Author's Profile Photo

ထင်လင်း

24/10/2024

ထမီ၏ အရိပ် (အပိုင်း - ၂)

9 mins read
Fiction
ထမီ၏ အရိပ် (အပိုင်း - ၂)'s photo

ထွန်းရွှေလည်းသူအရက်ဘယ်လောက်သောက်ပြီးပြီကိုခန့်မှန်းရင်း၊မတင်ကြည်နှင့်လက်ထပ်နိုင်မည့်အ ချိန်ကိုစိတ်ကူးကာလျှော့သောက်မည်။”ဟု တွေးနေ သည်။ တွေးရင်းလည်း သောက်လျက်ရှိ၏။

၆နာရီခွဲခန့်တွင်မြခင်ဗန်းကလေးနှင့်ပြန်ရောက်လာသည်။“ဟင်-ဦးလေးတစ်ယောက်တည်းလား။အမေတို့ကော”“ဘိုင်စကုတ်သွားကြတယ်ဟေ့။ ငါလက် မှတ် ၂စောင် တည်းရလို့ ပေးလိုက်တယ်။ နင့်တော့ ငါကလည်း သတိမရဘဲကိုဟာ”ဟောတော့။ လုပ်ရော့မယ်။ သူတို့ချည်း သွားချင်ကြတာ။ ဒီကကောင်မများတော့ ဘယ်တော့မှ မလိုက်ရဘူး။”

မြခင်သည် စိတ်ကောက်သွားပြီး ဗန်းကလေးကို ပစ်ချကာ အခန်းထဲသို့ ဝင်သွားသည်။ ထွန်းရွှေလည်း သူ့အရက်ပုလင်းနှင့်သူ မတင်ကြည်အကြောင်း ဆက်တွေးနေ၏။ အတန်ကြာသွားသောအခါ အခန်းထဲမှ မြခင်ငိုသံ ကြားရ၏။

“မြခင်။ နင် ငိုနေသလား။”ထွန်းရွှေက နှုတ်ဆော့ပြီး မေးမိသည်။ မြခင်က အဖြေမပေး။ရှိူက်သံများသာ မြန်သည်ထက်မြန်၍ ကျယ်လောင်သည်ထက် ကျယ်လောင်လာသည်။ ထွန်းရွှေ၏စိတ်၌ သနားသလိုလို ဖြစ်လာမိ၏။

“ငါနောက်တစ်ခါတော့ နင့်အတွက်ပါ ယူခဲ့ပါမယ်ဟာ။ ဒီတစ်ခါတော့ ငါကလည်း ငါပဲ။ နင့်ကို လုံးလုံးသတိမရဘူးဟ။”

ထွန်းရွှေက ဘာမှရည်ရွယ်ချက်မရှိဘဲ ပြင်းပြင်းရှိသည်နှင့် ကောင်မလေးကို ချော့လိုက်မိသည်။ မြခင် အငိုတိတ်သွား၏။ထွန်းရွှေလည်း မတင်ကြည်၏ အ ကြောင်း ဆက်တွေးနေပြန်သည်။ အတန်ကြာလျှင် မြခင် အပြင်သို့ထွက်လာ၏။“ဦးလေး။နောက်တစ်ခါတော့မြခင်အတွက်ပါ”“အေးအေးယူခဲ့မယ်”မြခင်အိမ်ပေါ်မှဆင်းသွားပြီးနောက်ဖေးတွင်ရေချိုးသံကြားရ၏။ မကြာမီပင် ထမီရင်လျားနှင့် မြခင် ပြန်တက်သာပြီးလျှင် အခန်းကလေးထဲသို့ ဝင်သွား၏။ အခန်းကလေးထဲမှ တရှဲရှဲနှင့် သနပ်ခါးသွေးသံ ကြားရ၏။

နဂိုကမှယစ်တစ်တစ်ဖြစ်နေသောထွန်းရွှေမှာမူးမူးလာ၏။အရက်ခိုးကလည်းအတတ်၊တဲပျက်ကလေးကလည်းအယိမ်း၊ထွန်းရွှေလည်း ပုလင်းဖင်ကပ်ကို လက်စသိမ်းပြီး ယိမ်းယိုင်ထိုးရင်း ထိုင်နေရာမှထ သည်။“မြခင်။ငါပြန်တော့မဟေ့။”“ဟုတ်ကဲ့ ဦး လေး ”မြခင်ကအခန်းအပြင်ထွက်လာပြီးထွန်းရွှေကိုနှုတ် ဆက်သည်။“ဦးလေး။မြခင်ဖို့ရုပ်ရှင်လက်မှတ်ဘယ် တော့ယူခဲ့မလဲ။”ဟုမေးလိုက်သည်။

ထွန်းရွှေကဘာမှပြန်မပြောဘဲသနပ်ခါးမစိုမခြောက်နှင့်မြခင်ကိုသာကြည့်နေမိသည်။တသင်းသင်းထွက်လာသောသနပ်ခါးနံ့တို့ကိုလည်းမူးတစ်ဝက်ကရှူ ရှိုက်မိသည်။သူ့ခေါင်းထဲတွင်မတင်ကြည်မရှိတော့။မြခင်ကသူ့ကိုကြည့်ပြီး မျက်လုံးကလေးများ ကလယ် ကလယ် လုပ်လိုက်သည်။-ဟု သူထင်သည်။ နောက်တော့ သူ ကောင်းကောင်း မမှတ်မိတော့။

“မြခင်ငါပြန်တော့မယ်။”“နေပါဦး။ဦးလေးကလည်းအစောကြီးရှိသေးတာ”“ပြန်မယ်ဟာ”“နေပါဦးဆိုမှ။ကဲဒါဖြင့်ပြန်။နက်ဖြန် ရုပ်ရှင်လက်မှတ်ယူဖြစ်အောင်ယူခဲ့နော်ဦးလေး။မယူခဲ့ရင်တော့ဒါပဲ။”ထွန်းရွှေသည်တဲကလေးအတွင်းမှထွက်ခဲ့သောအချိန်မှာ အတော်မှောင်နေပြီဖြစ်၏။သောက်ထားသောအရက်အရှိန်ကလည်းအတော်ပြေပြီဖြစ်သဖြင့်တစ်စုံတစ်ခုကို နောင် တရသလို ခေါင်းထဲတွင်လေးလျက် လျှောက်လာခဲ့သည်။ သူ့အခန်းသို့ ပြန်ရောက်သောအခါ ၉နာရီထိုးနေပြီဖြစ်၏။ ရောက်ရောက်ချင်း အိပ်မပျော်သော် လည်း များမကြာမီပင် အိပ်ပျော်သွားသည်။

နံနက် အိပ်ရာမှ နိုးတော့ အိပ်ရာထဲမှမထဘဲ ညကသူဘာဖြစ်ခဲ့သည်ကို ပြန်စဉ်းစားသည်။ မတင်ကြည်ကို သတိရလာသည်။ ရင်ထဲ၌ ပူသွားသလို ခံစားလိုက်ရ ၏။အရက်သမားတို့ခံရတတ်သောမူးပြစ်မိုက်ပြစ်ကိုသူခံရပြီ။မြခင်ကိုတော့ သူယူလို့မဖြစ်။ သို့သော်မယူလို့ကောဖြစ်မလား။ယနေ့အထိထွန်းရွှေတေခဲ့ပေခဲ့သော်လည်းသူတစ်ပါးကိုမတရားသဖြင့်နစ်နာအောင်မလုပ်ခဲ့ဖူးသေးချေ။

သူ့ကိုယ်သူ တွေးမိတိုင်း ရွံ့သလိုလို ဖြစ်လာသည်။ သို့သော်ထွန်းရွှေမှာ အားငယ်တတ်သောလူစား မ ဟုတ်။နံနက်၉ နာရီထိုးမှ အိပ်ရာမှထ၍ မျက်နှာ သစ်ကာအဝတ်အစားလဲလျက် ရုံးသို့ ထွက်ခဲ့သည်။ သူ့စားပွဲနှင့် မလှမ်းမကမ်းတွင် မတင်ကြည်ကို သူမြင်လိုက်တော့စိတ်မကောင်းဖြစ်သွားသည်။မတင်ကြည်ကသူ့ကို“မကြာမကြာလှမ်းကြည့်နေသဖြင့်တစ်ခုခုများပြောစရာရှိလေသလား။”-ဟုအောက်မေ့ကာမတင်ကြည်အနားသို့မယောင်မလည်နှင့်လျှောက်သွားမိသည်။မတင်ကြည်မှာတစ်စုံတစ်ခုအတွက် ပူပန်နေဟန်ရှိ၏။

“မတင်ကြည်။ နေမကောင်းလို့လား။” “ကျွန်မနေကောင်းပါတယ် ကိုထွန်းရွှေ။အမေက နေမကောင်းဘူး။ မနေ့ကဆရာဝန် ခေါ်ရတယ်။””အိုဖြစ်မှဖြစ်ရလေ။ ဘာဖြစ်တာလဲ။”သွေးဆုံးကိုင်တာပဲနှင့်တူပါတယ်။အမေကအသက်ကြီးတော့ကောင်းကောင်းမမာဘူးကိုထွန်းရွှေရဲ့။လူကြီးဆိုတော့ကုရတာကလည်းမလွယ်ဘူးမဟုတ်လား။ဓာတ်စာဝယ်ရဘာဝယ်ရနှင့်ငွေလည်းကုန်တယ်။” မတင်ကြည်က ညှိုးငယ်စွာ ပြောပြနေသောအခါ ထွန်းရွှေက နားထောင်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေရာမှ“မတင်ကြည်ငွေတို့ဘာတို့လိုမှာပဲနော်။”မတင်ကြည်ကဘာမှပြန်မပြောချေ။ထွန်းရွှေလည်းဘာမှဆက်မပြောတော့ဘဲသူ့နေရာသို့သူပြန်၍နေ့လယ်မုန့်စားဆင်းချိန်တွင်စာ တိုက်ကြီးဘက်သို့လျှောက်သွားသည်။အပြန်တွင်မတင်ကြည်၏စားပွဲသို့လျှောက်သွားကာ ငွေစက္ကူ ၁ဝတန်များကို အထပ်လိုက် ချပေးပြီး၊“မတင်ကြည်ငွေအသုံးလိုနေရင်ယူသွားဖို့ကျွန်တော်စုထားတဲ့ငွေက လေးသွားထုတ်တာကျွန်တော်လည်းခေါင်းကိုက်လို့ညနေပိုင်းခွင့်ယူမယ်လို့၊သွားစရာကလေးကလည်းရှိသေးတယ်။”ဟုပြောကာလှည့်ထွက်ခဲ့သည်။

မတင်ကြည်သည်သူ့ရှေ့ရှိငွေစက္ကူများနှင့်ထွန်းရွှေကို တစ်လှည့်စီကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်ကျန်ရစ်သည်။ မတင်ကြည်၏စားပွဲပေါ်တွင် ထားခဲ့သောငွေမှာ ၃ဝဝတိတိဖြစ်၏။ထွန်းရွှေလည်းရုံးမှနေ့ ဝက်ခွင့်ခံကာသူ့အခန်းသို့ပြန်လာခဲ့သည်။လူကြိတ် ကြိတ်တိုးစည်ကားလှသောရုပ်ရှင်ရုံတစ်ရုံ၏အောက်သို့ဝင်ကာ နက်ဖြန် ၁၂ နာရီခွဲပွဲအတွက် ၃ကျပ်တန်းက လက်မှတ်တစ်စောင်လည်း ကြိုတင်၍ ဝယ်ခဲ့သည်။ထို့နောက် စကော့ဈေးဘက်သို့ ဖြတ်ကူးခဲ့ပြီး ဂျပန်နိုင်လွန်စအင်္ကျီ ၂ ဝတ်စာနှင့် သရက်ထည်လုံ ချည်ကလေးများကိုလည်းဝယ်ခဲ့၏။ အားလုံး ၁၅ ကျပ်ဖိုးလောက်တော့ ရှိပေမည်။

အခန်းသို့ပြန်ရောက်လျှင် အချိန်စောသေးသဖြင့် အိပ်ရာပေါ်တွင် ပက်လက်လှန်အိပ်ရင်း မှိန်းလျက် ဖြစ်ပျက်ခဲ့သမျှကိုပြန်တွေးနေ၏။ညနေ ၄ နာရီခွဲကျော်ကျော်ရှိမှ အတွေးမျှင်များကိုဖြတ်ကာ အထုပ်ကလေးများကိုဆွဲလျက် ကိုညိုကြီးတို့ အိမ်ဘက်သို့ထွက်ခဲ့သည်။ကိုညိုကြီးက“မနေ့ကရုပ်ရှင်ကားကောင်းကြောင်း”ဆီး၍ပြောသည်။ထွန်းရွှေကသူဝယ်လာသောပစ္စည်းကလေးများကို ချပေးရင်း ““မြခင်ဖို့”ဟုသာ ပြောလိုက်သည်။

“မြခင်မနေ့ကဘယ်အချိန်ရောက်လဲ။ဆရာထမင်းစားရရဲ့လား။ဝယ်မခိုင်းဘူးလားသူ့ကို။”ထွန်းရွှေကဘာမှမပြောဘဲထိုင်ချလိုက်ပြီး“မနေ့က မြခင်က ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့နက်ဖြန်နေ့ပွဲကြည့်ရအောင် ရုပ်ရှင်လက်မှတ်တောင်ဝယ်ခဲ့ရတယ်။ မနေ့က ကျုပ်ကလည်း မေ့လို့ သူ့ဖို့ မဝယ်ခဲ့မိဘူး။”ဟု ခပ်လေးလေး မျက်နှာလွှဲလျက် ပြောသည်။ ကိုညိုကြီးက တော့ ဘာမှမပြော။ သူ့အဖို့ ဘာမှ ထူးခြားဟန်မတူ။

မပိုက်က“မနေ့ကလက်မှတ်ပါလာလည်းသူ့စောင့်မနေနိုင်ပေါင်တော်။နောက်ကျနေမှာပေါ့။သူ့ဟာသူနက်ဖြန်မှပဲသွားတာကောင်းပါတယ်။”ဟုပြောသည်။ထွန်းရွှေလည်း ခါတိုင်းကဲ့သို့ပင် အရက်တစ်ချိုးမှာကာ သောက်နေလေသည်။အတော်ကလေး မှောင်ရီရီတွင် မြခင် ပြန်ရောက်လာသည်။ မြခင်အိမ်ထဲမှ မဝင်ရသေးမီ မပိုက်က စက္ကူအိတ်ကလေးထဲမှ အထည်များကို ထုတ်ယူကာ “မြခင်ရေ။ ဟောဒီမှာညည်းဦး လေးကညည်းဖို့ဝယ်လာတာတဲ့။အဆင်ကလေးလှကလှနှင့်။ နိုင်လွန်ခေါ်တာလား။ ပိုးစကလေး နုနေတာပဲ။ရုပ်ရှင်လက်မှတ်တစ်စောင်လည်း ပါသဟေ့။”ဟု ဝမ်းသာအားရပြောလိုက်သည်။

မြခင်လည်းခေါင်းပေါ်ကအကြော်ဗန်းကိုဖျတ်ခနဲပစ်ချကာအပြေးကလေးဝင်လာပြီးလျှင်လုံချည်အဆင်ကိုသူ့ကိုယ်နှင့်ကပ်၍ကပ်၍ ကြည့်သည်။ အင်္ကျီစကို လက်မောင်းပေါ်တွင် တင်ကာ စမ်း၍စမ်း၍ ကြည့် သည်။“ရုပ်ရှင်လက်မှတ်ရော ဟုတ်လား။”

“အေးတော့်။ဟောဒီမှာနက်ဖြန်နေ့ပွဲတဲ့။”မြခင်ကအ နီးရှိရေအိုးမှရေတစ်ခွက်ခပ်ယူလိုက်ပြီး“မနေ့ကဦးလေးမူးမူးနှင့်”ဟုပြောကာတစ်ဝက်ကဖြတ်ပြီးရေ သောက်နေသဖြင့်၊ထွန်းရွှေမှာ“ကောင်မလေး ရူး ပေါပေါနှင့်ဘာတွေများလျှောက်ပြောလေမည်နည်း။”ဟုထိတ်ခနဲဖြစ်သွား၏။ 

ရေသောက်ပြီးမှ မြခင်က ဆက်လက်၍“မူးမူးနှင့်ပြောသွားတာမို့ မြခင်က တယ်တောင်မယုံဘူး။ မူးတဲ့လူများ မူးတုန်းကဟာ ဘာမှမမှတ်မိဘူးတဲ့။”ဟုပြော၏။ထိုနေ့ကထွန်းရွှေခါတိုင်းထက်လျှော့၍သောက်ကာခပ်စောစောပင်အခန်းသို့ပြန်လာခဲ့သည်။ သူ့ခေါင်းထဲတွင်လေးလျက်ရှိသော်လည်း မြခင်ကိုတော့ သူအထင်အရှား ယူလို့မဖြစ်။ သို့သော် မြခင်နှင့် ရှင်း ရှင်းလင်းလင်း မဖြစ်လျှင်တော့မတင်ကြည်ကိုလည်းယူ၍မဖြစ်။-ဟုစဉ်းစားထားသည်။ယခုအတိုင်းဆိုလျှင်လည်း“မြခင်ကျေနပ်နေမည်။”ဟု သူသိသည်။ မြခင်က ကျေနပ်နေမှတော့ သူက လောကွတ်ချော်ပြီးမြခင်ကို အထင်အရှားယူသည်အထိ လူစွမ်းကောင်း မလုပ်သင့်။-ဟုလည်း တွက်မိသည်။

သို့နှင့်ညနေတွင်မြခင်ကအကြော်လှည့်ရောင်းရင်းထွန်းရွှေ၏အခန်းသို့ဝင်လာတတ်သည်။အကြော်ကုန်အောင်မရောင်းရလျှင် လွှင့်ပစ်ရသည်။ပြီးတော့မြခင်ဝတ်ဖို့အဝတ်အထည်ကလေးများမကြာမကြာဝယ်ပေးရသည်။ထင်ထင်ရှားရှားမဖြစ်အောင်တော့ ဂရုစိုက်ရ၏။

စရိတ်မကြီးလှသဖြင့် ဤအတိုင်းသွားနေ၍ ရက်အ တော်ကြာလာသည်။ မြခင်မှာလည်း အတော် သပ် သပ်ရပ်ရပ်ဖြစ်လာပြီး၊ “ကြည့်စရာရှုစရာကောင်းလာသည်။”-ဟုထွန်းရွှေထင်မိသည်။သို့သော်မြခင်သည်ထွန်းရွှေထံသို့မှန်မှန်မလာတော့ချေ။ထွန်းရွှေသည် လူအ မဟုတ်။ သို့သော် သူ့စိတ်ထဲတွင်“မြခင်ဖာဖြစ်သွားမည်”ကိုတော့စိုးရိမ်မိသည်။သို့နှင့် မြခင်လာသောအခါတွင် ထွန်းရွှေက အနေအထိုင်ဆင်ခြင်ရန်၊ အစစအရာရာ သတိနှင့် သွားရန်, လာရန် ဆုံးမသြဝါဒပေးသည်။အစတွင် မြခင်က "ဟုတ်ကဲ့” ဟု ခပ်အေးအေးဝန်ခံသွားသော်လည်း နောက်တော့ မြခင် ပြောင်းလဲလာသည်။

“ဦးလေးကလည်း သဝန်တိုရန်ကော။ ဒီလိုဖြင့်ဦးလေး မြခင်ကို အတည်အတံ့ ထင်ထင်ပေါ်ပေါ်ယူလိုက်ပါလား။မြခင်က ဤသို့ပြောလာသောအခါထွန်းရွှေမှာစဉ်းစားစရာတစ်ခုတိုးလာပြန်သည်။ယခုအခြေအနေအတိုင်းသပ်သပ်ရပ်ရပ်ဖြစ်နေသော မြခင်ကို သူ အထင်အရှားယူထားလိုက်လျှင်လည်း ဖြစ်နိုင်သည်။ မြခင်မှာ ယခင်ကလို စုတ်စုတ်ညစ်ညစ်မဟုတ်တော့၍ ယူလိုက်မည်ဆိုကယူနိုင်ပြီ။တင့်တယ်ပြီ။သို့သော်ထွန်းရွှေ့၌မတင်ကြည်၏သံယောဇဉ်ကမပြတ်ချေ။ဒုက္ခရောက်၍အကူအညီလိုနေသောအချိန်တွင် မတင်ကြည်အနားကမားမားမတ်မတ်မရပ်လိုက်နိုင်သည်ကိုပင်.. သူ စိတ်မကောင်းချေ။

“မြခင်ကို ဦးလေး အတည်မယူနိုင်ဘူးဆိုတာ မြခင်အစကတည်းကသိပါတယ် ဦးလေးရယ်။”သည်လိုဆိုတော့ မြခင်ကိုလည်း ထွန်းရွှေသနားသည်။သို့သော်လောကကသနားချင်တိုင်းသနား၍မဖြစ်။“မြခင်ကဦးလေးရဲ့အတည်မယားလည်းမလုပ်ချင်ပါဘူး။”မြခင်က ဤသို့ပြောလိုက်တော့ ထွန်းရွှေမှာ အံ့အားသင့်သွားသည်။ “ကောင်မလေးတော့ ပျက်စီးရှာပြီ။”ဟု သူသိသည်။ မြခင်ကို ကြည့်လိုက်တော့လည်း ရှေးက မြခင် မဟုတ်တော့ချေ။

“မြခင်-မြခင်။နင်မိုက်လှချည်လား။”“မြခင်ကဦးလေးကိုအဦးဆုံးတွေ့တဲ့လူမို့ချစ်လို့လာနေတာပါ။ဦးလေးလခကလေးနည်းနည်းနှင့် မြခင်ကိုပေးပေးနေတာ မယူရက်ပါဘူး။ မယူလည်း ဖြစ်ပါတယ်။”ထွန်းရွှေ ဝမ်းနည်းရမလား။ ဝမ်းသာရမလားပင် မသိနိုင်တော့။မြခင်ကိုသည်အတိုင်းလွှတ်လိုက်ပြီးမတင်ကြည်ကိုလက်ထပ်လိုက်ရတော့မလား။သို့မဟုတ်ရေစုန်မျောနေသောမြခင်ကိုပင် လိုက်၍ဆယ်ရမလား။

သူ မတွေးတတ်အောင်ဖြစ်ရသည်။မတင်ကြည်၏ စားပွဲပေါ်တွင် ငွေ ၃၀၀ ချထားခဲ့သည့်ထို့ နောက်တစ်ရက်တွင် မတင်ကြည်က သူ့စားပွဲနားလာပြီးငွေ ၂ဝဝ ပြန်ပေးသေးသည်။သို့သော်ထွန်းရွှေက“ယူထားပါ။လူမမာနှင့်ဆိုတာငွေအပိုအပိုရှိမှဖြစ်ပါတယ်။”ဟုပြောသဖြင့်မတင်ကြည်ကလည်းနားလည်မှုယူကာငွေကိုပြန်သိမ်းသွားသည်။ထွန်းရွှေပြောစကားလည်းမှန်သည်။မတင်ကြည်မှာငွေအင်မတန်လိုနေသဖြင့်ထွန်းရွှေ၏ငွေအားလုံးကိုတစ်လအတွင်းသုံးလိုက်ရသည်။သူ့စိတ်တွင်ဘယ်လိုဖြစ်နေရှာမည်တော့မသိ။ထွန်းရွှေမှာတော့ မတင်ကြည် နောက်ထပ်ငွေလိုချိန်တွင် သူ့မှာ ပေးစရာမရှိတော့သည်ကိုသာ တွေးပူနေလေသည်။

မတင်ကြည်ကို သူလက်ထပ်ယူဖို့ စိတ်ကူးခဲ့ကြောင်းမြခင်အားပြောပြတော့ မြခင်အဖို့ ဘာမှမထူးဆန်းချေ။“ယူလိုက်ပါလား ဦးလေးရဲ့။ ခု မြခင်လည်း အလုပ်ကလေး အကိုင်ကလေးနှင့် နေတတ်နေပြီပဲ။ ဦးလေးဆီ မလာနှင့်တော့ဆိုလည်း မလာဘဲ နေရုံပေါ့။”ဟု မြခင်က ပြောသည်။သို့သော် ထွန်းရွှေက မြခင်ကို စိတ်မချချေ။ မြခင် ယခုလိုစိုပြည်တုန်း လှပတုန်းတော့ သူ့ဟာသူ တစ်ကိုယ်တော်ကြဲ၍လည်သ လို ကြည့်စားသွားနိုင်သည်မှာမှန်သော်လည်း၊ဤသို့တစ်ကိုယ်တော် မကြဲနိုင်သည့်နေ့ ဒုက္ခနှင့် ရင်ဆိုင်ရမည်ကိုသူတွေး၍ သနားသည်။ 

ဤသို့ဖြစ်သွားလျှင်သူ့အပြစ်ပါမကင်းသဖြင့်စိတ်မကောင်းလည်းဖြစ်မိသည်။ရုံးရောက်သောအခါတွင်လည်းမတင်ကြည်မျက်နှာညှိုးသည်ကိုမြင်ရသော အခါ၊ထွန်းရွှေမှာဘာမှပေးစရာမရှိတော့သည်ကိုဝမ်းနည်းသည်။ငွေ၁ဝဝလောက်များဘယ်ကဖြစ်ဖြစ်ရနိုင်လျှင်ဆွဲပြီး သူ မတင်ကြည်ကို ကူညီလိုက်ချင်သည်။

သို့နှင့်သူစိတ်မကြည်မလင်ဖြစ်နေသည်ကိုမြခင်လာခိုက်မြင်သွားသဖြင့်မြခင်ကမေးသည်။သူကဘာမှအကူအညီရလိမ့်မည်မထင်မိသော်လည်း ပြောတော့ပြောပြလိုက်၏။ငွေ ၁၀၀ လောက်တော့ မြခင် ရှာပေးနိုင်ပါတယ်ဦးလေးရယ်။ ပူမနေပါနှင့်။ ဦးလေး အဲဒီမတင်ကြည်ကို ယူတော့မလို့လား။”

ထွန်းရွှေသည်အံ့အားသင့်သော်လည်းဘာမှပြန်မပြောလိုက်မိချေ။နောက်တစ်ရက်ညနေတွင်မြခင်ပေါက်လာသည်။သူ့လက်ထဲတွင် ငွေစက္ကူ ၁ဝ တန် ၁ဝ ရွက်ပါလာ၏။“ငါစိတ်ညစ်တယ် မြခင်ရာ။ နင့်ငွေလည်း မလိုချင်ပါဘူး။ ပြန်သာယူသွားပါ။ ငါ့ဆီလည်း မလာပါနှင့်တော့။ငါ့ဟာနှင့်ငါ ဘယ်လိုဖြစ်ဖြစ်”ထွန်းရွှေတကယ်စိတ်ညစ်လာသဖြင့်မြခင်ကိုနှင်ထုတ်လိုက်သည်။သို့သော်မြခင်ကထွန်းရွှေ၏အိပ်ရာခေါင်းရင်းဘက်၌တင်ထားသောစီးကရက်ဗူးထဲမှစီးကရက်တစ်လိပ်ကိုထုတ်ယူကာအေးအေး ဆေးဆေး မီးညှိ၍ဖွာနေလေသည်။“ဦးလေးကမြခင်ရဲ့ငွေကိုဘာလို့မလိုချင်ရတာလဲ။”“နင့်ကိုယ်ကိုနင်ရောင်းလို့ရတဲ့ငွေကို ငါကသုံးရမှာလား။ မြခင်ကခပ်အေး အေး ရယ်နေလေသည်။

“ဦးလေးနှယ် ဘာရောင်းလို့ရရ ငွေဟာငွေပဲ ဦးလေးရဲ့။ မြခင်ခိုးလာတာမှ မဟုတ်ဘဲ။ ဦးလေးက ဘာဖြစ်လို့မယူချင်ရတာလဲ။ ဘယ်ကငွေဖြစ်ဖြစ် ဦးလေးရဲ့မတင်ကြည်ကငွေလိုတယ် မဟုတ်လား။”ထွန်းရွှေ တ ကယ် စိတ်ရှုပ်သွားသဖြင့် သူ့ခေါင်းကိုသူ ပွသွားအောင်ကုပ်လိုက်သည်။ မြခင်ကမူ သူ့ကိုကြည့်ပြီးရယ်၍သာ နေလေသည်။ ထွန်းရွှေမှာ စိတ်ရှုပ်ရာကပင် “မြခင်လိုအဆင့်အတန်းက ဤမျှငွေကို ရက်ရက်ရောရောပေးနိုင်လောက်အောင် ဘယ်လိုများ ရှာပါလိမ့်။”ဟုလည်း အံ့သြမိသည်။

“မြခင်။ နင် ဒီလောက်ငွေကို ဘယ်လိုရအောင်ရှာခဲ့လဲ။မြခင်က ထွန်းရွှေအား ပြုံး၍ ကြည့်လိုက်ပြီး “ဦးလေးက မြခင်ကို အပေါစား ကြေးစား ဖာဖြစ်နေပြီထင်လို့လား။”ဟု မေးလိုက်သည်။ ထွန်းရွှေက ဘာမှပြန်မပြောလိုက်ချေ။“မြခင်လည်း ဒါလောက်တော့သိပါတယ်ဦးလေးရဲ့၊မြခင်မှာဆရာကောင်းအဆက်ကောင်းတွေနှင့်ကောင်းရောင်းကောင်းဝယ်လုပ်နေတာပါ။ မျက်နှာလည်း မငယ်ပါဘူး။ အောက်တန်းလည်း မကျပါဘူး။”

ထွန်းရွှေကမြခင်ပြောသောစကားများကိုဆက်စပ်စဉ်းစားနေလိုက်သည်။”လောကကြီးဘယ်လိုများဖြစ်နေကြပါလိမ့်။”ဟုလည်း အံ့သြသည်။ မြခင်ယူလာသော ငွေ ၁၀၀နှင့်မတင်ကြည်ကို ထောက်ပံ့ကူညီရမည်ကိုလည်း သူ ရယ်ချင်မိသည်။ သို့သော် မတတ်နိုင်။မြခင်ကတရားချနေသည်ကိုသဘောပေါက်သွားသလိုပြုံးလိုက်ပြီး၊“ကောင်မလေးနှယ်-တယ်ချစ်စရာကောင်းတယ်။”ဟု ဆိုလိုက်ရလေသည်။

“မြခင်ကလည်းဦးလေးတစ်ယောက်ပဲအဟုတ်ချစ်တာတော့်။နောက်တစ်ရက်တွင်ထွန်းရွှေသည်မတင်ကြည် ၏စားပွဲနားသို့သွားကာ “မတင်ကြည်မေမေ ဘယ့် နှယ်နေသေးသလဲ။”ဟု မေးလိုက်သည်။မတင်ကြည်က ပြုံးရွှင်စွာမျက်နှာထားလိုက်ပြီး“မေမေလား။ နေလို့တော့ကောင်းပါပြီ ကိုထွန်းရွှေ။ ဒါပေမယ့်အား နည်းနေလို့ ဆေးထိုးနေရတယ်။အစားအစာလည်း ဂရုစိုက်ကျွေးနေရတာပဲ။”ဟု ပြောသည်။

ထွန်းရွှေက လက်ထဲ၌ဆုပ်၍လာသော ငွေစက္ကူအလိပ်ကို မတင်ကြည်၏စားပွဲပေါ်သို့ တင်ပေးလိုက်ရင်း “မတင်ကြည်တို့ ငွေလိုမယ်တင်လို့ ယူလာခဲ့တာ။”ဟု ခပ်အေးအေးပင် ပြောလိုက်သည်။ သူ့စိတ်ထဲမှာတော့ တွေးချင်ရာ တွေးနေလိုက်၏။

မတင်ကြည်ကအင်မတန်အားနာလှသဖြင့်အတန်တန်ငြင်းနေသေးသော်လည်းထွန်းရွှေအပေါ်တွင်မတင်ကြည်အားကိုးရင်းရှိသည်က တစ်ကြောင်း၊ မတင်ကြည် တကယ်ငွေလိုနေ၍ တစ်ကြောင်း၊ ထွန်းရွှေကလည်း အတင်းပေးနေ၍တစ်ကြောင်း ငွေကိုလက်ခံလိုက်ကာ

“ကိုထွန်းရွှေရဲ့ ကျေးဇူးတွေဘယ်လိုဆပ်ရမှန်းတောင်မသိတော့ဘူး။”ဟုရိုးသားစွာဆိုရှာလေသည်။သို့သော် ထွန်းရွှေတွင်ကား ထိုငွေ ၁ဝဝ ကို မတင်ကြည်အား ပေးလိုက်ရသည့်အချိန်မှစ၍ စိတ်တစ်မျိုး မသိမသာပြောင်းလဲလျက်ရှိလေသည်။ “သူ့အဖို့ မတင်ကြည် အစောင့်အရှောက်လို သလိုပင် မြခင်လည်း အကာအကွယ်လိုသည်။”ဟုစွဲလမ်းနေသည်။ မြခင် ယခုတော့ နုပျိုတုန်း စိုပြည်တုန်း ကိစ္စမရှိ။ နောင်တစ်နေ့ သူ့ ဆရာကောင်းအဆက်ကောင်းတွေကစွန့်ပစ်လိုက်သည့်နေ့တွင် သူ့မှာ ဆရာဆိုးအဆက်ဆိုးတွေနှင့်အလုပ်ဆက်လုပ်ရမည်။ မလုပ်လို့ မဖြစ်။ ထိုအခါတွင် မြခင်မုချဒုက္ခရောက်မည်ကို သူသိသည်။

အကယ်၍ မြခင်ကိုလွှတ်ပေးလိုက်ပြီးမတင်ကြည်ကိုသူယူရရင်တော့မြခင်ဒုက္ခရောက်ချိန်တွင်သူ ကယ်နိုင်တော့မည်မဟုတ်။ ကာကွယ်နိုင်တော့မည်မဟုတ်သည်ကိုစဉ်းစားမိသည်။မတင်ကြည်ကလေးသည်မိန်းမကောင်းဖြစ်၏။သူ့အဖို့ငွေကြေးကျပ်တည်းမှုမှ တစ်ပါးအခြားဒုက္ခရောက်ရန်များစွာမရှိ။ မတင်ကြည် ၏လုံခြုံရေးမှာ အသက်ကြီးလေ စိတ်ချရလေ ဖြစ် သည်။ မြခင်၏လုံခြုံရေးမှာ ပြောင်းပြန်ဖြစ်သည်။ထွန်းရွှေ၌ သူတော်ကောင်းစိတ် ရှိသည်။

သို့ဖြစ်လျှင်မခင်ကို သူယူလိုက်ရမလား။” ဟုစဉ်း စားသည်။မြခင်ယခုကဲ့သို့လုပ်နေရင်တော့သူယူလို့မဖြစ်သေး။မြခင်တည်တည်တံ့တံ့နေမှယူလို့တင့်တယ်မည်။မြခင်အပေါ်ကျရောက်မည့် ဘေးကို ကာကွယ်လိုက်သည့်အနေနှင့် ‘ယခုကစ၍သူ့အလုပ်များကိုဖြတ်စေမှ တော်တော့မည်။”ဟုအောက်မေ့မိသော် လည်း မြခင်ကိုကား တရားချ၍မရချေ။

“ဒါ ဦးလေးအပူ မဟုတ်ပါဘူး။ မြခင် အခုကျအခု ဖြစ်သလိုခံရဲပါတယ်။ ကျလည်းမကျပါဘူး ဦးလေးရဲ့။မြခင် ဒါတွေကို နားလည်ပါတယ်။ အချိန်အရွယ်ရှိတုန်း အလုပ်ကြိုးစားလုပ်ပြီး မြခင်က သူများလို သုံးဖြုန်းပစ်တာမဟုတ်ပါဘူး။ ဦးလေးနှယ် ပူတတ်ရန် ကော။ ”“ပူတတ်တာ မဟုတ်ဘူး။ငါနင့်အတွက်နည်းနည်းမှစိတ်မကောင်းဘူး။နင် ဒီလိုဘဝရောက်ရတာ ငါ့ကြောင့်။”“ဦးလေးရဲ့ကျေးဇူးလို့ ပြောပါ။”“အေး နင် အခုတော့ ပြောဦးပေါ့လေ။”“ဦးလေးနားမလည်ရင်တော့ မတတ်နိုင်ဘူးလေ။

ဦးလေး‘မတင်ကြည်ကိုယူပါ”လို့မြခင်ကပြောတော့လည်းမယူဘူး။မြခင်ကိုယူချင်ယူ။ဦးလေးကိုတော့မြခင်ချစ်တယ်။မလိမ်ဘူး။ ဒါပေမယ့် မြခင် အချိန် အ
ရွယ်ရှိတုန်းတော့ အလုပ်လုပ်ရမှာပဲ။ ဦးလေးမှာ အ နှောင့်အယှက် မဖြစ်ရအောင်တော့မြခင် တတ်နိုင်သမျှ ကြည့်လုပ်ရမှာပေါ့။”“ငါ နင့်ကို ယူမယ်။ ငါနဲ့နေရင် နင်ဘာအလုပ်မှမလုပ်ရဘူး။ ငါပဲ လုပ်ကိုင်ကျွေးမယ်။ နင် ကောင်းကောင်းနေတတ်ဖို့ပဲ အရေးကြီးတယ်။ နေလို့ဖြစ်အောင် ငါ နွားလိုရုန်းပြီး ရှာရရှာရ၊ ငါပဲ ရှာကျွေးမယ်။”

မြခင်ကခပ်အေးအေးရယ်လိုက်သည်။“ဦးလေးမြခင်ကိုယူမှာဖြင့်ဒါတွေပြောမနေနှင့်။ဦးလေးနွားလိုရုန်းကျွေးတဲ့ထမင်းလည်း မြခင် မစားနိုင်ပါဘူး။ဒီခေတ်ထဲမှာ ဦးလေးတစ်ယောက်လုပ်စာနှင့် မြခင်တို့ ပျော်အောင်နေလို့လည်း ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ဦးလေး မတင်ကြည်ကိုလည်း အမြဲကူညီနေချင်တယ်ဆို။”

မတင်ကြည်နှင့် လှည့်ကိုင်တော့ ထွန်းရွှေ ငိုင်သွားသည်။ သူ့မှာ စိတ်ရှိလို့သာ ပြောရသည်။ တကယ်တော့ သူပြောသလို မြခင်ကို ဘာမှမလုပ်စေဘဲ ယူ ထားရလျှင် အတော်ငြိုငြိုငြင်ငြင် နေရမည်။ မတင်ကြည်ကို မယူစေကာမူ အမြဲကူညီနေချင်သော စိတ်ကတော့ ရှိသည်။“ဒီခေတ်ထဲ လင်ရောမယားရော ဝင် ငွေမရှိတဲ့အိမ်ထောင်တွေ ဘယ်လောက် ကျပ်ကြလဲ။ ဦးလေးမတင်ကြည်ကိုယူလိုက်လည်းမတင်ကြည်အ လုပ်ဆက်လုပ်နေရဦးမှာပဲမဟုတ်လား။မြခင်ကိုယူလည်း”“တော်စမ်းပါဟာ”

မြခင်ကဟက်ဟက်ပက်ပက်ကလေးရယ်နေသည်။မြခင်အတော့်ကိုလည်နေပြီဖြစ်၏။ထွန်းရွှေထက်ပင်ပို၍လည်နေပြီဖြစ်၏။ မြခင်အား တရားချသော ထွန်းရွှေကို မြခင်ကပြန်၍ တရားချလိုက်သည်။မြခင်ပြောသောစကားများကိုသူ သဘောမကျလှသော်လည်း သူ ဘာမှမပြောဘဲ တမေ့တမော စဉ်းစား၍နေလိုက်သည်။ အတော်ကြာမှ သူ့အတွေးနှင့်သူ သူ့ တစ် ကိုယ်တည်း ပြောသလိုနှင့် “ငါ နင့်ကိုယူလည်း မတင်ကြည်ကိုတော့ကူညီနေရမှာပဲ မြခင်။”ဟု ဆိုလိုက်သည်။ပြီးတော့ သက်ပြင်းတစ်ချက် ချလိုက်သည်။ ပြီးတော့မြခင် ငှားပေးသော အိမ်ကလေးသို့ရွှေ့ကာ မြခင်နှင့်အတူနေလိုက်သည်။ မြခင် ဝယ်ပေးသောရမ်အရက်ကိုသောက်၍မြခင်ဝယ်ပေးသောစီးကရက်ကိုဖွာလိုက်သည်။ထွန်းရွှေသည်လောကကိုကြောက်တတ်သူ မဟုတ်ချေ။

ကျွန်တော်လည်းမြခင်ဝယ်ပေးသောရမ်အရက်ကိုသောက်၍မြခင်ဝယ်ကျွေးသောထမင်းတစ်နပ်ကိုစားကာ၊မြခင်ဝယ်ပေးသော စီးကရက်တစ်လိပ်ကိုဖွာရင်း ထွန်းရွှေ၏အိမ်မှ တည်းအိမ်သို့ လမ်းလျှောက်၍ ပြန်ခဲ့ပါသည်။

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ချစ်ရသူရဲ့သွေးရှန်ဂရီလာတစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲအဆိပ်“အရှင်ထွက်”တစ်ကျွန်းစံ၏အပြန်လမ်း