Author's Profile Photo

Clover

25/10/2024

ဇီဇဝါပန်းလေးတွေ အကြောင်း

1 min read
General Knowledge
18 Again
ဇီဇဝါပန်းလေးတွေ အကြောင်း's photo

ဇီဇဝါ

ဇီဇဝါပန်းလေးတွေကတော့ အရမ်းမွှေးပြီး လှပတဲ့ပန်းပွင့်လေးဖြစ်ပါတယ်။အပွင့်က အဖြူရောင်ဖြစ်ပြီး နွမ်းသွားရင်တော့ အဝါရောင်ဖြစ်သွားပါတယ်။ဇီဇဝါပန်းလေးတွေက နွမ်းသွားသည့်တိုင် မွှေးနေဆဲပါပဲရှင်

ဇီဇဝါပန်းလေးကို cape jasmine(သို့)Gardeniaလို့ခေါ်ပါတယ်။ရုက္ခဗေဒအမည်ကတော့ Gardenia jasmine လို့ခေါ်ပါတယ်။

ဇီဇဝါပန်းလေးတွေရဲ့ မူလဇာတိကတော့ တရုတ်နဲ့ ဂျပန်ပဲဖြစ်ပါတယ်။အခုဆိုရင် ဇီဇဝါပန်းမျိုးစိတ်ပေါင်း ၂၀၀ကျော်ခန့်ထိရှိနေပါတယ်။

ဇီဇဝါပန်းလေးတွေက မေလကနေ ဩဂုတ်လအထိပန်းတွေဝေဝေဆာဆာပွင့်ကြပါတယ်။

ဇီဇဝါပန်းလေးတွေက ဘုရားကိုလည်းကပ်လှူ‌လို့ရသလို ပန်းရဲ့ ရနံ့နဲ့ အဆီအနှစ်ဟာ ကျွန်မတို့လူသားတွေအတွက် အထောက်အကူပြုနေပါသေးတယ်။

ဇီဇဝါပန်းရနံ့ဟာ စိတ်ကို လုံခြုံစိတ်ချနွေထွေးမှု ရှိသည်ဟု အယူရှိကြပါတယ်။

ဇီဇဝါပန်းလေးရဲ့ အဓိပ္ပာယ်ကဝောာ့ "တိတ်တခိုးအချစ်"၊"မိန်းကလေးတစ်ယောက်ရဲ့ လျှို့ဝှက်အချစ်"၊မင်းကိုတော့ တိတ်တခိုးလေး ချစ်မိနေပြီ" စတာတွေပဲဖြစ်ပါတယ်။??

ဒါ့အပြင်ရနံ့က စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဓိတ်ကျတာကို သက်သာစေပါတယ်။

ဇီဇဝါပန်းလေးတွေရဲ့ အဆီအနှစ်ဟာ ကျွန်မတို့လူသားတွေကို ကျန်းမာရေးအထောက်အကူအနေနဲ့

?ရောင်ရမ်းမှုကိုကျစေပါတယ်။

?နာကျင်မှုကိုသက်သာစေပြီး အရိုးအကြော၊ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။

?အသက်ရှူလမ်းကြောင်းကို သက်တောင့်သက်သာဖြစ်စေပါတယ်။

?ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။

?အသားအရေကိုလှပစေပါတယ်။

ဒီလိုမျိုးဇီဇဝါပန်းလေးတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပေမဲ့ ရောဂါအခံရှိတဲ့သူတွေအနေနဲ့ လက်လွတ်စပယ်မသုံးသင့်ပါဘူး။အဆီအနှစ်ဟာလည်း သန့်စင်ထားဝာာမဟုတ်ရင်လည်း ရောဂါပိုးဝင်နိုင်ပါတယ်။

ဒီလိုမျိုး လှပပြီး မွှေးပျံတဲ့ ရနံ့ရှိတဲ့ ဇီဇဝါပန်းပင်လေးတွေကို အိမ်မှာ အလှစိုက်ထားရင် ဘုရားကိုလည်းကပ်လှူလို့ရသလို ကိုယ်တိုင်အတွက်လည်းအကျိုးရှိစေတဲ့ အပင်လေးပဲဖြစ်ပါတယ်ရှင်

✨စာဖတ်သူတို့အားလေးစားလျက်?Clover?✨

#Sarphet
#Clover

Keep Reading

ပျော်စရာနေ့မိတ်ဆွေမှရန်သူဖြစ်သွားခြင်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the ParlourEden (2025) ရုပ်ရှင်တကယ်ကောင်းတယ်