Author's Profile Photo

SarPhat Author

25/03/2024

မိုးအေးရင် ဆီးခဏခဏ ဘာလို့သွားလဲ

1 min read
Health
Education
General Knowledge
မိုးအေးရင် ဆီးခဏခဏ ဘာလို့သွားလဲ's photo


ငယ်ငယ်တုန်းက ရာသီဥတုအေးလို့ ခဏခဏ အပေါ့သွားရရင် ရေဘုံဘိုင်ပျက်နေပြီလို့ အချင်းချင်းစနောက်ကြဖူးတယ်။ ဒါပေမယ့် အဲ့တာဘာလို့ဖြစ်တာလဲဆိုတာတော့ သေချာမသိခဲ့ဘူး။ အဲ့တုန်းက လူကြီးတွေသွားမေးလဲ အဖြေရဖို့ထက် အငေါက်ခံရဖို့က ပိုဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတော့ ဘာလေးသိချင်သိချင် ဂူဂဲလ်ခေါက်ပြီး သက်ဆိုင်ရာ ဝက်ဆိုက်တွေမှာ ရှာရကောင်းမှန်းသိလာခဲ့ပြီ။ နောက်တော့ AI နည်းပညာနဲ့ Chat GPT ပေါ့လေ။ အခု ဘာလို့ မိုးအေးရင် ဆီးခဏခဏသွားရသလဲလို့ မေးကြည့်တဲ့အခါမှာတော့ AIက ဒီလိုပြန်ဖြေပါတယ်။


ရာသီဥတုအေးတဲ့အခါမှာ ကျနော်တို့ရဲ့ သွေးကြောတွေက သူ့သဘာဝအရ ကျုံ့လာပါတယ်။ ဒီလိုကျုံ့လာတဲ့အခါ ခန္ဓာကိုယ်က အဓိကကိုယ်တွင်းအင်္ဂါတွေရဲ့ အပူချိန်ကိုထိန်းထားနိုင်ဖို့ သွေးကို ဦးစားပေးနေရာသတ်မှတ်ပြီး ပုံမှန်ထက်ပိုမိုပြီး ပို့လွှတ်ပါတယ်။ ဒီနေရာမှာ ကိုယ်တွင်း ပို့လွှတ်မဲ့သွေးတွေကို ကျောက်ကပ်ကသူ့ဆီမှာ လှည့်ပတ်စေပြီး ရေစစ်ပမာ စစ်ထုတ်ပါတယ်။ ဒီလိုစစ်ထုတ်ပြီး ရလာတဲ့အညစ်အကြေးတွေကို ဆီးအဖြစ်စွန့်ပစ်ပါတယ်။ ပုံမှန်နေ့တစ်နေ့မှာ ကျောက်ကပ်က ဆီး တစ်လီတာကနေ နှစ်လီတာလောက် စွန့်ပစ်ပါတယ်။ အေးတဲ့ ရာသီမှာတော့ သွေးလှည့်ပတ်မှု ပိုမိုများပြားလာတာကြောင့် ကျောက်ကပ်ကလည်း ဆီးစွန့်ထုတ်မှု ပိုမိုများပြားလာတာပေါ့။


ဒီဖြစ်စဉ်ဟာ သဘာဝအရ ပုံမှန်ပါပဲ။ ဆီးသွားတဲ့ ပမာဏများလာတာဟာ ကိုယ်ခန္ဓာအပူချိန်ကျဆင်းနေတယ်၊ တနည်း ရာသီဥတု အေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီတော့ နွေးနွေးထွေးထွေးနေပေးဖို့ လိုအပ်လာတာပေါ့။ ဒီလိုဖြစ်နေတဲ့အချိန်မှာ တစ်ခုသတိထားရမှာက ဆီးခဏခဏသွားရတာ ရှက်လို့၊ မသွားချင်လို့ဆိုပြီး ရေမသောက်ဘဲ မနေသင့်ပါဘူး။ ဒီလိုဆို ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ရာသီဥတုအေးရင် ဆီးခဏခဏသွားတာဟာ ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ရေကိုပုံမှန်သောက်၊ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေးဖြစ်အောင် နေထိုင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

(Source.accuweather.com)

Keep Reading

အထိုင်များသူများအတွက် Posture များနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားစိတ်အပန်းပြေစေမယ့် စာအုပ်ကောင်းလေးများDoorway Effectသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။