Ardra
ဒီနေ့ မှတ်သားစရာလေးရှိတာနဲ့ ခဲတံကို ထုတ်လိုက်တော့ ခဲတံကျိုးနေတာကို သိလိုက်ရတယ်။ ဘာရယ် မဟုတ်ဘဲ အဲ့ခဲတံအကျိုးလေးကို ကြည့်မိတော့ ငယ်ငယ်က ခဲတံကျိုးတိုင်း အမေက ခဲချွန်ဓားနဲ့ ခဲတံလေးကို သပ်သပ်ရပ်ရပ် ချွန်ပေးခဲ့တာတွေ သတိရမိတယ်။
အမေပြောခဲ့သလိုပဲ ခဲတံကို အရမ်းစူးပြီးချွန်နေအောင် မလုပ်ရဘူးတဲ့ ကျိုးလွယ်တယ်တဲ့။ တုံးတိကြီးလည်း မဖြစ်နေရဘူးတဲ့၊ အလယ်အလတ်လောက်ပဲ တအားစူးပြီး ချွန်နေတာလည်း မဟုတ်ဘဲ၊ တအားတုံးတိကြီး ဖြစ်နေတာက အကောင်းဆုံးပဲတဲ့။
"အမေ " အခုတော့လေ သမီး ခဲတံလို လူတွေနဲ့ တွေ့နေရပြီ။ အမေပြောတဲ့ အရမ်းစူးပြီး ချွန်နေတဲ့ ခဲတံကလေ သမီး တွေ့နေရတဲ့ *ငါသာလျှင် အသိဆုံး၊ ငါသာလျှင် အတတ်ဆုံး* ဆိုတဲ့ ငါဆိုတဲ့ စိတ်စွဲနေတဲ့လူတွေနဲ့ တူနေတယ်။ ခဏလေးနဲ့ ဘာမှမဟုတ်ဘဲ ကျိုးလွယ်၊ ပြတ်လွယ်တဲ့ ဆက်ဆံရေးလေ။
အရမ်း တုံးတိဖြစ်နေတဲ့ ခဲတံလိုလူစားမျိုးတွေကတော့ လူမှုရေး နားမလည်နေတဲ့လူတွေပဲ။။ ဘာလို့ဆိုရင် သူတို့ဖြစ်ချင်တာကိုပဲ သိနားလည်နေကြပြီး တခြား လူရဲ့ခံစားချက်ကို ထည့်မတွက်ဘူး။ ပြောရရင် အတ္တကြီးပြီး တစ်ကိုယ်ကောင်း ဆန်တဲ့လူစားမျိုးလိုပဲ။။ တစ်ခြားသူရဲ့ ဒုက္ခကိုကျ သူတို့မမြင်နိုင်ဘဲ သူတို့ရဲ့ ဒုက္ခသာလျှင် ဖြေရှင်းလို့မရနိုင်တဲ့ပုံလိုမျိုးတွေ လုပ်ကြတယ်။ တစ်ခြားသူရှေ့မှာတော့ သူတို့က အရမ်းစာနာထောက်ထားတတ်တဲ့ ပုံမျိုးတွေနဲ့ပေါ့။ ဒီလို လူမျိုးတွေက မျက်နှာနှစ်ဖက်နဲ့လူတွေလိုပဲနော်။ သမီးလည်း အခုဆို ခဲတံရဲ့ ဘယ်အမျိုးအစားနဲ့ တူတဲ့လူဖြစ်နေမလည်း မသိဘူး၊ အမေ၊ အမေသာအနားမှာ ရှိနေရင်လေ သမီးကို လမ်းညွှန်ပေးနိုင်မှာ။ အမေရဲ့ ဆုံးမစကားတွေ၊ အမေ့ရဲ့ လမ်းညွှန်ပြသမှုတွေနဲ့ အမေရဲ့ မေတ္တာရင်ခွင်ထဲကို သမီး ပြန်ရောက်နိုင်ဖို့ရာ ကြိုးစားနေပါတယ်။ ။
Keep Reading