Author's Profile Photo

Honey cho

27/10/2024

syphilis ရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ

1 min read
Health
General Knowledge
Medical
syphilis ရောဂါအကြောင်းသိကောင်းစရာအဖြာဖြာ's photo

?ဆစ်ဖလစ်ရောဂါ?
(Syphilis)
-----------------------
➡️ဆစ်ဖလစ်ရောဂါဟာ လိင်ဆက်ဆံရာက တဆင့်ကူးစက်သော ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့ ပထမဆုံးလက္ခဏာ အနေနဲ့ လိင်အင်္ဂါတွေနဲ့ ပါးစပ်မှာ Chancre လို့ခေါ်တဲ့ နာကျင်မှု မရှိတဲ့ အနာတွေ ပေါက်လာတတ်ပါတယ်။
➡️ဆစ်ဖလစ်ရောဂါဟာ လက္ခဏာမပြပဲ အချိန်အကြာကြီး ကိုယ်တွင်းမှာ နေနိုင်တဲံ အတွက် တခါတရံမှာ သိရှိဖို့ခက်ပါတယ်။ စောစောသိပြီး စောစောကုတာ ဟာ ရောဂါပျောက်ကင်းစေနိုင်တဲ့ အပြင် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။
➡️ဆစ်ဖလစ်ရောဂါဟာ ရောဂါကြောင့်ဖြစ်တဲ့ အနာနဲ့ တိုက်ရိုက်ထိတွေ့မှာ ကူးစက်ပါတယ်။ အိမ်သာ တူတူသုံးရုံ အဝတ်အစားနဲ့ တခြားအသုံးအဆောင်တွေကို ဝေမျှသုံးစွဲရုံနဲ့ မကူးပါဘူး။
▶️ဆစ်ဖလစ်ရောဂါရဲ့ အဆင့်တွေအနေနဲ့
⭕️ပထမအဆင့်(primary syphilis)
⭕️ဒုတိယအဆင့် (secondary syphilis)
⭕️ငြိမ်သက်နေတဲ့ အဆင့်(latent syphilis)
⭕️တတိယအဆင့် ဆိုြ့ပီးရှိပါတယ်။(tertiary syphilis)
ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေမှာ ရောဂါဟာ အခြားသူကို ကူးစက်ဖို့ပိုလွယ်ပါတယ်။
?ပထမအဆင့် ဟာ ရောဂါကူးစက်ပြီး သုံးပတ်က လေးပတ် အကြာမှာ တွေ့နိုင်ပါတယ်။ သေးငယ် လုံးဝန်းပြီး မနာမကျင်တဲ့ အနာတွေကို စတွေ့ရပါတယ်။ အနာတွေ့တဲ့ နေရာဟာ ရောဂါပိုးဝင်တဲ့ နေရာ ဖြစ်ပါတယ်။ လိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေ မှာ တွေ့ရနိုင်ပါတယ်။ အနာတွေဟာ နှစ်ပတ်ကနေ ခြောက်ပတ်အထိ ကိုယ်ခန္ဓာပေါ်မှာ တွေ့ရနိုင်ပါတယ်။ ဒီအနာတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကနေ ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်မှုဟာ ပါးစပ်နဲ့ ဆက်ဆံတာအပါအဝင် လိင်ဆက်ဆံမှုကနေ ကူးပါတယ်။
?ဒုတိယအဆင့်မှာ အရေပြားမှာ အနီကွက်တွေနဲ့ အနာတွေ ပေါက်လာနိုင်ပါတယ်။ ခြေဖဝါး လက်ဖဝါးတွေမှာ အဓိကတွေ့ရပြီး ယားယံလေ့မရှိပါဘူ

"World Brain Day"မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာDoorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့

Unlock to read this premium article with 10 points.