Author's Profile Photo

မိုးနှောင်းအလင်္ကာ

1/11/2024

"အမှတ်တရ"

1 min read
Book Review
General Knowledge
18 Again
"အမှတ်တရ"'s photo

မဂ်လာပါဗျ။နိုဝင်ဘာလရဲ့ ပထမဆုံးနေ့ရက်လေးမှာ စာဖတ်သူလေးတို့ အတွက် စာအုပ် Review လေးရေးပေးထားပါတယ်ဗျ။ လူငယ်တွေကြားရေပန်းစား နေတဲ့ စာအုပ်လေးဖြစ်သလို အချစ်ဆိုသည်ကို ရင်နှင့်စရာ တွေနဲ့အတူ ခါချခဲ့တဲ့ လက်တွေရဲ့အကြောင်းပြချက်တွေကို ရေးဖွဲ့ထားတဲ့ စာအုပ်လေးပါ။

"အမှတ်တရ"စာရတဲ့နေ့က ရိုးရှင်းစွာ ချစ်မြတ်နိုးကြောင်းကိုရေးဖွဲ့ထားတဲ့ ဒီစာကလေးကို လက်မှတ်ကြောင့်သာ မောင်ဟု တန်းသိခဲ့ရတဲ့ စုစုထွေး။ ချက်ခြင်းအဖြေပေးလိုက်ချင်သော်လည်း မူနေရတဲ့ အဖြစ်နဲ့ အတူ ပထမဆုံး စချိန်းတွေ့ဖြစ်တဲ့ နေ့ကလည်း ကျောင််းနောက်ဆုံးရက်မို့ ခွဲခွာခဲ့ရတဲ့အဖြစ်။

ဆေးမှတ်စု များအငြင်းပွားမှုကို အလောင်းအစား လုပ်ခဲ့သည်က အနိုင်ရသွားတဲ့ သူကို နင်းပေးကြေး ဖြစ်ကာ ထိုနေ့ညက နင်းပေးလိုက်ရတဲ့ စုစုထွေး။ ထို့ညက မောင့်ဆံပင်တွေကို ဖွတော့ ငရဲကြီးမယ်လို့ ပြောတဲ့မောင်က ကျွန်မထက် တစ်နှစ်ငယ်ပါတယ်လို့ပြန်ပြောလေတော့ "မမ"လို့ခေါ်တတ်ပြန်တဲ့ မောင်ဆိုသော တစ်ဦးတည်းသောသူ။

မောင်ဟာ "ပညာတတ်မိန်းကလေးတွေများ သိပ့်ကြောက်ဖို့ကောင်းတယ်။ ကိုယ့်ယောကျ်ားကို ပြန်ပြီး ပခုံးချင်းယှဥ်ချင်သေးတယ်။ တော်ပြီ ငါယူရင် ပညာမတတ်တဲ့ မိန်းမဘဲယူမှာ၊ ဒါမှ ငါ့ကိုရိုသေမှာ"ဟုပြောလိုက်တုံးက "မောင်ကျွန်မဟာ ဘယ်သူလဲဟင်" လို့ ပြန်မေးချင်ပေမဲ့ မမေးရက်ခဲ့တဲ့ မိချစ်။

မောင်နှင့်နေတဲ့ ရေနီမြောင်း တစ်ဖက်က အချစ်အိမ်ကလေးမှာ အတူတူလည်း အိပ်ဖြစ်သလို စာတွေအတူကျက်ရင်း မောင့်ကို ဂီတာ တီးရင်းသီချင်းဆိုသိပ်ခဲ့တယ်။ မောင့်နဲ့အတူ သမီးရည်းစား ဖြစ်ခဲ့တစ်လျှောက်လုံး အတူတူအိပ်သည်ဆိုရင်တောင် ရိုးသားခဲ့သည့်မောင့်ကိုလေးစားမိခဲ့တဲ့ အမျိုးသား တစ်ယောက်ရဲ့စည်းစောင့်နိုင်မှု။

ထိုနေ့က ကြားခဲ့ရတဲ့ သတင်းက မောင့်ငယ်ချစ်ဦးအကြောင်း။အထက်တန်းကျောင်းသား ဘဝထဲက အသေအလဲ လိုက်ခဲ့တာဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ယိုင်နဲ့သွားတဲ့ မျှော်လင့်ချက်တွေ။ မောင့်ကို မမေးရဲစွာ တိုးတိတ်ခဲ့ပေမဲ့ နာနာကျင်ကျင်ခံစားနေရတဲ့ မိန်းကလေးငယ်လေး။

ရုတ်တရပ် ရွာလာတဲ့ မိုးကြောင့် အအေးဆိုင်ထဲဝင်လိုက်ကာမှ မောင်နှင့် ငယ်ချစ်ဦးဆိုသည့်မိန်းမငယ်လေးနှင့် တိုးသည့်အဖြစ်။ ဟန်ဆောင်ကောင်းစွာ နေနိုင်ခဲ့တဲ့ သူမက အချစ်အိမ်ကလေးတွင်တော့ လဲပြိုခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ မောင်နဲ့သူမရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့တယ်။

သုံးနှစ်အကြာမှာ နောက်ထပ်တခါတွေ့ဆုံမှုကလည်း မောင်နဲ့ အချစ်အိမ်ကလေးဆီထပ်ရောက်လာခဲ့တယ်။ မောင်နဲ့အတူ သုံးနှစ်ကြာတဲ့အထိ အဲ့ဒီအိမ်ကလေးဆီက ဂီတာရယ် ၊ မောင့်ဓာတ်ပုံရယ်၊ ဖဲချပ်အဟောင်းတွေရယ်က အမှတ်တရ အဖြစ်သိမ်းထားခဲ့သည်ကိုမြင်တော့ "ချစ် နင်သိပ်ဟန်ဆောင် ကောင်းတယ်နော်" တဲ့။

စာအုပ်ကလေးရဲ့ နောက်ဆုံးအပိုင်းရောက်လာတိုင်း မောင့်ကိုနာကျဥ်းမိသည်မှ လွဲ၍ စုစုထွေးကိုအသနားပိုမိပါသော်လည်း လက်ကျန်စာရွက်အချို့မှာ မောင်က"မငိုစမ်းပါနဲ့ အချစ်ရယ်။ငါဘာလုပ်ရမလည်း။ သူနဲ့ကွာပြီး နင့်ကိုယူရမလား"တဲ့။ အဲ့ဒီစကားတစ်ခွန်းနဲ့တင် သိပ်မုန်းစရာဇာတ်ကောင်ဖြစ်သွားတဲ့မောင်။

ဆယ်ကျော်သက်လူငယ်တွေအတွက် အချစ်ဆိုတာ စိတ်လှုပ်ရှားစရာ ၊စွန့်စားခန်းတစ်ခုပါဘဲ။ဒါပေမဲ့ အဲ့ဒီစွန့်စားခန်းထဲက ရုံးမထွက်နိုင်ခဲ့တဲ့ စုစုထွေးဆိုတဲ့ အမျိုးသမီးဟာ သိပ် သနားစရာကောင်းသလို၊ ပြတ်သားစွာ ခါချခဲ့တဲ့ လက်တစ်စုံပိုင်ရှင် မောင်ဆိုသည့် အမျိုးသား တွေဟာလည်း သိပ်မုန်းစရာကောင်းစွာ ရေးသားခဲ့ပြီး ရင်နင့်စရာအချစ်ဟာ အမှတ်တရ နဲ့အတူရှိနေခဲ့တဲ့ ဆရာမဂျူးရဲ့ အမှတ်တရ စာအုပ်လေးဟာ သိပ်ကောင်းတဲ့စာအုပ်လေးမို့ ခုဘဲသွားဖတ်လိုက်ပါတော့နော်။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူတစ်ဦး၊တစ်ယောက်ချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။)





Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုးမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်