Lwin
သုခမြေပုံ-ချမ်းမြေ့ဝင်း
အိမ်မှာနေရင်းနဲ့ ကမ္ဘာပတ်လိုက်ရသလို mood
? ပျော်ရွှင်ခြင်းဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ ဆိုင်တဲ့အရာ လုံးဝမဟုတ်ဘူး။ပျော်ရွှင်ခြင်းဆိုတာ ကိုယ်နဲ့၊ပတ်ဝန်းကျင်နဲ့ အရာအားလုံးနဲ့ အမြဲဆက်နွယ်နေတဲ့ အရာ?
? မပျော်တက်သူတစ်ယောက် ပျော်ရွှင်ခြင်းကို ကမ္ဘာပတ်ပြီးလိုက်ရှာတဲ့အခါ
ပျော်ရွှင်မှု့မြင့်မားပါတယ်ဆိုတဲ့နိုင်ငံတွေမှာ ပျော်ရွှင်မှု အကြောင်းရင်းကိုလိုက်ရှာရင်းနဲ့ မပျော်ရွှင်ဆုံးနိုင်ငံတွေပါရောက်သွားပြီး တွေ့မြင်ရပုံတွေ
နယ်သာလန်၊ဆွစ်ဇာလန်၊ဘူတန်၊ကာတာ၊အိုက်စလန်၊မော်လ်ဒိုဗာ၊ထိုင်း၊ဂရိတ်ဗြိတိန်၊အိန္ဒိယနဲ့ အမေရိကား စတဲ့ နိုင်ငံဆယ်နိုင်ငံကိုပတ်ပြီး ပျော်ရွှင်ခြင်း အကြောင်းကို လေ့လာကြည့်တဲ့အခါမှာ
နိုင်ငံတစ်နိုင်ငံစီရဲ့ ရိုးရာယဥ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ ငွေရေးကြေးရေး၊ ခံယူချက်များပေါ်မူတည်နေတာတွေ့ရပါတယ်။
တိုးတက်ဖွံဖြိုးနေတိုင်းလည်း ပျော်ရွှင်မှုအမြင့်မားဆုံး မဟုတ်ပါဘူး။ဥပမာအားဖြင့် အမေရိကားလိုနိုင်ငံမျိုးတွေဟာဆိုရင် ပျော်ရွှင်မှုက ငွေကြေးတိုးတက်မှုတွေကို လိုက်မမှီသေးပါဘူး။
ဒီထက်ပိုပြီး သိချင်တယ်ဆိုရင်တော့ သုခမြေပုံစာအုပ်လေးကိုဖတ်ဖြစ်အောင်ဖတ်နော်။ သုတစာပေနဲ့ ဘာသာပြန်စာပေဖြစ်တဲ့အတွက် ဗဟုသုတအများကြီးရစေတာကြောင့် အချိန်လေးသေချာပေးဖတ်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်ရှင့်။
#Lwin
Keep Reading