မောင်နိုင်အေး
Relationship တိုင်းမှာ ပွင့်လင်းမှု လိုအပ်တယ်ဆိုတာမှန်လား ??
အများစုက ကိုယ်မြိုသိပ်ထားရတဲ့ အကြောင်းအရာတွေကို ဖွင့်ထုတ်ပြောလိုက်ရင် သက်သာ သွားကြတာများတယ် အဲ့တာကြောင့်လဲ ရင်ဖွင့်တာကိုလုပ်ကြတာပေါ့
ဒါပေမယ့် အဲ့လို ဖွင့်ထုတ်လိုက်မှ ပိုinsecure ဖြစ်သွားတတ်တဲ့သူတွေလဲရှိတယ်ဆိုတာ သတိချပ်ဖို့လိုတယ်
ကိုယ်ကတော့ သူစိတ်သက်သာရာ ရပါစေဆိုတဲ့ စိတ်နဲ့
ငါနားထောင်ပေးမယ် နင်စိတ်ထဲ ရှိတဲ့အရာတွေကို ငါ့ဆီမှာဖွင့်ထုတ်ပစ်လိုက်ပါ လို့ပြောနေရင်တောင် တစ်ဖက်သူဆီက ဘာမှထုတ်ပြောမလာတာမျိုးတွေကြုံတွေ့ဖူးကြမှာပါ
အဲ့တာဟာ ရင်ဖွင့်ဖို့ခက်ခဲတဲ့ အကြောင်းအရာ ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်သလို၊ အဲ့လူကိုယ်တိုင်က ရင်ဖွင့်တာဟာ အားနည်းချက်ကိုထုတ်ပြခြင်းဖြစ်တယ်လို့ တွေးထားတဲ့သူမျိုးဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်။
အဲ့အခါမျိုးမှာ ကိုယ်ချစ်တဲ့သူရဲ့ ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးချင်တဲ့စိတ် ၊ သူ့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးချင်စိတ်နဲ့ သူမဖြေချင် မပြောချင်တဲ့အရာကို အတင်းဖိအားပေး မေးမိသလို ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုပဲ ရည်ရွယ်ချက်က ကောင်းမွန်နေပါစေ ကိုယ့်အပြုအမူတွေက တစ်ဖက်သားကို ပိုပြီး မွန်းကြပ်သွားစေနိုင်တယ်ဆိုတာကိုလဲ မိမိအနေနဲ့ သဘောပေါက်နားလည်ထားသင့်ပါတယ်။
ကိုယ်ချစ်ခင်ရသူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းရိပ် အပြည့်နဲ့ ပင်ပန်းနေတဲ့ မျက်နှာထားကိုမြင်ရတဲ့အခါ
နင့်မှာ ပြဿနာတစ်ခုခုရှိနေလား ဆိုတာမျိုးကို မမေးဘဲ
မနေနိုင်ကြပါဘူး ။ ပြောပြချင်တဲ့သူအတွက်ဆိုရင်တော့ အဲ့မေးခွန်းက နွေးထွေးပြီး ကိုယ့်ရဲ့ဘဝ ပြဿနာတွေကို ဖွင့်ပြောပြချင်စိတ် ဖြစ်လာစေပေမယ့် မပြောပြချင်တဲ့သူအတွက်ကျ ဖိအားတစ်ခုဖြစ်သွားစေတယ်။
ကိုယ့်ပါတနာရဲ့ စိတ်နေစိတ်ထားကို အတိုင်းအတာ တစ်ခုထိမိမိနားလည်ထားဖို့လိုအပ်ပါတယ်။
အကယ်၍ ဖွင့်မပြောပြချင်သူဆိုပါက ဘာမှမမေးဘဲ သူပြောလာတဲ့အချိန်မှသာ နားထောင်ပေးဖို့အချိန်ပေးနိုင်ဖို့ ကြိုးစားပေးပါ။ကိုယ့်ကိုအရာရာပွင့်ပွင့်လင်းလင်း မပြောပြလို့ အားမလို အားမရ ဖြစ်တယ်ဆိုရင်တောင် ၊ သိချင်စိတ်တအားပြင်းပြပြီး မပြောပြောအောင် ဖိအားပေးတာတွေကိုတော့ တတ်နိုင်သလောက်ရှောင်ပေးပါ။သူ့ဘာသာ ပြောပြလာတာကိုသာစောင့်ပါ။ ရင်ဖွင့်ဖို့ခက်တဲ့ လူတစ်ယောက်က ဖွင့်ပြောပြလာတယ်ဆိုတာက သင့်ကို သူ့ကိုယ်သူလောက်နီးနီး ယုံကြည်ပါတယ်ဆိုတဲ့ သဘောမျိုးဖြစ်တာကြောင့်၊ သူထုတ်ပြောလာတဲ့ ကိစ္စရပ်သည် သင့်အတွက် သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ လျစ်လျူမရှုပဲ နားထောင်ပေးနိုင်ဖို့လိုပါတယ်။ သူ့လျှို့ဝှက်ချက်ကို သင့်လျှို့ဝှက်ချက်လိုသဘောထားပြီး ထိန်းသိမ်းပေးပါ။
အကယ်၍ သူက ဘာတစ်ခုမှ ထုတ်ပြောမလာပေမယ့် ၊ ဝမ်းနည်းနေတဲ့အရိပ်အယောင် ပျောက်သွားတယ် မှိုင်နေတာလဲမရှိတော့ဘူး ပုံမှန်အတိုင်း ပျော်ပျော်ပြန်နေနေတယ်ဆိုရင်တော့ ဒါသူ့ပြဿနာကို သူကိုယ်တိုင်ဖြေရှင်းပြီး အောင်မြင်သွားတာမို့ သင်စိတ်ပူစရာမလိုတော့ပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့တစ်နေ့မှာ အဲ့ပြဿနာတွေ သူဘယ်လို ဖြေရှင်းခဲ့ကြောင်း ပြောပြလာမှာ ဖြစ်ပါတယ်။အဓိကက စိတ်ရှည်မှုလေးထားပေးဖို့ပါ။
Relationship တွေကြားမှာ အချိန်ပြည့် ပွင့်လင်းဖို့က မလိုအပ်ပါဘူး ဒါပေမယ့် နားလည်ပေးမှုကတော့လိုအပ်ပါတယ်
ကိုယ့်ချစ်သူရည်းစားရဲ့ ကိုယ်ကျင့်တရား နဲ့ စိတ်နေစိတ်ထားက ယုံကြည်ရတဲ့သူတစ်ယောက်မှန်းသိသိရက်နဲ့ မိမိရဲ့ အတ္တ၊ သိချင်စိတ် ၊ အရေးပါချင်စိတ်နဲ့ အတင်းကာရော ပွင့်လင်းခိုင်းတာမျိုး မလုပ်သင့်ပါဘူး
ကိုယ့်ကိုပွင့်ပွင့်လင်းလင်း မပြောပြဘူးဆိုတိုင်း ဖောက်ပြန်နေလား ၊ မချစ်တော့တာလား ၊ သံသယတွေ ဝင်ပြီး နင်းကန် ဖိအားသွားပေးနေရင်တော့ ကိုယ်ချစ်တဲ့သူရဲ့ အနာကို ကိုယ်တိုင် ခြေနဲ့နင်းနေသလိုဖြစ်သွားနိုင်ပါတယ်။
( ဒီtopic မှာ လိမ်ညာ ဖောက်ပြန် ဖုံးကွယ် လိုသူတွေအကြောင်းကို ဆိုလိုထားခြင်းမဟုတ်ဘဲ ၊ တစ်စုံတစ်ဦးဦးကို ရင်ဖွင့်ဖို့ ခက်ခဲပြီး trust issue ရှိနေတဲ့ ပါတနာကို လက်တွဲ ထားရသူများကိုသာရည်ရွယ်ပါသည်)
သူတို့ရဲ့ စိတ်နေစိတ်ထားက မပွင့်လင်းတာမှန်ပေမယ့် မရိုးသားတာမျိုးတော့မဟုတ်ပါ။ သင့်ခံစားချက်ကို စဉ်းစားပေးပြီး ဖြစ်စေ၊ သူတို့ရဲ့ ကောင်းမွန်တဲ့ဘက်အခြမ်း ကိုသာဖော်ပြလို၍ဖြစ်စေ ၊ သူတို့ဘဝရဲ့ ပြဿနာတွေကို ထုတ်ပြောမပြတာမျိုးရှိတတ်တာမို့ မိမိအနေနဲ့ ပူလောင်နေမယ့်အစား စိတ်ရှည်သည်းခံမှု ၊ နားလည်ပေးမှု များနဲ့အတူ မိမိပါတနာ နဲ့ healthy ဖြစ်တဲ့ relationship မျိုးတည်ဆောက်သွားနိုင်တဲ့အကြောင်း ဖော်ပြလိုခြင်းဖြစ်ပါသည်။
#relationshipadvice
#healingspace
Keep Reading