Author's Profile Photo

M Min Nyo

28/10/2024

Colour Theory

1 min read
General Knowledge
Colour Theory's photo

ဒီနေ့ ရခဲ့တဲ့ ပညာလေးပါ။ အဲ့ဒါက အရောင်တွေတွဲစပ်နိုင်ခြင်းရဲ့ စွမ်းအားပါပဲ။

သာမန်ဆိုရင် အရေးမကြီးဘူးထင်ရပေမယ့်၊ တကယ့်လက်တွေ့မှာတော့ First impression ရဖို့က၊ အရောင်တွေအသုံးပြုရာမှာ အရေးကြီးပါတယ်။

Social Media ပေါ်က အောင်မြင်နေကြတဲ့ Agency တွေ၊ Brand တွေကို ကြည့်လိုက်ပါ။ သူတို့သတ်မှတ်တဲ့အရောင်အတိုင်း တစ်သားတည်းသွားနေတာကို တွေ့ရပါလိမ့်မယ်။ (ဥပမာ- KFC ဆိုရင် လိမ္မော်ရောင်နဲ့ တွဲမြင်တယ်)။ တခြား Viral ဖြစ်တဲ့ Post တွေကြည့်ရင်လည်း အဲ့ဒီနည်းအတိုင်းပါပဲ။

ဒါကြောင့် အရောင်တွေပေါင်းစပ်ခြင်းက အရေးကြီးပါတယ်။ ဥပမာ- Facebook Post မှာဆိုရင်လည်း၊ ကိုယ်ဖော်ပြတဲ့အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ Photo တွဲတင်တဲ့အခါ၊ အဲ့ဒီ Photo ဟာ၊ ကိုယ့်ရဲ့ Logo နဲ့ Colour Code တူနေရပါမယ်။ ဒါမှသာ ကြည့်ရှုသူကို ပိုပြီးဆွဲဆောင်ထားနိုင်မှာဖြစ်တယ်။

အရင်ကတော့ အဆင်ပြေသလို အသုံးပြုခဲ့ပေမယ့်၊ အခုတော့ အရောင်တွေကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။
နောက်ပြီး၊ ကိုယ့်ရဲ့ Career တစ်ခုရွေးပြီးပြီဆိုရင်လည်း၊ အဲ့ဒီ Career နဲ့ဆိုင်တဲ့၊ ကိုယ်ပိုင် Logo တစ်ခု ရှိနေသင့်ပါတယ်။

အကောင်းဆုံးအသုံးပြုသင့်တဲ့ အရောင်အတွဲအစပ်က သုံးရောင်လို့ ဆိုပါတယ်။ အဲ့ဒီသုံးရောင်ကို အချိုးအနေနဲ့ 60/30/10 ထည့်သွင်းအသုံးပြုခြင်းက အကောင်းဆုံးလို့ သိခဲ့ရပါတယ်။ အရောင်အသုံးပြုမှုက သုံးမျိုးထက်ပိုနေရင်လည်း ရှုပ်ထွေးသွားတတ်ပါတယ်။

ကိုယ်နှစ်သက်တဲ့အရောင်တွေကို တွဲစပ်အသုံးပြုနိုင်ကြပါစေ။

#MMinNyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း