Author's Profile Photo

မြူ

1/11/2024

“အတွေးလွန်ခြင်း”( overthinking)

1 min read
Personal Development
General Knowledge
Leadership

အခုခေတ် လူတော်တော်များများက အတွေးလွန်တတ်ကြပါတယ်။ အထူးသဖြင့် လူငယ်အများစုပေါ့။
အမြဲတမ်း အတွေးလွန်ပြီး overthinking ဖြစ်နေတဲ့လူတစ်ယောက်ဟာ တခြားသူတွေထက်တပန်းရှုံးပါတယ်။ အမြဲတမ်း စိတ်ညစ်ပြီး ကိုယ်လုပ်ရမယ့် ကိစ္စတွေကိုလည်းမလုပ်နိုင်တော့ပါဘူး။ များသောအားဖြင့် အတွေးလွန်တာ ( overthinking ) ဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေ အများဆုံးတွေ့ရပါတယ်။


??‍♀️ခဏခဏခေါင်းကိုက်ခြင်း


ဒီလက္ခဏာကတော့ ရိပ် ကိုယ်တိုင် ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ရိပ် ကိုယ်တိုင်ကိုက အတွေးလွန်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ခဏခဏခေါင်းကိုက်တာကိုကြုံရပါတယ်။ ရိပ်ဆိုရင် ကျောင်းစာရော မိသားစုပြသာနာတွေနဲ့ပါ ကြုံနေရတာဖြစ်ပါတယ်။ တခါတလေမှာ ဦးနှောက်ကိုအနားမပေးမိဘဲ တရစပ်ဦးနှောက်အလုပ်လုပ်မိတဲ့အခါမှာဆိုရင် ခေါင်းကိုက်တာကို ဆိုးရွားစွာခံစားရပါတယ်။ ဒီလိုတွေဖြစ်နေတာက မကောင်းပါဘူး။ ခေါင်းကိုက်တယ်ဆိုရင် တော်ရုံ ဆေးသောက်ရုံနဲ့မပျောက်ပါဘူး။ ဒါကြောင့်မို့ အတွေးတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ကိုယ့်ကိုယ်ကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်နော်။ စာဖတ်သူတို့အနေနဲ့လည်း ကိုယ့်ရဲ့ အတွေးတွေကို ကိုယ့်ဘာသာထိန်းချုပ်ဖို့လိုပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရှိပါတယ်။




??‍♀️ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ခြင်း


အတွေးလွန်ပြီဆိုတာနဲ့ စိတ်ဓာတ်တွေကျပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ယှဉ်ပြီး အားမလိုအားမရတွေဖြစ်လာပါတယ်။ ငါက သူ့လိုဘာလို့မဖြစ်နိုင်ရတာလဲ…။ ငါလုပ်နိုင်မှာမဟုပါဘူး… ဆိုပြီးတွေးတောမိလာတဲ့အခါမှာ စိုးရိမ်စိတ်တွေများလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက Believe your self ပါနော်။ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်ပါ။



??‍♀️ပျော်ရွှင်မှုတွေပျောက်ဆုံးလာခြင်း



အတွေးလွန်ပြီဆိုတာနဲ့ ဘလိုမှမပျော်နိုင်တော့ပါဘူး။ ဒါကလဲ ရိပ်ကိုယ်တိုင် ကြုံတွေ့နေရတာကြောင့်ဖြစ်ပါတယ်။ အတွေးလွန်ပြီး စိတ်ညစ်စရာတွေရှိတဲ့သူတစ်ယောက်က သူ့မှာဘယ်လိုပျော်စရာကိစ္စတွေပဲရှိလာလာ မပျော်နိုင်တော့ပါဘူး။ စိတ်ပူပန်မှုတွေက အားကြီးလာတဲ့အခါ ပျော်ရွှင်စရာရှိလဲ မပျော်နိုင်တော့တာပါ။ ဟော…စိတ်ကလေးကြည်လာလို့ ပျော်နေတုန်းမှာ တစ်ခုခု စိုးရိမ်စရာတွေတွေးပြီး အပျော်တွေက ရပ်တန့်သွားပါတယ်။ တစ်ခုခုကို စိုးရိမ်နေပြီ အတွေးလွန်နေပြီဆိုရင် အပျော်တွေပျက်ရပါတယ်။ ဒါကြောင့်မို့ ပျော်စရာရှိတုန်းမှာ အပြည့်အဝပျော်ထားလိုက်ပါ။ အချိန်ဆိုတာ အစားပြန်မရပါဘူး။




??‍♀️စိတ်ဖိစီးမှုတွေများလာမယ်



အတွေးလွန်တဲ့သူတစ်ယောက်က စိတ်ဖိစီးမှုတွေပဲဖြစ်လာပါတယ်။ ကိုယ့်ရဲ့အတွေးကြောင့်ပဲ ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်စေပါတယ်။ မကောင်းတဲ့အရာတွေတွေးမိလေလေ စိုးရိမ်ပူပန်မှုတွေများလာလေလေ စိတ်ဖိစီးလာလေလေပါပဲ။ စိတ်ဖိစီးမှုတွေရှိလာတဲ့အခါမှာ ကျန်းမာရေးအတွက်ပါ ထိခိုက်လာနိုင်တာမို့ စိတ်ဖိစီးမှုမဖြစ်အောင် တတ်နိုင်သမျှနေထိုင်ရပါမယ်။




??‍♀️ဆုံးဖြတ်ချက်မချနိုင်ခြင်း


အတွေးလွန်တာနဲ့ ဘာကိုမှမဆုံးဖြတ်နိုင်တော့တာပါ။ တွေးရမယ့်အလုပ်ကိုမတွေးပဲ မဆိုင်တဲ့အရာတွေထိ လိုက်တွေးနေတဲ့အခါမှ ဘာမှမလုပ်နိုင်တော့ပါဘူး။ အတွေးလွန်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းလာပြီး အလုပ်တစ်ခုခုလုပ်ရင် သူများဆီက အကြံဉာဏ်တောင်းရတာမျိုးတွေ ဖြစ်လာပါတယ်။အတွေးလွန်ပြီး overthinking ဖြစ်တာက တကယ်မကောင်းတဲ့အရာပါ။





#yeik

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)