Moe Min Aung
ဆယ်စုနှစ်၊ ရာစုနှစ်၊ ထောင်စုနှစ်ဆိုတာဘာလဲ?
ကိုလိုနီစနစ် ဘယ်ကနေ ဘယ်လိုစတင်ခဲ့တာလဲ?
၁၈ရာစု အစောပိုင်းကာလ ဥရောပနိုင်ငံတွေရဲ့ အခြေအနေကို သိလား?
စက်မူတော်လှန်ရေးဆိုတာ ဘာလဲ?
လွန်ခဲ့တဲ့ ၁၆၄၄ ခုနှစ်မှာ စတင်ခဲ့တဲ့ တရုတ်အင်ပါယာသမိုင်းရဲ့ အရှည်ကြာဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ .Qing Dynasty. အင်ပါယာဟာ ၁၉၁၂မှာ ပြိုလဲခဲ့ရတယ်။ အဲ့ဒီလိုနဲ့ သုံးနှစ်အကြာ ဘုရင် ( Yuan Shikai) ဟာ ၁၉၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့မှာ သူ့ကိုယ့်သူ အလွန်ကြီးမြတ်တဲ့ ဧကရာဇ်အဖြစ် ကြေညာခဲ့ပြီး တရုတ်အင်ပါယာကြီးကို တည်ထောင်ခဲ့သော်လည်း ပြည်သူတွေရဲ့ ပုန်ကန်မူ၊ စီးပွားရေး ကျပ်တည်းမူတွေကြောင့် ၁၉၁၆ ခုနှစ် မက်လ ၂၂ရက်နေ့ ၃လနဲ့၁၀ရက်အကြာမှာ ပြိုလဲခဲ့ရတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ သက်တမ်းအတိုဆုံးစစ်အင်ပါယာတစ်ခုပဲဖြစ်တယ်။ လွန်ခဲ့တဲ့ဘီစီ၂၇ခုနှစ်မှာ စတင်ခဲ့တဲ့ ရိုမန်အင်ပါယာလို့ခေါ်တဲ့ ရောမအင်ပါယာဟာ အေဒီ၄၇၆ အနောက်နိုင်ငံမှာ ပျတ်စီးပြိုလဲခဲ့ရတယ်။ ဒါပေမဲ့ ဘိုင်ဇန်တိုင်းအင်ပါယာလို့ခေါ်တဲ့ အရှေ့ရောမအင်ပါယာဟာ ၁၄၅၃ ခုနှစ်အထိ ဆက်ပြီး တည်တံ့နိုင်ခဲ့တာကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ သက်တမ်းအရှည်ဆုံးအင်ပါယာလို့ သတ်မှတ်လို့ရတယ်။ နှစ်ပေါင်း၁၅၀၀လောက်ကြာရှည်ခဲ့တယ်။ ပြီးတော့ သမိုင်းမှာ အကြီးမားဆုံးအင်ပါယာဟာ မွန်ဂိုအင်ပါယာပဲဖြစ်တယ်။
မွန်ဂိုအင်ပါယာဟာ အရှေ့အာရှဖက်က ပစိဖိတ်သမုဒ္ဒရာတွေကနေ အနောက်ဖက်က အရှေ့ဥရောပတွေအထိ သိမ်းပိုက်နိုင်ခဲ့တာကြောင့် စပ်ဆက်ကုန်းမြေဧရီယာအားဖြင့် သူ့ထက်ကြီးတဲ့ အင်ပါယာ နောက်ထက်တစ်ခု ဘယ်တော့မှရှိလာမှာ မဟုတ်တော့ဘူး။ အဲ့ဒီ မွန်ဂိုအင်ပါယာကို လွန်ခဲ့တဲ့ ၁၂၀၆ ခုနှစ်က ဂျစ်ဂျင်ခန် (Genghis Khan) ဟာ စတင်တည်ထောင်ခဲ့ပြီး ၁၃၆၈ ခုနှစ် နှစ်ပေါင်း ၁၆၂နှစ်အကြာမှာ ပြိုလဲခဲ့ရတယ်။ မွန်ဂိုလီးယား၊ တရုတ်၊ ရုရှား၊ ကာဇတ်စတန်၊ ကိုရီးယား၊ ပါရှား (အီရန်)၊ အီရက်၊ တူရကီနဲ့ အခြားနိုင်ငံအများစုဟာ နှစ်ပေါင်းများစွာ မွန်ဂိုအင်ပါယာရဲ့ လက်အောက်မှာ ကျရောက်ခဲ့ရတယ်။
လွန်ခဲ့တဲ့ ၁၅၀၀ခုနှစ်နှောင်းပိုင်းမှာ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ အဲလ်ဇဘက်ဘုရင်မကြီးဟာ .Sir Walter Raleigh.တို့လို နယ်မြေအသစ်စူစမ်းရှာဖွေသူတွေကို ထောက်ပံ့အားပေးခဲ့တယ်။ ၁၆၀၇ခုနှစ်မှာ Jamestown နယ်မြေကို ပထမဦးဆုံး အောင်မြင်စွာ ကိုလိုနီပြုနိုင်ခဲ့တယ်။ ဗြီတိလျှအင်ပါယာဟာ နှစ်ပေါင်း၄၀၀လောက်တည်တံ့ခဲ့ပြီး ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံကို သိမ်းပိုက်နိုင်ခဲ့တယ်။ မြောက်အမေရိက၊ ကာရေဘီယံ၊ အာဖရိကနဲ့ အိန္ဒိယတို့အပါဝင် အကြမ်းအားဖြင့် ကမ္ဘာမြေရဲ့စုစုပေါင်း မြေဧရိယာ ၁၃၀၀၀၀၀၀ စတုရန်းမိုင်ကျော် (၃၃၆၇၀၀၀၀ စတုရန်း ကီလိုမီတာ)ဟာ ဗြီတိလျှအင်ပါယာရဲ့ လက်အောက်ကို ကျရောက်ခဲ့တယ်။ ဒါဟာ ကမ္ဘာကြီးရဲ့လေးပုံတစ်ပုံပါပဲ။ ဗြီတိလျှလူမျိုးတွေဟာ သူတို့ရဲ့အင်ပါယာကို ဘယ်တော့မှ အဆုံးသတ်ပြီး ပျတ်စီးပြိုလဲမှာမဟုတ်ဘူးလို့ ယူဆခဲ့တာကြောင့် နေမဝင်အင်ပါယာလို့ တင်စားခေါ်ဝေါ်ခဲ့ကြတယ်။
စက်မူတော်လှန်ရေးအကြောင်းကို ပြန်ပြောရမယ်ဆိုရင် စက်မူတော်လှန်ရေးဟာ ၁၈ရာစု နှောင်းပိုင်းကနေ ၁၉ရာစုအစောပိုင်း (၁၇၆၀-၁၈၄၀) အထိ နှစ်ပေါင်း၈၀ ကြာမြင့်ခဲ့တယ်။ အင်္ဂလန်နိုင်ငံက ထီတွင်ပညာရှင်တွေဟာ စက်တွေကိုတီထွင်ခဲ့တာကြောင့် စက်ရုံတွေအများအပြား ပေါ်ပေါက်လာပြီး အင်္ဂလန်နိုင်ငံသားတွေရဲ့ ဘဝဟာလည်း ပိုပြိး လွယ်ကူလာကြတယ်။ ဒါပေမဲ့ ရေနွေးငွေ့အင်ဂျင်စက်တို့ အထည်လိပ်စက်တို့ကို ဆက်ပြီး လည်ပတ်စေဖို့ ကျောက်မီးသွေး၊ သံနဲ့ဝါဂွမ်းတွေကို လိုအပ်ခဲ့ကြတယ်။ ပြီးတော့ စက်ရုံက ကုန်ပစ္စည်းတွေကို ရောင်းချဖို့အတွက် နေရာဈေးကွက်တွေ၊ စက်ရုံအတွက် အလုပ်သမားတွေ၊ နည်းပညာနဲ့ ဆန်းသစ်တီထွင်မူတွေ လိုအပ်ခဲ့တာကြောင့် ဗြီတိလျှအင်ပါယာဟာ စက်မူတော်လှန်ရေးကာလအတွင်း များစွာသော နိုင်ငံများကို ကိုလိုနီပြုခဲ့တယ်။ ချည်၊ နံသာမျိုးနဲ့ လက်ဖက်ရည်ကို ရရှိဖို့ အိန္ဒိယနိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ ရွှေနဲ့ သိုးမွှေးတွေကို ရဖို့ သြစလျေးယားနိုင်ငံ၊ ရော်ဘာနဲ့စိန်တွေကိုရဖို့ အာဖရိကနိုင်ငံ၊ ဆေးလိပ်နဲ့သကြားကိုရဖို့ ကာရေဘီယံနိုင်ငံတို့ကို သိမ်းပိုက်ပြီး ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိက၊ ဂျမေကားနဲ့ ဘာဘေးဒိုးစ်၊ အာဖရိကရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ နိုင်ဂျီးရီးယားနဲ့ ကင်ညာနိုင်ငံတွေကိုလည်း သိမ်းပိုက်ခဲ့တယ်။
Keep Reading