မြူ
စိတ်ညစ်တာပျောက်ဖို့ စာဖတ်ပါ
ဘာကြောင့် စိတ်ညစ်တာပျောက်ဖို့ စာဖတ်ပါပြောရတာလဲ?
ရိပ် တို့လူငယ်တွေမှာ စိတ်ညစ်တဲ့အချိန်တွေ ဆိုတာ ရှိပါတယ်။ စိတ်ညစ်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ မိသားစုပြသာနာတွေကြောင့်လဲ ဖြစ်နိုင်သလို တခြားသော အဆင်မပြေမှုတွေကြောင့်လဲဖြစ်နိုင်ပါတယ်။စိတ်ညစ်တာကိုပျောက်စေဖို့အကောင်းဆုံး နည်းလမ်းကတော့ စာဖတ်ပါ။ စာဖတ်တာက ရိပ် တို့တွေကို စိတ်ညစ်တာလျော့ကျစေပါတယ်။ စာဖတ်ရင်း စာအုပ်ထဲမှာ စီးမြောသွားတဲ့အတွက်ကြောင့် စိတ်ညစ်တာကိုမေ့သွားစေပါတယ်။ ဖတ်လိုက်တဲ့ ဝတ္ထု ဒါမှမဟုတ် တခြားသော အကြောင်းအရာတွေ ကို အာရုံစူးစိုက်ရတဲ့ အတွက်ကြောင့် စိတ်ညစ်တာကို မေ့သွားမှာပါ။ စာဖတ်တာက ရိပ် တို့ဘဝအတွက် အကောင်းမွန်ဆုံးအဖော်မွန်ပါရှင်။ ဒီစာအုပ်စာပေတွေက ရရှိလာတဲ့ အသိပညာ ဗဟုသုတတွေက ဘယ်အရာနဲ့မှ လဲမရလောက်အောင် တန်ဖိုးရှိလှပါတယ်ရှင်။ စာအုပ်စာပေတွေက အထီးကျန်မှုကိုလဲ ဖြေဖျောက်ပေးနိုင်ပါတယ်။ စာဖတ်နေရင် ဘယ်အရာမှကို စိတ်မဝင်စားနိုင်တော့လောက်အောင်ဖြစ်တာမို့ စိတ်ညစ်နေရင် စာဖတ်လို့ပြောရခြင်းဖြစ်ပါတယ်။ စာအုပ်ထဲကို အာရုံစူးစိုက်မိလေ ရိပ် တို့ရဲ့ စိတ်ညစ်မှုကို မေ့သွားလေဖြစ်ပါတယ်။ ဒါကြောင့်မို့ ရိပ် ကတော့ စာဖတ်သူလေးတို့ စိတ်ညစ်လာတဲ့အချိန်မှာ စာဖတ်ဖို့ ပြောချင်ပါတယ်ရှင်။ ဒါပေမယ့် ရိပ် တို့တွေက စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ညစ်မှုကိုအားပေးတဲ့ စာအုပ်တွေ ဥပမာ ပြောရရင် အလွမ်း အဆွေး တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ မဟုတ်ရင် စိတ်ညစ်မှုကို ပိုတိုးသွားစေနိုင်ပါတယ်။
“စာဖတ်တာက ရိပ် တို့ဘဝအတွက် ကောင်းမွန်တဲ့ဘဝကို သယ်ဆောင်လာပေးမှာမို့ စာဖတ်ဖို့မပျင်းကြပါနဲ့။”
-YEIK (ရိပ်)
#yeik
Keep Reading