Moe Min Aung
ကမ္ဘာ့သမိုင်းတစ်လျှောက် သက်တမ်း အတိုဆုံးနဲ့ အရှည်ဆုံးအင်ပါယာကိုသိလား?
မွန်ဂိုအင်ပါယာအကြောင်း ဘယ်လောက်သိလဲ?
ဗြီတိလျှတွေရဲ့ နေမဝင်အင်ပါယာအကြောင်းကို သိလား?
စက်မူတော်လှန်ရေးနဲ့ ဗြီတိလျှအင်ပါယာရဲ့ ဆက်နွယ်ပုံကိုသိလား?
ဆိုတော့ မွန်ဂိုအင်ပါယာနဲ့ နေမဝင်အင်ပါယာပြီးရင် ရုရှားအင်ပါယာကြီးဟာ တတိယမြောက် အကြီးမားဆုံးပဲ။ လွန်ခဲ့တဲ့ ၁၄၀၀ခုနှစ်နှောင်းပိုင်းမှာ မဟာအိုင်ဗန်
(Ivan the Great)လို့ခေါ်တဲ့ ရုရှားနိုင်ငံရဲ့ အုပ်စိုးရှင်တစ်ဦးဟာ သူ့နိုင်ငံကို ပိုပြီးကြီးမားလာစေဖို့အတွက် အခြားမြေယာတွေကို စတင်ချဲ့ထွင်ခဲ့တယ်။ အဲ့ဒီလိုနဲ့ ၁၅၄၇ခုနှစ်မှာ မဟာအိုင်ဗန် ( Ivan the Terrible) ဟာ ရုရှားနိုင်ငံရဲ့ ပထမဦးဆုံး ဘုရင်မင်းမြတ်ဖြစ်လာတယ်။ မဟာအိုင်ဗန် နန်းတတ်လာပြီးတော့ ရုရှားနိုင်ငံဟာ ပြသနာခေတ်လို့ဆိုရလောက်အောင် ပရမ်းပတာကာလကို ရင်ဆိုင်ခဲ့ရတယ်။ စစ်ပွဲတွေ၊ နိုင်ငံရေးမတည်မငြိမ်မူတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အငတ်ဘေးတွေလည်းစိုက်ခဲ့ရတယ်။ ဒါပေမဲ့ ၁၆၁၃ခုနှစ်မှာ ( Romanov) မိသားစုဟာ အာဏာရလာတယ်။ တိုင်းပြည်ဟာလည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး တိုးတတ်ဖွံ့ဖြိုးလာခဲ့တယ်။ တိုင်းသူပြည်သားတွေရဲ့ မှေးမိန်နေတဲ့ မျော်လင့်ချက်တွေလည်း ပြန်လည်အသက်ဝင်ခဲ့ကြရတယ်။ ၁၇ရာစုနှောင်းပိုင်းအရောက်မှာ မဟာပေတရု (Peter the Great)ဟာ အသက်ငယ်ငယ်နဲ့ ထီးနန်းတတ်ခဲ့ပြီး သူ့မှာ အလွန်ကြီးမားတဲ့ စိတ်ကူးအတွေးအခေါ်၊ အလွန်ကောင်းမွန်တဲ့ ရည်ရွက်ချက်အကြံအညဏ်တွေများစွာရှိခဲ့တယ်။ တစ်နေ့မှာတော့ ပေတရုဘုရင်ဟာ သင်္ဘောတည်ဆောက်မူနဲ့ ခေတ်မီစစ်ပွဲတွေအကြောင်းကို လေ့လာဖို့ အနောက်ဥရောပဖက်တွေဆီကို သွားရောက်ခဲ့တယ်။ သူပြန်ရောက်လာတော့ အလွန်အင်မတန် ခိုင်ခံ့တဲ့ ရေတပ်ကြီးကိုတည်ဆောက်တယ်။ နောက်တော့ သူ့ရဲ့မဟာစစ်တပ်ကြီးကို ဖွဲ့စည်းတည်ထောင်လိုက်တယ်။ ရုရှားနိုင်ငံကြီးရဲ့ မြို့တော်အသစ်အဖြစ် စိန့်ပီတာစဘက်မြို့ကိုလည်း ခမ်းနားထည်ဝါစွာ တည်ဆောက်ခဲ့တယ်။ ၁၇၀၀ပြည့်နှစ်နောက်ပိုင်းမှာ မဟာပေတရုဟာ အခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ ပိုပြီးလွယ်ကူဖို့အတွက် ဘောလ်တစ်ပင်လယ်ကို ဝင်ရောက်ထိန်းချုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဘော်လ်တစ်ပင်လယ်ကို ဆွီဒင်အင်ပါယာရဲ့ ဘုရင် ( Charles XI) ဟာ ထိန်းချုပ်ထားခဲ့တယ်။ ဒါနဲ့ ပေတရုဘုရင်လည်း နော်ဝေ၊ ပိုလန်၊ ဒိန်းမတ်၊ လစ်သူနီးယားနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ဆွီဒင်အင်ပါယာကို စစ်ကြေညာခဲ့တယ်။ ဒီစစ်ပွဲကို မြောက်ပိုင်းမဟာစစ်ပွဲကြီး (Great Northern War)လို့ခေါ်တယ်။ မဟာပေတရုဟာ ဆွီဒင်အင်ပါယာကို အနိုင်ယူခဲ့ပြီး ၁၇၂၁ခုနှစ်မှာ .Nystad.စာချုပ်ကို ချုပ်ဆိုခဲ့တယ်။ ဘောလ်ပင်လယ်ကမ်းရိုးတန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ မြောက်ပိုင်းစစ်ပွဲကြီးအပြီး ၁၇၂၁ခုနှစ် နိုဝင်ဘာလမှာ မဟာပေတရုဟာ ရုရှားအင်ပါယာရဲ့ ကြီးမြတ်တဲ့ ဧကရာဇ်တစ်ပါးအဖြစ် သူ့ကိုယ်သူ ကြေညာခဲ့တယ်။ ရုရှားအင်ပါယာဟာ ၁၆ရာစုနှောင်းပိုင်းမှာ ဆိုက်ဘေးရီးယား၊ ၁၇ရာစုအလယ်ပိုင်းမှာ (Ural) တောင်တန်းတွေကနေ ပစိဖိတ်သမုဒ္ဒရာဖက်တွေအထိ ကျယ်ပြန့်ခဲ့တယ်။ ၁၉ရာစုတစ်လျှောက်မှာ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့ကို ပေါင်းစည်းပြီး သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ ဂျော်ဂျီယာ၊ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အပါအဝင် ကော့ကေးဆပ်ဒေသတွေကို သိမ်းပိုက်ခဲ့တယ်။ ပိုလန်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ကိုလည်းသိမ်းပိုက်ခဲ့တယ်။ မန်ချုးရီးယား၊ (Sakhalin) ကျွန်း၊ ပြီးတော့ ပင်လယ်နက်ဒေသတွေဖြစ်ကြတဲ့ ခရိုင်းမီးယား၊ ယူကရိန်းတို့ကို သိမ်းပိုက်ခဲ့ပြန်တယ်။ ဒါတောင် အမေရိကန်ကို ၁၈၆၇မှာ ရောင်းလိုက်တဲ့ (Alaska) နယ်မြေတွေမပါသေးဘူး။ အဲ့ဒီလိုနဲ့ ရုရှားအင်ပါယာကြီးဟာ ၂၂,၈၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၈,၈၀၀,၀၀၀ စတုရန်းမိုင်) ယူရေးရှားမြောက်ပိုင်းအများစုတွေအထိ နှစ်ပေါင်း၂၀၀အတွင်း အုပ်ချုပ်လွှမ်းမိုးနိုင်ခဲ့တယ်။ ဒါဟာ ကမ္ဘာရဲ့၆ပုံတစ်ပုံပါပဲ။ ဒါပေမဲ့ ၁၉၁၇ခုနှစ် ဒီဇင်ဘာလ ရုရှားတော်လှန်ရေးကြီးအပြီးမှာ ပြိုလဲအဆုံးသတ်ခဲ့ရတယ်။
ဟိုးရှေးရှေးတုန်းက ဥရောပတိုက်ရဲ့တစ်နေရာ (ဂေါလ်) လို့ခေါ်တဲ့ ဧရိယာတစ်ခုမှာ (ဆဲလ်တစ်) လို့ခေါ်တဲ့ လူသားမျိုးနွယ်စုတစ်စု နေထိုင်ခဲ့ကြတယ်။ ဘီစီ၅၈အရောက်မှာ ရောမအင်ပါယာကြီးရဲ့ ကြီးမြတ်တဲ့ ဧကရာဇ်ဖြစ်တဲ့ ဂျူလီယက်ဆီဇာဟာ (ဂေါ်လ်) ကို သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီလိုနဲ့ (ဆဲလ်တစ်)တွေ နေထိုင်ကြတဲ့ (ဂေါ်လ်) နယ်မြေဟာ ရောမအင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ ရောမအင်ပါယာ ပြိုလဲသွားပြီးတော့ "Carolingian" အင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ (Charlemagne)ဟာ အေဒီ မှာ၇၆၈ (ဂေါ်လ်)ကို သိမ်းပိုက်ခဲ့ပြန်တယ်။ "Charlemagne"ရဲ့လက်အောက်မှာ (ဆဲလ်တစ်) လူမျိုးတွေဟာ အလွန်စည်းလုံးခဲ့တယ်။ ၈ရာစုနဲ့ ၉ရာစုကြားမှာ Charlemagne ဘုရင်ဟာ အခြားနိုင်ငံတွေကို သိမ်းပိုက်ခဲ့ပြီး နယ်မြေအများစုကို ချဲ့ထွင်ခဲ့တယ်။ သူ့ရဲ့အင်ပါယာလည်း အဆမတန် ကြီးထွားလာခဲ့တယ်။ ဒါပေမဲ့ အေဒီ ၈၁၄မှာ Charlemagne ဟာ သေဆုံးခဲ့ရပြီး သူ့ရဲ့ အင်ပါယာလည်း နှစ်ခြမ်းကွဲသွားကာ အနောက်ဖက်ခြမ်းဟာ အနောက်ဖရန်စီယာဖြစ်လာခဲ့တယ်။ အေဒီ ၉၈၇အရောက်မှာ (Capetian) မင်းဆက်ဖြစ်တဲ့ "Hugh Capet"ဟာ ပထမဆုံး ပြင်သစ်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်လာတယ်။ သူ့ရဲ့ အုပ်စိုးမူဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ရာစုနှစ်များစွာ ချုပ်ကိုင်ခဲ့ကာ ခေတ်သစ်ပြင်သစ်ကို ပုံဖော်ခဲ့တယ်။ ၁၃၃၇ခုနှစ်မှာ ခေတ်သစ်ပြင်သစ်နိုင်ငံဟာ အင်္ဂလန်နိုင်ငံနဲ့ စစ်အကြီးအကျယ်ဖြစ်ခဲ့ပြီး ၁၄၅၃ခုနှစ်မှာ ပြီးဆုံးခဲ့တယ်။ ဒါကို နှစ်တစ်ရာစစ်ပွဲကြီးလို့ လူသိများခဲ့ပြီးတော့ ပြင်သစ်နိုင်ငံတော်ရဲ့ အမျိုးသားရေးလက္ခဏာဟာလည်း ပိုပြီး ခိုင်မာလာခဲ့တယ်။
လွန်ခဲ့တဲ့ ၁၆၄၃ခုနှစ်မှာ ပြင်သစ်နိုင်ငံရဲ့ ၁၄ယောက်မြောက် ဘုရင်အဖြစ် လူဝီ၁၄ဟာ နန်တတ်လာခဲ့တယ်။ သူဟာ အလွန်အင်မတန် အသုံးအစွဲကြီးတဲ့ ဘုရင်လို့ လူသိများတယ်။ နိုင်ငံရဲ့ ပိုက်ဆံတွေကို စစ်တိုက်တဲ့နေရာ၊ နန်းတော်အရွှေ့အပြောင်းလုပ်တဲ့ နေရာတွေမှာ သုံးစွဲခဲ့တယ်။ သူနေထိုင်ရာ နန်းတော်ရှိတဲ့ ပါရီမြို့ကနေ ၁၂မိုင်အကွာမှာရှိတဲ့ ဗာဆိုင်းမြို့တော်ကို ပြောင်းရွှေ့ခဲ့တယ်။ ၁၇၁၅ခုနှစ်မှာ ဘုရင်လူဝီ ၁၄ဟာ နတ်ရွာဆံခဲ့ရတယ်။ သူဟာ ပြင်သစ်ပြည်ကို ၇၂နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့တယ်။ ဒါဟာ ဥရောပသမိုင်းမှာ နန်းသက်အရှည်အကြာဆုံးနဲ့ သြဇာအာဏာအကြီးအမားဆုံးပါပဲ။ သူသေပြီးတော့ သူ့ရဲ့မြေးဖြစ်တဲ့ ၅နှစ်သား လူဝီ၁၅ဟာ ၁၇၁၅မှာ ဘုရင်ဖြစ်လာခဲ့တယ်။ သူဟာ အသက်ငယ်လွန်းတော့ နိုင်ငံရဲ့တာဝန်တွေကို သူ့ရဲ့ တော်ဝင်မိသားစုကပဲ ယူခဲ့ရတယ်။ အရွယ်ရောက်လာတဲ့ အချိန်မှာလည်း အကျင့်ပျတ်ချစားမူတွေနဲ့သာ အချိန်ကုန်ခဲ့ပြီး နိုင်ငံရဲ့ တာဝန်တွေကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်ခဲ့ပြန်ဘူး။ ဒါကြောင့် ဘုရင်လူဝီ၁၅ဟာ နာမည်ပျတ်ခဲ့ရတယ်။ အဲ့ဒီလိုနဲ့ ၁၇၇၄ခုနှစ်မှာ ဘုရင်လူဝီ၁၅သေဆုံးသွားခဲ့ပြီးတော့ သူ့ရဲ့မြေးဖြစ်သူ လူဝီ၁၆ဟာ ဘုရင်ဖြစ်လာခဲ့ပြန်တယ်။ သူဘုရင်ဖြစ်လာတဲ့အချိန်မှာ သူ့အသက်ဟာ ၂၀ပဲ ရှိသေးတယ်။
Keep Reading