစာမိတော့မယ် ”
ကျွန်တော်အများကြီးမတွေးနိုင်တော့ပါဘူး။ အမေ့ဖိနပ်ပျံစာမစားရမည့်အရေးအပြေးကလေးသုတ်ချီတင်ခဲ့ရာအိမ်သို့ရောက်သည်။
( ၂ )
ကျွန်တော်မနက်ကအဖြစ်အပျက်ကိုပြန်တွေးမိတယ် ကံကောင်းလို့ အမေ့ဖိနပ်ပျံစာမမိတာ ဒါပေမယ့် အမေ့အဆူတော့ခံခဲ့ရသေးတယ်။ ကိစ္စမရှိပါဘူး။ အဆူလေးပဲခံရတာကို အရေးကြီးတာကတော့ခနနေရင် မစာဥဆီကိုသွားပြီးကျွန်တော့်ခံစားချက်ကိုရင်ဖွင့်တော့မှာဆိုတော့ အဝတ်အစားသေချာဝတ်သွားဖို့လိုတယ်
အဲ့ဒါကြောင့်ကျွန်တော့်အဝတ်ပုံရှေ့တွင်ဘုရင်တစ်ပါးပမာအခန့်သား ရပ်၍နေသည်။
“ ဒီဝတ်စုံလေးမဆိုးဘူးပဲ မသိရင်ငါ့ပုံစံက ရုပ်ရှင်မင်းသား နေတိုးလိုလို ပြေတီဦးလိုလိုနဲ့ ခန့်သားပဲ ”
မှန်ထဲက ကျွန်တော့်ကိုကျွန်တော်ချီးမွှန်းခန်းဖွင့်နေသည်။
“ ဒီဝတ်စုံမဆိုးဘူး မစာဥမြင်ရင်တစ်ခါထဲ ကြွေသွားလောက်တယ် ”
ကျွန်တော်လဲ အဝတ်အစားသေချာဝတ်ပြီး ခေါင်းဖြီးကာမစာဥရှိရာ တစ်ဖက်ရွာသို့ ခြေဦးစလှမ်းတော့သည်။
“ မောင်တင်လှိုင် ဒါကဘယ်သွားမလို့လဲ ”
“ ဟာသွားပြီ ”
ကျွန်တော့်တစ်ကိုယ်လုံးပူတက်သွားသည်။ အမေ့ကိုဘယ်ကိုသွားမယ်လို့ပြောရမလဲ ကျွန်တော်မစဥ်းစားနိုင်တော့ပါ။
“ မေးနေတယ်လေ ဒါကဘယ်သွားမလို့လဲ ”
“ ဟုတ်ကဲ့အမေ ကျွန်တော် တစ်ဖက်ရွာကသူငယ်ချင်းအိမ်အလည်သွားမလို့ပါ သူ့အမေက လေဖြတ်နေတော့သတင်းသွားမေးချင်လို့ပါ ”
ကျွန်တော်အရဲစွန့်ပြီးအမေယုံနိုင်လောက်မယ့်ဆင်ခြေ
ကောင်းကောင်းကြီးတစ်ခုကိုရဲရင့်စွာပြောခဲ့သည်။
“ ဘယ်အချိန်ပြန်လာမှာလဲ ”
ကျွန်တော့်ကိုယ်ကျွန်တော်ဂုဏ်ယူမိတယ် အမေ့ကျွန်တော့်စကားကိုအဟုတ်အမှန်လို့
ယုံကြည်သွားပြီ။
“ ညနေ ၅နာရီလောက်ပြန်လာမှာပါအမေ “
“ ကောင်းပြီး အဲ့ထက်နောက်ကျရင် တွေ့မယ် ”
“ ဟုတ်ကဲ့အမေ နောက်မကျစေရဘူး ”
ကျွန်တော့်စိတ်ထဲအလွန်ကိုလေးပင်မိပါသည်။ အမေ့ပြောလိုက်တော့စကားကိုပင်ထပ်ခါထပ်ခါကြားမိနေသော်လည်း နှလုံးသား၏ဆန္ဒကိုကားမလွန်ဆန်နိုင်သောကြောင့် မစာဥရှိရာတစ်ဖက်ရွာသို့ခြေဦးလှည့်ခဲ့တော့သည်။
“ နေကလဲပူလိုက်တာ အခုချိန် မြို့ပေါ်က မာစီးတီးဆိုတဲ့ကားကြီးနဲ့သာသွားရရင်သိပ်ကောင်းမှာပဲ ”
ကျွန်တော်တို့ရွာနဲ့မစာဥတို့ရွာအကြာ အတော်ကိုအလှမ်းဝေးပါသည်။ ဒါပင်မယ့် မစာဥကိုတွေ့ရဖို့ မီးပင်လယ်ကိုလက်ပြစ်ကူးရမယ်ဆိုလက်ပြစ်ကူးမည်။ ဓားတောင်ကိုကျော်၍တက်ကာသွားရမယ်ဆိုရင် ဓားတောင်ကိုကျော်၍သွားမည်။ ကျွန်တော့်စိတ်ထဲပိုင်းဖြတ်ပြီးသားပါ ဒီကနေ့တော့မစာဥကိုအသေအချာကိုကျွန်တော့်ခံစားချက်တွေပြောပြတော့မည်။
“ ရေဆာလိုက်တာ ”
ကျွန်တော်လျောက်လာတာအတော်ကိုကြာခဲ့ပြီ အရှေ့တွင်မစာဥတို့ရွာကိုပင်လှမ်း၍မြင်နေရသည်။ ဒါပင်မယ့် ရေဆာတာနဲ့ ရေသောက်ရန်အရင်ကြံစည်ရသည်။
“ ဘယ်နားမှာများရေအိုးတည်ထားမလဲ “
ကျွန်တော်မျက်စိဖြင့်ဟိုဟိုဒီဒီ ကြည့်လိုက်သည် ။
“ ဟာဟိုမှာတွေ့ပြီ ”
ကျွန်တော်သိပ်မရှာလိုက်ရပါဘူး သိပ်မဝေးတဲ့ အရှေ့နားမှာရေအိုးတစ်အိုးသစ်ပင်ရိပ်အောက်မှာတည်
ထားသည်။ ကျွန်တော်လဲရေအိုးကိုမြင်ရသည်ကို ရွှေတိုက်ကြီးတစ်လုံးမြင်ရသည်ထက်ကိုပို၍ပျော်ရွှင်သွားကာသွက်သွက်လေးရေအိုးဆီသို့လှမ်းသွားသည်။
“ အခုမှပဲအေးသွားတော့တယ် ဒီသစ်ပင်အရိပ်ကအတော့်ကိုအေးမြတာပဲ
ရေဆိုရင်ပိုတောင်အေးမြအုန်းမယ် ”
ကျွန်တော်လဲရေဆာနေတာနဲ့ခနအမောဖြေပြီးသည်နှင့်ရေအိုးထဲကရေကိုတစ်ခွက်ခတ်ကာသောက်ချလိုက်သည်။ ကျွန်တော့်အထင်သည်မလွဲ သစ်ပင်ရိပ်အောက်မှာတည်ထားသောရေအိုးထဲကရေတစ်ခွက်သည် ရွာသူကြီးသမီးမွေးနေ့ကတိုက်သော ကိုကာကိုလာ ထက်ပင်ပို၍သောက်လို့ကောင်းသည်။ ကျွန်တော်ဆက်၍လျောက်သွားရာခနအကြာတွင်မစာဥတို့ရွာသို့ရောက်သည်။
( ၃ )
“ မစာဥတစ်ယောက်ဘယ်များရောက်နေတာလဲ ”
ကျွန်တော်ဟိုဟိုဒီဒီလှမ်းကြည့်မိသည်။ မစာဥကိုမတွေ့ တော့ကျွန်တော်စိတ်မကောင်းဖြစ်သွားသည်။
“စာဥတစ်ယောက်ဘယ်မှာသွားရှာရမလဲကွာဒီနားမှာရှာနေတာကြာပြီတွေ့လဲမတွေ့ဘူး ”
ကျွန်တော်စိတ်ညစ်ညစ်နှင့်ပင်အနားရှိသစ်ပင်ရိပ်အောက်တွင်ထိုင်ကာ အဆိုတော်စိုးလွင်လွင် တီဆိုသော မောင့်မျက်ရည်ဝိုင်းသီချင်းကို လွမ်းလွမ်းကလေးဆို၍အပန်းဖြေနေသည်။
“ ဟိုကတစ်ယောက်က မစာဥများလား ”
ကျွန်တော်သီချင်းတစ်ပုဒ်တောင်မပြီးပါ သိပ်မလှမ်းမကမ်းတွင်မစာဥတစ်ယောက်အားကျွန်တော်တွေ့သည်။ ကျွန်တော်လဲမစာဥဆီအပြေးကလေးပြေးပြီးမစာဥရှေ့
တည့်တည့်တွင်ရပ်ကာ စကားပြောရန်ပြင်လေသည်။
“ မစာဥဘယ်ကပြန်လာတာလဲ ”
“ စျေးဆိုင်ကပြန်လာတာ ”
“ ဟိုဟာလေမစာဥ ကျွန်တော်တစ်ခုလောက် မေး ချင်လို့ ”
“ ဘာ မေး စရာရှိလို့လဲ မေး လေတို့ ဖြေနိုင်ရင် ဖြေပေးမယ် ”
“ မစာဥကိုကျွန်တော်ချစ်မိနေလို့ အဲ့တာမစာဥ ကျွန်တော့်ကိုပြန်ချစ်နိုင်မလား ”
ကျွန်တော်အရဲစွန့်ကာမစာဥအားကျွန်တော့်ခံစားချက်ကိုထုတ်၍ပြောလိုက်သည်။ မစာဥကျွန်တော့်အားကြည့်ကာပြုံး၍ အသံမာမာဖြင့်ပြန်ပြောသည်။
“ အော် မောင်တင်လှိုင် တို့ဘယ်နှစ်ခါများငြင်းရမလဲ နင့်ပုံစံနဲ့ တို့အချစ်ကိုရချင်တယ်ပေါ့ အနူလက်နဲ့ရွှေခွက်နှိုက်ချင်နေသလားလို့မေးရင်နင် စိတ်မဆိုးအုန်းမယ်နော် ”
ကျွန်တော့်အားစော်ကားစွားဖြင့် မစာဥပြောသည်ကိုမခံနိုင်အောင်ပင်ဖြစ်သွားသည်။
ကျွန်တော်လဲစိတ်တိုသွား၍အသံမာမာဖြင့်ပြန်ပြောသည်။
“ အဲ့ဒီလောက်တော့ပြောစကားမလိုပါဘူးမစာဥ ကျုပ် နားလည်ပါပြီ ဒါပင်မဲ့ မစာဥတစ်ခုတော့မှတ်ထားပါ
ဒီနေ့ကနေနောက်၁၀နှစ်နေရင် မစာဥစော်ကားခဲ့တဲ့မောင်တင်လှိုင်ဆိုတဲ့ ကျုပ်ဆီမှာ ဒူးတုပ်ခစား နေစေရမယ် ဒါပဲ ကျုပ်သွားပြီ ”
ကျွန်တော်လဲ ခံပြင်းလွန်၍ဒေါသဖြင့်ပြောဆိုကာ ကျွန်တော့်တို့ရွာဆီသို့ဦးတည်ကာလှည့်ထွက်ခဲ့သည်။ ကျွန်တော်တစ်လမ်းလုံး မစာဥစကားတွေကိုစဥ်းစားမိရင်းရင်နာနေမိသည်။
ကျွန်တော့်မစာဥကိုခံစားချက်များဖွင့်ဟပြောဆိုရန်ပြင်
ဆင်လာခဲ့သည်အဝတ်အထည်များကိုပင်အားနာမိသည်။ ကျွန်တော်ဒေါသထွက်ထွက်နဲ့ပြန်လာရာ အချိန်ကိုပင်သတိမထားမိပါ နေပင်ဝင်တော့မည်။ ကျွန်တော်လဲ မိုးမချုပ်ခင်အိမ်သို့ရောက်ရန် သုတ်ချီတင်ပေးရတော့သည်။
“ ဘာအသံလဲဟ ”
ကျွန်တော် လှည့်ကြည့်လိုက်သည်။ ဘာမှမတွေ့ ဒါပေမယ့်ကျွန်တော့်စိတ်ထဲကြောက်စိတ်ကြီးစိုးသွားသည်ကိုေတသေတိထားမိသည်။ ဘာအသံမှန်းမသိ ကြားလိုက်ရသည်။
“ သရဲဗျို့ပြေးပြေး ”
“ ဘယ်ကအသံလဲဟ ”
လူတစ်ယောက် အော်သံကျွန်တော်ကြားလိုက်ရသည်။ ဘယ်သူဘယ်ဝါဖြစ်ဖြစ်အရေးမကြီးပါဒါပေမယ့်သူပြောတဲ့စကားကတော့အရေးကြီးနေသည်ကိုကျွန်တော့
ခြေထောက်များကသက်သေပြနေသည်။
“ ဟူး… မောလိုက်တာ ဟိုလူအသံမကြားရတော့ပါလား ”
ကျွန်တော်လဲ အပြေးလာမိကာ အော်နေသောလူအသံကိုပင် မကြားရတော့ပေ။ သို့ပင်မဲ့ ထိုလူအတွက်စိတ်ပူသွားမိသည်။
“ သူအော်တယ်ဆိုထဲက သရဲကြောက်တတ်တဲ့လူပဲ ဖြစ်ရမယ် ငါကအဝေးက သူ့အသံကြားရလို့သာထွက်ပြေးနိုင်ခဲ့တာ သူကရောပြေးနိုင်ပါ့မလား ”
ကျွန်တော်တစ်ယောက်ထဲတွေးနေရာကနေ ဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့သည်။ သရဲကြောက်တတ်တဲ့လူချင်းအတူတူ ကျွန်တော်ကတော့လွတ်ပြီးသူကျန်ခဲ့လျှင် မတရားပဲရှိပေလိမ့်မည်။ ထို့ကြောင့် ဘယ်လောက်ဝေးဝေးဂရုမပြုပဲ အနောက်သို့ပြန်လှည့်ကာ အပြေးသွားသည်။ အတော်အတန်ကြာပြေးပြီးမှထိုလူအသံပြန်ကြားသည်။
“ သရဲဗျို့ ပြေးပြေး ”
“ ဒီလူကလဲအတော်စေတနာကောင်းတဲ့လူပါလား သရဲတွေ့တာမပြေးပဲတစ်ခြားလူတွေသိအောင်အော်ပေးနေတယ် ဘာပဲ ဖြစ်ဖြစ်ပါလေ ဒီလူ့ဆီငါသွားရမယ် ”
ကျွန်တော်လဲ အသံကြားရာဆီသို့ အတင်းပြေးဝင်သွားခဲ့သည်။ အတော်တန်ကြာပြေးပြီးတော့မှ လူတစ်ယောက်ကိုကျွန်တော်တွေ့သည်။ လက်ထဲတွင်အရက်ပုလင်းတစ်လုံးနှင့် ပုဆိုးကိုလဲကျန်တစ်ဖက်ကဆွဲထားရသေးသည်။ ဒီလူအဖြစ်ကိုကြည့်ရင်းသနားမိသည်။
“ သူ့ကိုယ်သူတောင်မနိုင်မနင်းဖြစ်နေတာ အော်တဲ့လူကိုသွားမကယ်နိုင်တာမစမ်းပါဘူးလေ ငါပဲသွးကယ်လိုက်ပါမယ် ”
ကျွန်တော်ဆက်၍ပြေးဝင်သွားခဲ့သည်။ သိပ်မကြာခင်မှာပင် နောက်ထပ်လူတစ်ယောက်ကိုကျွန်တော်တွေ့သည် ။ ဒီလူကတော့ထူးဆန်းသည် သစ်ပင်အောက်တွင်မှီကာ လှေမော်တာစက်လိုပင်ဟောက်နေသည်။ထိုသူ၏ဘေး
တွင် လက်နှိပ်ဓာတ်မီးတစ်လုံးကိုလဲတွေ့၍ ကျွန်တော်ထိုသူအားအသိမပေးပဲခနငှားလာခဲ့သည်။
“အော်တဲ့လူတွေနဲ့မတွေ့ပဲတစ်ခြားလူတွေနဲ့ပဲတွေ့နေရတယ် ဒီလူကလဲအော်ပဲအော်နေတယ် နေကဖြင့်ဝင်နေရုံရှိသေး မပြေးတတ်သာများလား ”
ကျွန်တော်အမျိုးမျိုးတွေးကာ ထပ်ပြေးဝင်သွားခဲ့သည်။ အတော်အတန်အကြာတွင် ကျွန်တော့်မျက်လုံးကိုပင်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည်။ လူတစ်ယောက်ဟိုယှိုင်ဒီယှိုင်နှင့် ပါးစပ်ကလဲ အော်နေသည်။
“ သရဲဗျို့ပြေးပြေး ”
ကျွန်တော် တစ်ဆက်တည်းတွေးမိသွားသည်။
“ ဟာသွားပြီ…အရူးကြီးဟ ”
ကျွန်တော်စိတ်ပျက်လျက်ပင်အိမ်သို့အပြန်လမ်းတွင်စဥ်းစားနေမိတော့သည်။ခနအကြာမှအချိန်ကိုသတိရမိတော့သည်။ အခုဆိူရင် မိုးချုပ်လို့မှောင်နေကာမှုန်မှုန်ဝါးဝါးသာလျှင်မြင်ရတော့သည်။ ဒုတိယလူဆီကငှားခဲ့သောဓာတ်မီးကြောင့်သာကျွန်တော်လမ်းလျောက်နေနိုင်ခြင်းဖြစ်သည်။
“ ဟိုအရှေ့ကအရိပ်ကြီးကဘာကြီးလဲဟ ”
ကျွန်တော်လန့်သွားသည်။ ဝါးဝါးသာမြင်ရတော့ညအမှောင်တွင် ဆံပင်ကိုဖားလားချကာ လက်တွင် မဲမဲရှည်ရှည်ကြီးတစ်ခုကိုကိုင်ကာရပ်နေသောအရိပ်မဲ ကြီးတစ်ခုကိုလှမ်းတွေ့လိုက်ရသည်။
“ သရဲမငါ့ကိုသတ်မလို့စောင့်နေတာနေမယ် လက်ထဲမှာလဲဓားကြီးလားမသိဘူး ”
ကျွန်တော်ဟိုတွေးဒီတွေးနှင့်ပင်ကြော်လန့်၍နေသည်။ ကျွန်တော်ရှေ့လဲမတိုးရဲနောက်လဲမဆုတ်ရဲ ဖြစ်နေသည်။ ထိုနောက် အကြံတစ်ခုရကာ လက်ထဲတွင်ရှိသော လက်နှိပ်ဓာတ်မီးအား အရိပ်မဲမဲ ကြီးဆီသို့လှမ်း၍ထွန်းကြည့်လိုက်သည်။ ကျွန်တော်လိပ်ပြာလွှင့်မတတ်လန့်သွားသည်ကာ စကားသံတစ်သံသည် နှုတ်ဖျားမှ လွှတ်ခနဲထွက်သွားသည်။
“ အမေပါလား “
ကျွန်တော့်အမေ့သည်ကျွန်တော့်အား ရွာထိပ်တွင် တုတ်ကိုင်ကာရပ်၍စောင့် နေသည်။
( ၄ )
( ၁၀) နှစ်တောင်ကြာပြီ။ အခုဆိုရင်ငါလဲအသက်အရွယ်တော်တော်ရနေပါပြီ။
ကျွန်တော်တွေးနေရင်းပင် ကျန်ခဲ့သော
( ၁၀)နှစ်ခန့်ကအဖြစ်အပျက်ကိုစဥ်းစားနေမိသည်။
မစာဥလဲယောင်္ကျားရသွားပြီလို့သတင်းကြားရသည်။
“ အချိန်တွေကုန်တာလဲ မြန်လိုက်တာမသိရင်မနေ့တနေ့ကလိုပဲ ”
ကျွန်တော်ပြန်တွေးနေရင်းနဲ့မှ မစာဥပြောခဲ့သည်ကိုပြန်အမှတ်ရမိသည်။
တော်တော်လဲစွာတဲ့မစာဥပါလား။ ကျွန်တော့်လောက်သူ့အပေါ်ကောင်းမည်သူမရှိ၊အလေး
ထားမည့်သူမရှိ။ ကျွန်တော်သူ့အားခံစားချက်များဖွင့်ဟ
ပြောဆိုရန်သွားသည်နေ့ကပင်အတော်ကိုအလေးထားကာ
ဝတ်ဆင်သွားခဲ့သည်။
“ငါဒီလောက်အလေးထားတာတောင်ငါ့ကိုပြောဆိုရက်တယ် တကယ်လဲစွာတဲ့မစာဥပါလား ”
ကျွန်တော့်အဲ့နေ့ကိုမမေ့ပါ။ ကျွန်တော့် အဖေရဲ့ပစ္စည်းဖြစ်သော တိုက်ပုံအင်္ကျီကိုအပေါ်ထပ်ဝတ်၍ ဇတ်ပုဆိုးအားခါးပတ်နှင့်တွဲ၍မြဲအောင်ချည်ကာဝတ်ဆင်ထားသည်။ ဖိနပ်ကား မြို့ကအသည်လာရောင်းသော ခေတ်ပေါ်ဖိနပ်ဟုခေါ်သော ထပ်ချွန်ဖိနပ်အနီအား စီးထားသည်။ ထိုဖိနပ်သည်ကားအပေါစားမဟုတ် ၁၅၀၀ ကျပ်ပေး၍ဝယ်ထားရသောဖိနပ်ဖြစ်သည်။
“ငါဒီလောက်ဂရုစိုက်ပြင်ဆင်လာတာတောင်ငါ့ကိုရက်ရက်စက်စက်ပြောရက်တဲ့မစာဥ အခုတော့ငါပြောခဲ့တဲ့ ရက်ကိုရောက်လာပြီ တွေ့ကြသေးတာပေါ့ ”
ကျွန်တော်လဲ ကျန်ခဲ့သော ( ၁၀) နှစ်ခန့်ကပြောခဲ့သောစကားကသက်သေထူရန်မစာဥရှိရာသို့ ခရီးဆက်ခဲ့သည်။ ကျွန်တော့်ကိုယ်ပိုင်ကားမောင်သူက ကျွန်တော့်အားမစာဥတို့ရှိရာအိမ်သို့လိုက်၍ပို့ပေးသည်။ ကျွန်တော်သည်ကား နောက်ခန်းတွင် ခပ်တည်တည်နှင့်လိုက်ပါစီးနှင်းခဲ့သည်။
“ မရောက်သေးဘူးလားကွာ ”
ကျွန်တော်လဲစိတ်သိပ်မရှည်တော့တာနဲ့အသံမာမာနဲ့မေး
လိုက်သည်။ စိတ်ထဲတွင် ဒေါသထွက်နေ၍အသံမာသွားခြင်းဖြစ်သည်။ သို့သော်ကားမောင်းသူကမူကြောက်လန့်၍နေသည်။ ကျွန်တော်လဲသူ့အားသနားသွားပြီးအသံပြောင်းကာ ပြန်၍မေးသည်။
“ ရွာကမရောက်သေးဘူးလား ”
ထိုအခါမှ ကားမောင်သူက ရိုရိုသေသေဖြင့် အသံပျော့ကာ ကျွန်တော့်အားပြန်၍ဖြေသည်။
“ သိပ်မကြာခင်ရောက်တော့မှာပါ ”
ကျွန်တော်လဲ အပြင်ကိုလှမ်းကြည့်မိရာ မိုးချုပ်တော့မည်ဖြစ်၍ဒီတစ်ညတော့ရွာကဘုန်းကြီး
ကျောင်းတွင်တစ်ညတည်းခိုးရတော့မည်။ ကျွန်တော်လဲကားမောင်းသူအားစာဥတို့ဆီတန်း
မမောင်းခိုင်းပဲ ဘုန်းကြီးကျောင်းဆီသို့ပြောင်း၍မောင်းခိုင်းလိုက်သည်။
“ ဒီနေ့ကမိုးချုပ်တော့မယ်ဆိုတော့ ဘုန်းကြီးကျောင်းကိုပဲမောင်းလိုက်တော့ ”
ကားမောင်းသူက ကျွန်တော့်အားခေညင်းညှိမ့်ပြ၍ဘုန်းကျောင်းဆီသို့မောင်းသွားသည်။ သိပ်မကြာခင်ပဲကျွန်တော်တို့ဘုန်းကြိးကျောင်းဆီသို့ရောက်ခဲ့သည်။ရောက်ရောက်ချင်း ဆရာတော်ကြီးဆီသို့သွား၍ဦးချသည်။
“ ဒကာမကြီးအုန်းကြွယ် တစ်ယောက်ရောပါမလာဘူးလားကွဲ့ ”
“ မပါပါဘူးဘုရား နေသိပ်မကောင်းလို့အိမ်မှာပဲအနားယူနေပါတယ် ”
ဆရာတော်ဘုရားနဲ့ကျွန်တော်စကားပြောနေကြ၍ ညမိုးချုပ်ဆရာတော်က ကျွန်တော်နဲ့ကားမောင်းသူတို့ ထမင်းစားရန်အတွက် ကျောင်းမှနေကြသောလူများအား ပြင်ဆင်ခိုင်းသည်။ ကျွန်တော်တို့လဲထမင်းစားပြီးတာနဲ့ ရေမိုးချိုးကာပြင်ဆင်သည်။ထို့နောက်ဆရာတော်ထံသွားရောက်ကာတစ်ညတည်းခိုးခွင့်ပြုရန်လျှောက်တင်ကြ
သည်။ ဆရာတော်ကြီးကလဲလှိုက်လှိုက်လှဲလှဲပင် ခွင့်ပြုပေးသည့်အပြင့်ကျွန်တော်နဲ့ကားမောင်းသူတို့တည်ခိုးနိုင်ရန်နေရာစီစဥ်ပေးသည်။
“ ဆရာတော်ကြီးကသိပ်သဘောကောင်းတာပဲ ဒီတစ်ညတော့ဒီမှာပဲတည်းခိုရမယ် မနက်ကျရင်တော့တွေ့ကြတာပေါ့ စာဥရာ ”
ကျွန်တော်လဲတစ်နေကုန်ကားစီးလာရ၍ပင်ပန်းလွန်းကာ အိပ်ပျော်သွားခဲ့သည်။
( ၅ )
“ မနက်တောင်ရောက်ပြီပဲ ထမင်းစားပြီးတာနဲ့ မစာဥဆီကိုအရောက်သွားရမယ် ”
ကျွန်တော်လဲ ဆရာတော်ကျွေးတော့ထမင်းအားစ၍ ကားမောင်းသူကို နေခဲ့ရန်ပြောကာ တစ်ယောက်ထဲပင်မစာဥဆီသို့ထွက်ခဲ့သည်။
“ လမ်းတွေကတော့ကောင်းလာသားပဲ အရင်လိုတော့မဟုတ် တော့ ဘူး ”
ကျွန်တော်လမ်းလျောက်နေရင်း ဟိုဟိုဒီဒီကြည့်မိသည်။ လမ်းဘေးပတ်လည်တွင် စိန်ပန်းပင်ကြီးတွေတန်းစီကာပေါက်နေသည်။ စိန်ပန်းပွင့်တွေတစ်ပွင့်ချင်းစီကြွေကျနေပင်မဲ့အပင်များတော့ အုံကာအောက်သို့ကြွေကျနေသည်။ ကျွန်တော့်စိတ်ထဲ ဂျပန်ရောက်သွားသလိုပင်ခံစားရသည်။ စိန်ပန်းပွင့်တွေအောက်တွင်စု၍ပုံနေသည်မှာလှည်း၍မနိုင်ဖြစ်နေဟန်ရသည်။ အစုလိုက်အစုလိုက်ဖြင့်ဒေါင့်ကလေးများတွက်ပုံထားသည်။
“ ဒီလမ်းလေးသိပ်အေးချမ်းတာပဲ မစာဥတို့အိမ်တောင်ငါမှတ်မိပါ့အုန်းမလား ”
ကျွန်တော်လဲဟိုတွေးဒီတွေးနဲ့လမ်းလျောက်ခဲ့သည်။ သိပ်မကြာခင်ပင်ကျွန်တော်ရင်းနှီးတော့ အပင်ကြီးတစ်ပင်ကိုကျွန်တော်တွေ့ခဲ့သည်။
“ ဟိုသစ်ပင်ပဲ ”
ကျွန်တော်ငယ်ငယ်က ခွင့်မတောင်းပဲငှားလာခဲ့သောဓာတ်မီးပိုင်ရှင်အိပ်နေသောသစ်ပင်ဖြစ်သည်။ ဒီလိုဆိုရင်ဖြင့်မစာဥအိမ်နဲ့သိပ်မဝေးလှတော့ဘူး။
ကျွန်တော်သွားရင်းပဲ လမ်းသွားလမ်းလာတစ်ယောက်အားမေးကြည့်သည်။
“ မစာဥအိမ်ဘယ်နားမှာများလဲလမ်းညွှန်ပေးနိုင်မလား ”
“ အရှေ့တည့်တည့်သွား ပြီးရင် ဘယ်ဘက်ချိုးလိုက် တွေ့တွေ့ချင်းအိမ်ပဲ ”
ကျွန်တော်လဲလမ်းညွှန်ပေးသူအားကျေးဇူးတင်၍ ဆက်လျောက်ခဲ့ရာမကြာမီပင်မစာဥတို့အိမ်သို့ရောက်
သည်။
“ တွေ့ကြသေးတာပေါ့မစာဥရာ ”
ကျွန်တော်အိမ်ရှေ့မှချောင်းဟန့်သံပေး၍ ခပ်တည်တည်ဖြင့်ရပ်နေသည်။ မကြာမီမိန်းမတစ်ယောက်ထွက်၍ကြည့်သည်။
“ ဟောမစာဥပါလားငါ့ကိုမြင်သွားပြီ ”
မစာဥ သည်အိမ်ထဲတို့အတင်းပြေးဝင်သွားသည်။
ကျွန်တော်ပြောခဲ့သောစကားကိုသတိရသွားဟန်တူသည်။ ကျွန်တော့်ကိုမြင်လိုက်ရသည်နှင့်ပင် ကြောက်လန့်သွားသည်။ သိပ်မကြာခင် လက်ထဲပန်းကန်းနှစ်လုံးဖြင့်ထွက်လာသည်။
“ အခုကျတော့လဲအချိုးကိုပြေလို့ မတ်တပ်ရပ်လိုက်တာနဲ့ ထမင်းနဲ့ဟင်းပါအသင့်ယူလာတယ် ”
ကျွန်တော့်အနားသို့မစာဥရောက်လာကာ ကျွန်တော့်အောက်တွင် ဒူးထောက်ပြီးအပေါ်သို့မော့ကြည့်၍ပြောသည်။
“ မောင်တင်လှိုင်ပါလား ”
ကျွန်တော်လဲအပေါ်က ခပ်တည်တည်ဖြင့် အောက်သို့စိုက်ကြည့်ကာ အသံမာမာဖြင့်ပြန်ပြောလိုက်သည်။
“ ဟုတ်တယ် ငါတင်လှိုင်ပဲ ”
မစာဥကြောက်လန့်သွားသည့်ဟန်တူသည်။ ယူလာသောပန်းကန်လုံးနှစ်လုံးအား အနားက သောက်ရည်အိုးစင်ပေါ်တင်၍ လက်အုပ်ချီ၍ထားသည်။
“ ဘယ်လိုမစာဥ အခုတော့ကျုပ်ပြောတဲ့အတိုင်းဖြစ်လာပြီမလား ”
ကျွန်တော်သည်အပေါ်စီးကနေကြည့်၍ ခပ်ပြောင်ပြောင်ပြောချပလိုက်သည်။ မစာဥ သိဟန်တူသည် မျက်နှာငယ်သွားကာ ခေါင်းကိုအောက်ကိုငုတ်၍ လက်ခုတ်ချီမြဲအတိုင်းနေသည်။
“ ပြောစမ်းပါအုန်း မစာဥ အခုတော့ဖြင့် ကျုပ်ပြောတဲ့အတိုင်းဖြစ်လာပြီမလား… ”
ကျွန်တော်လည်းအရပါးရပြောချပလိုက်သည်။ ထိုအခါမှမစာဥ သည်လက်အုပ်ချီလျက် အပေါ်သို့မော့ကာ ကျွန်တော့်အား စကားပြန်၍ပြောသည်။
“ တင်ပါ့ ဘုရား တပည့်တော်မသိပါတယ် ”
ကျွန်တော်လဲ မစာဥကိုကြည့်ကာ စိတ်ထဲတွင် ခိုး၍သာရီနေမိတော့သည်။
- ဒဂုန်အောင်မြင့်
22.9.2024 ( Sunday)
Keep Reading