Lwin

ဆုလာဘ်
?ဆုလာဘ် ဆိုတဲ့ ဘာသာပြန်စာအုပ်လေးကို Reviewလေးပေးချင်ပါတယ်။ ဝတ္တုလေးက ရိုးရှင်းပါတယ်။ဒါမဲ့ မှတ်သားစရာ ဆင်ခြင်စရာအများကြီးကိုလည်း လေ့လာတွေ့ရှိရပါတယ်။
? ရှားပါးမျိုးရိုးဗီဇကြောင့် မျက်နှာမှာမွေးရာပါ ချို့ယွင်းချက်ပါလာတဲ့ ကောင်လေးအောဂတ်စ်၊သူ့မျက်နှာကို မြင်ကြတဲ့လူတိုင်း ကြောက်လန့်တကြားဖြစ်တက်ကြတာဟာ သူ့အတွက်တော့ ရိုးအီနေပါပြီ။ဘာလို့ဆိုသူ့မျက်နှာက ချို့ယွင်းပါတယ်ဆိုတဲ့လူတွေထက်ပိုပြီးထူးခြားနေလို့ပါ။အက်တာတွေကြောင့် ကောင်လေးဟာ လူတွေရှိတဲ့ အပြင်လာကထဲကိုထွက်ရမှာကို အင်မတန်ကြောက်ရွံနေခဲ့တာပေါ့။ အာကာသယာဥ်ခေါင်းစွပ်ကြီးကိုဝတ်ပြီးမှ အပြင်ထွက်တက်တဲ့ကောင်လေး ခုဆိုကျောင်းတက်ရတော့မယ်။
?ကျောင်းအစစ်တစ်ခါမှ မနေခဲ့ဖူးတဲ့ ကောင်လေးအောဂတ်စ် ဆယ်နှစ်သားရောက်တဲ့ခါမှာတော့ ငါးတန်းကနေစတင်တက်ရတော့မယ်။ကျောင်းအသစ်မှာ သူအဆင်ပြေပါ့မလား?
? "သားသတ်ရုံထဲသို့ သိုးငယ်လေးကို အတင်းတိုးပို့”လိုက်သကဲ့သို့ပင် "ကျောင်း”ဆိုတဲ့ ပတ်ဝန်းကျင်အသစ်မှာ သူ့မျက်နှာချို့ယွင်းချက်နှင့်ပက်သက်ပြီးကဲ့ရဲ့ရှုံချဝိုင်းနှိမ်မှုဒဏ်တွေဟာ သူ့အတွက်တော့ အရွယ်နဲ့မလိုက်အောင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့မှာတော့ကျိန်းသေပါတယ်။
? ဒါမဲ့ အက်ကလေးအတွက် မေတ္တာစိတ်ရင်းနှင့် ချစ်ခင်ကူညီစာနာနေကြတဲ့ လူကြီးမိဘတွေ၊သူငယ်ချင်းတွေ၊ သူ့ကိုသိပ်ချစ်ရှာတဲ့သူ့အစ်မ၊သူ့ကိုသာမန်ကောင်လေးတစ်ယောက်လို့ပဲမြင်နေတဲ့ခွေးလေးဒေစီ၊သူ့ကိုသိပ်ချစ်တဲ့သူ့မိဘနှစ်ပါး တွေကတော့ သူ့ဘက်မှာရှိနေပေးခဲ့တာက သူ့အတွက်ခွန်အားတစ်ရပ်ဖြစ်ခဲ့ဟန်တူပါတယိ။
? ပြီးသူ့ကိုလူတွေရွံမုန်း ကဲ့ရဲ့ခြင်းတွေကို အရွယ်နှင့်မလိုက်အောင် ခံစားနေရရှာတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်လေး၊သူ့ရဲ့စိတ်ကူးလေးကတော့ လူအားလုံးကသူ့ကို မျက်နှာချို့ယွင်းမှုနှင့် သနားစရာကောင်လေးလို့သဘောထားတာကိုသူမလိုချင်ဘဲ သာမန်ကောင်လေးတစ်ယောက်အဖြစ်သာ မြင်စေလိုတာကိုတွေ့ရပါတယ်။
? ဒီဝတ္တုလေးကိုဖတ်ပြီး ကျွန်မအနေနဲ့
P.R.E.C.E.P.T=ကိုယ်ဟာ ဘယ်လိုလူလဲ?တဲ့ စကားလုံးလေးကရိုးပေမဲ့အဓိပ္ပါယ်ရှိပါတယိ။
အမှန်တရားနှင့်သနားကြင်နာခြင်းဆိုလျှင် ဘယ်အရာကိုရွေးမလဲတဲ?
? ကျွန်မတို့လည်းအောဂတ်စ်လို မျကိနှာတစ်ခုနှင့်မွေးရာပါ ပါခဲ့ရင်ကော?သူ့လို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား.. ?စတာတွေ တွေးမိလာပါတယိ။ ဆင်ခြင်သတိပြုစရာလေးတွေကိုလည်း ဒီစာအုပ်လေးက တော်တော်များများလေးကိုဖော်ပြပေးထားတာတွေ့ရပါတယိ။
? ပြီးတော့ကြင်နာသနားတက်ခြင်းနှင့်စာနာမှု့ဟာ လူတစ်ယောက်ရဲ့ဘဝကို အများကြီး ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ အသိလည်းရခဲ့ပါတယ် ။ ရသမျိုးစုံကိုလည်းခံစားစေရပြီး ဒီစာအုပ်ကိုဖတ်မိရင်လည်းမိတ်ဆွေတို့အတွက် အကျိုးတစ်စုံတစ်ရာတော့ ရရှိစေမှာကျိန်းသေပါတယ်။
?ဒီစာအုပ်လေးထဲမှာ ကျွန်မအကြိုက်ဆုံးဆောင်ပုဒ်လေး၂ပုဒ်လေးကို ပြောပြပေးချင်ပါတယ်။
?"လူတိုင်းဟာ...တစ်သက်မှာ တစ်ခါတော့ အားလုံးရဲ့ မတ်တပ်ရပ်၊ လက်ခုပ်တီး၊ကောင်းချီးဩဘာပေးတာကို ခံစားဖူးသင့်တယ်။ကျွန်တော်တို့ အားလုံးဟာ အခက်ခဲမှန်သမျှကို ကျော်ဖြတ်နိုင်မယ့်သူတွေပဲလေ။”
အောဂတ်စ်ပူးလ်မန်း
?"စာနာစိတ်ပါတဲ့ စကားတွေဟာ
စျေးသိပ်မကြီးပေမဲ့ သိပ်အဖိုးတန်တယ်။”
ဘလေ့ဇ်ပါစကယ်
#Lwin
Keep Reading