Heathen(တိတ္ထိ)
ချစ်မိတ်ဆွေ တစ်ခါတစ်လေတွေးမိဖူးသလား ကျွန်ုပ်တို့အားမည်သည့်အရာသည်လူသားဖြစ်စေသနည်း။မျက်ရည်များသည်လား မတူထူးခြားဝိသေသလများသည်လား
လူသား၏အဘိဓာန် (သို့) အဓိပ္ပာယ်ဖွင့်ဆိုချက်
နှစ်သန်းပေါင်းထောင်ချီ သောဆင့်ကဲတိုးတက်မှုကြောင့် အခြားသတ္တဝါများနှင့်မတူထူးခြားသောညဏ်ရည်မြင့်မျိုးနွယ်စုတစ်ခုပေါ်ပေါက်လာ၏။ထိုမျိုးနွယ်စုအား လူသား ဟုခေါ်ဝေါ်ကြသည်။အဘယ်ကြောင့်တိရစ္ဆာန်တို့သည် လူသားတို့နှင့် များစွာကွာခြားရသနည်း ဟူသည် ကြီးမြတ်သောညဏ်ရည်ခ၊ခံစားလွယ်သောနှလုံးသားတို့ကြောင့်ပင်ဖြစ်သည်။တိရစ္ဆာန်တစ်ကောင် အရာဝတ္ထု အသစ်အဆန်းတစ်ခုအား လက်တို့ဖြင့်ကိုယ်တိုင်ဖန်တီးလုပ်ယူနေသည်ကိုမြင်ဖူးသည်ထား သင်ကမျောက်တစ်ကောင် လှေဆောက်နေသည်ကိုရောမြင်တွေ့ဖူးသလော။လူသားတို့၏ ဆင်ခြင်တုံတရား၊စေတနာ၊ကြင်နာမှု၊ဝမ်းနည်းပူဆွေးမှု၊အညှိုးအာဃာသတရားတို့သည် တိရစ္ဆာန်တို့တွင်အလွယ်တကူမတွေ့မြင်နိုင်။ကျားသစ်တို့သည် သားသမင်အားနောင်တမရှိသတ်ဖြတ်ဝံ့သော် ငှားကျွန်ုပ်တို့လူသားများ ခံစားမှုမဲ့စွာ မစွမ်းသာပေ။ဆင်ခြင်တုံတရားမရှိပါကကျွန်ုပ်တို့သည်ထိုတိရစ္ဆာန်တို့နှင့်ခြားနားမည်မဟုတ်။
တိရစ္ဆာန်တု့ိသည်ယင်းတို့၏လောက(Animal Kingdom)တွင် ကြီးနိုင်ငယ်ညှင်း ပြုမူကြ၏။မတူသောတိရစ္ဆာန်အားသတ်ဖြတ်အနိုင်ယူကြ၏။မျိုးစိတ်တစ်ခုနှင့်တစ်ခုနိုင်ထက်စီးနှင်းပြုမူကြကုန်သည်။
လူ့လောကကိုတစ်ဖန်ကြည့်လော့
မတူညီသောလူမျိုးစု များသည်မတူညီသောလူမျိုးစုများနှင့်သင့်မြတ်စွာဆက်ဆံကြသည်။အားနည်းသူအားဖေးမကူညီကြသည်။ထို့အပြင် မျိုးနွယ်မတူသောတိရစ္ဆာန်များအားလည်းသနားညှာတာဆက်ဆံကြကုန်၏။
အထက်ပါပြဆိုသောအချက်များနှင့်မညီသူ ကိုယ်ချင်းစာစိတ်ခေါင်းပါးသူအားလူ့တိရစ္ဆာန်ဟုခေါ်သည်။
အဘယ်ကြောင့်ဆိုသော်ထိုလူသည် ကျွန်ုပ်တို့အားလူသားဖြစ်စေသောအချက်များနှင့်မကိုက်သောကြောင့်ဖြစ်သည်။ထိုသူသည် လူရေခြုံထားသောတိရစ္ဆာန်ပင်ဖြစ်သည်။
Keep Reading