Author's Profile Photo

M Min Nyo

5/11/2024

စာရေးသားခြင်း အတတ်ပညာ

1 min read
General Knowledge
စာရေးသားခြင်း အတတ်ပညာ's photo

စာရေးတယ်ဆိုတာကို လူတိုင်းနီးပါး တတ်မြောက်ကြပါတယ်။ ဌာန်ကရိုဏ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ၊ စာရေးလို့ရတဲ့နေရာတစ်ခုမှာ စကားလုံးတွေအဖြစ်ချရေးတာကို စာရေးတတ်တယ်လို့ ခေါ်တာပါပဲ။

တစ်ခုတော့ရှိတယ်။ စာအဖြစ်ရေးလိုက်တိုင်း အဆင်ပြေပြေစာတစ်ပုဒ်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ စာရေးခြင်းမှာ တခြားလိုအပ်နေတဲ့ အသိပညာ၊ အတတ်ပညာနဲ့ နည်းစနစ်တွေ ရှိနေပါသေးတယ်။ ဒါကတော့ လူတွေဖတ်ချင်တဲ့၊ ဖတ်ကောင်းနိုင်မယ့် စာတစ်ပုဒ်ရလာဖို့ ထပ်ဆင့်လိုလာတဲ့ ကျွမ်းကျင်မှုတွေလို့ ဆိုရပါမယ်။

ဒီနေ့မှာတော့ စာရေးခြင်းနဲ့ဆိုင်တဲ့ ပုံသေးနည်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ပုံသေနည်းတွေဟာ လှေနံဓါးထစ် မှတ်ယူထားလို့မရပါဘူး။ အသုံးချသူရဲ့ အကြောင်းအရာ၊ အခြေနေ အချိန်ခါကိုလိုက်ပြီး ပြောင်းလဲ ကျင့်သုံးရမှာဖြစ်တယ်။ ဒီနေ့ ပြောပြတဲ့ စာရေးသားခြင်းဟာ Content Writing ရေးသားခြင်းမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့်၊ အထောက်အကူဖြစ်နိုင်တာမို့ ဝေမျှပေးရခြင်းပါ။

(1) Profile - ရေးသားနည်း

ဒီရေးနည်းကို Biographical အရေးအသားတွေမှာ အသုံးပြုလေ့ရှိပါတယ်။ လူတစ်ယောက်၊ အရာဝတ္ထုတစ်ခု ဒါမှမဟုတ် နေရာတစ်ခုအကြောင်း အပြည့်အစုံရေးသားဖော်ပြတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ Storytelling ပုံစံမျိုးပဲ ဖြစ်ပါတယ်။

(2) Backgrounder - ရေးသားနည်း

သမိုင်းနောက်ခံအကြောင်းအရာတွေ ရေးသားဖော်ပြရာမှာ သုံးကြပါတယ်။ သမိုင်းထဲက လူတွေမသိသေးတဲ့ အကြောင်းအရာတွေ၊ လူသိနည်းတဲ့အရာတွေ ပြန်လည်ဖော်ထုတ်ရာမှာ သုံးကြတယ်။ ဒီရေးနည်းကလည်း Biographical ဆန်ဆန်ရှိပေမယ့်၊ သူက Historical ဘက်ကို ရောက်ပါတယ်။

(3) Color Piece - ရေးသားနည်း

ဒီရေးသားနည်းက ဝတ္ထုဆန်ပါတယ်။ အကြောင်းအရာတစ်ခုကို ဖော်ပြရာမှာ၊ အဓိကအချက်အလက်တွေအပြင်၊ စာရေးသူရဲ့အမြင်တွေကိုပါ ထည့်ပေါင်းရေးလေ့ရှိပါတယ်။ ဥပမာ- တောင်တက်အတွေ့အကြုံတစ်ခု ရေးတယ်ဆိုပါတော့။ ခရီးစဥ်၊ မြေပြင်အနေအထား၊ ကြုံတွေ့ရတဲ့အခက်အခဲ တွေအပြင်၊ ပတ်ဝန်းကျင်ရဲ့သာယာပုံ၊ ရှုခင်းတွေ၊ အရောင်တွေ၊ အသံတွေနဲ့ စာရေးသူရဲ့ ခံစားချက်တွေကိုပါ စုံလင်အောင်ပေါင်းထည့်တာမျိုးပါ။

(4) Behind the Scenes - ရေးသားနည်း

ဒါကတော့ ရိုက်ကွင်းတစ်ခု၊ အဖြစ်အပျက်တစ်ခုရဲ့နောက်ကွယ်က လူအများမသိတဲ့အရာကို ဖော်ပြရာမှာ သုံးကြပါတယ်။ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အမှားအယွင်းတွေ၊ ပညာယူစရာလေးတွေကို ပေါ့ပေါ့ပါးပါး ရေးပြကြပါတယ်။ Video တွေရဲ့နောက်ကွယ်က၊ behind the scenes ကိုတော့ ကျွန်တော်တို့ မကြာခဏ မြင်တွေ့ခဲ့ဖူးပြီဖြစ်ပါတယ်။ ဒီလိုပုံစံတွေကို စာနဲ့ရေးပြခြင်းပါပဲ။

(5) News Feature - ရေးသားနည်း

လက်ရှိ ထင်ပေါ်ကြော်ကြားနေတဲ့အကြောင်းအရာကို ရေးသားရာမှာ သုံးပါတယ်။ Content မှာ Trend နောက်လိုက်တယ် ဆိုတာမျိုးပါ။ လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့အရာကို ပိုပြီးမြင်သာအောင် ရေးပြကြတာပါ။ လူသိနည်းတာကိုလည်း ထင်ပေါ်လာအောင်ပြုလုပ်ရာမှာ သုံးကြပါသေးတယ်။

အခုဝေမျှပေးခဲ့တာကတော့ စာရေးခြင်းနဲ့ဆိုင်တဲ့ ဗဟုသုတတချို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ လိုအပ်သလို အသုံးပြုနိုင်ကြပါစေ။ အောက်မှာ ဖော်ပြပေးထားတဲ့ Link က၊ ကျွန်တော့်ရဲ့ Facebook Page link လေးပါ။ ဗဟုသုတတွေ မျှဝေပေးဖို့ အမြဲကြိုးစားနေပါတယ်။ လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"

https://www.facebook.com/profile.php?id=61564916414954&mibextid=ZbWKwL

Reference : သတင်းဆောင်းပါးရေးသားခြင်းလက်ဆွဲ
(ပိုမိုသိရှိလိုပါက ဒီစာအုပ်ကို အခမဲ့ရယူနိုင်ပါတယ်။ ဒီ link မှာ ဒေါင်းယူပါ)

https://www.tntynews.com/26/10/2024/41007/

#Writing
#KnowledgeSharing
#MMinNyo

Keep Reading

Victor Hugo ဘဝအမောပြေအတ္တလက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလူကဲခတ်နည်း အပိုင်းနှစ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)အ‌တွေးအစအနများဟဲမင်းဝေး နေ့စဉ်ဘဝErnest Hemingway ဘဝဟာသများသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)